Friday, May 16, 2014

အစိုးရနှင့် အန်စီစီတီ ဆွေးနွေးပွဲ ရက်ရွှေ့



ရန်ကုန်မှာ လုပ်ဖို့ရှိတဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ)တို့ ဆွေးနွေးပွဲကို မေလ ၂၁ ရက်နဲ့ ၂၂ရက်တို့မှာ ပြောင်းလဲ ကျင်းပပြုလုပ်မယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။
တိုင်းရင်းသားညှိနှိုင်းရေးအဖွဲ့ဝင်တွေ လိုင်ဇာခရီးသွားနေတာကြောင့် ၂ ရက် နောက်ဆုတ်လိုက်တာဖြစ်ပြီး အရင် မေလ ၁၉ နဲ့ ၂၀ ရက်တို့မှာ ဆွေးနွေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီတကြိမ် ဆွေးနွေးပွဲကို အစိုးရဘက်က ဦးအောင်မင်းခေါင်းဆောင် တက်ရောက်မှာဖြစ်ပြီး တပ်မတော်ဘက်က အဆင့်မြင့်ကိုယ်စားလှယ်တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List