Monday, May 12, 2014

ယူကရိန်းအရှေ့ပိုင်း ဒေါညက်စ် ဒေသမှာ လူထုဆန္ဒခံယူပွဲကျင်းပခဲ့


ယူကရိန်း ​အရှေ့ဘက်ခြမ်း ​ဒေါညက်စ်ဒေသကို ​ယူကရိန်းကနေ ​ခွဲထွက်ပြီး ​လွတ်လပ်ရေးကြေညာ​ဖို့ အတွက် ​လူထုဆန္ဒခံယူပွဲ ​ကျင်းပပြုလုပ်ရာမှာ ​မဲပေးသူပေါင်း ​၈၉ ​ရာခိုင်နှုန်းက ​လွတ်လပ်ရေး ​ကြေညာဖို့ အတွက် ​မဲပေး ​ထောက်ခံခဲ့ကြတယ်လို့ ​ရုရှားထောက်ခံသူ ​တွေက ​ဆိုပါတယ်။

လွတ်လပ်ရေး ​ကြေညာဖို့အတွက် ​ကန့်ကွက်သူတွေက ​၁၀ ​ရာခိုင်နှုန်းလောက်သာရှိပြီး ​ဒါဟာ  ​လူထုဆန္ဒခံ ယူပွဲရဲ့ ​နောက်ဆုံး ​ရလဒ်ဖြစ်နိုင်တယ်လို့ ​ဒေါညက်စ်ဒေသက ​မိမိသဘောနဲ့ ​ဖွဲ့ထားတဲ့ ​ရွေးကောက်ပွဲ ​ကော်မရှင် ​အကြီးအကဲ ​ကပြောပါတယ်။

ဒေါညက်စ်ဒေသ ​လူထု ​ဆန္ဒခံ ​ယူပွဲ ​ပြုလုပ်ရာမှာ ​မေးထား ​တဲ့မေးခွန်းက ​ဒေါညက်စ်ဒေသကို ​လွတ်လပ်ပြီး ​ကိုယ်ပိုင် ​အုပ်ချုပ်ခွင့်ရတဲ့ ​ဒေသအဖြစ်ဖို့ ​ထောက်ခံသလားဆိုတဲ့ ​မေးခွန်းတစ်တည်းကိုသာ ​မေးထားတာဖြစ်
ပါတယ်။

အခုလို ​လူထုဆန္ဒခံယူပွဲကျင်းပနေတဲ့ ​တချိန်တည်းမှာပဲ ​ယူကရိန်း ​အရှေ့ဘက်ခြမ်းက ​ရုရှားထောက် ခံသူတွေနဲ့ ​ယူကရိန်းစစ်သားတွေကြား ​တိုက်ပွဲတွေ ​ထပ်မံ​ဖြစ်ပွားနေတယ်လို့ ​သတင်းတွေထွက်ပေါ်နေ ပါတယ်။

ABC

No comments:

Post a Comment

My Blog List