Friday, May 16, 2014

"တောင်ကိုရီးယား ကူးတို့သင်္ဘောကပ္ပတိန်ကို လူသတ်မှုဖြင့် စွဲချက်တင်"





သင်္ဘောကပ္ပတိန်အပြင် ရေယာဉ်၏ အခြားသော အဆင့်မြင့် အရာရှိ (၃)ဦးကိုပါ အလားတူ စွဲချက်တင်ခဲ့ကြောင်း သိရှိရ သည်။ ဧပြီလ (၁၄)ရက်နေ့က Sewolသင်္ဘော နစ်မြုပ်မှုတွင် ကျောင်းသူကျောင်းသား အများစု အပါအဝင် လူပေါင်း (၃၀၀)ကျော် သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် သင်္ဘောကပ္ပတိန်နှင့် အရာရှိများ၏ ပေါ့လျော့မှု၊ တာဝန်မကျေမှုများအပေါ် တောင်ကိုရီးယား တစ်နိုင်ငံလုံးက ပြင်းပြင်းထန်ထန် ဒေါသထွက်နေကြသည်။

တောင်ကိုရီးယား နိုင်ငံတွင် နစ်မြုပ်ခဲ့သော ကူးတို့ယာဉ်၏ ရေယာဉ်မှူးကို လူသတ်မှုဖြင့် စတင်၍ စွဲချက်တင်လိုက်ပြီ ဖြစ်သည်။ သင်္ဘောကပ္ပတိန်အပြင် ရေယာဉ်၏ အခြားသော အဆင့်မြင့် အရာရှိ (၃)ဦးကိုပါ အလားတူ စွဲချက်တင်ခဲ့ကြောင်း သိရှိရသည်။ ဧပြီလ (၁၄)ရက်နေ့က Sewolသင်္ဘော နစ်မြုပ်မှုတွင် ကျောင်းသူကျောင်းသား အများစု အပါအဝင် လူပေါင်း (၃၀၀)ကျော် သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် သင်္ဘောကပ္ပတိန်နှင့် အရာရှိများ၏ ပေါ့လျော့မှု၊ တာဝန်မကျေမှုများအပေါ် တောင်ကိုရီးယား တစ်နိုင်ငံလုံးက ပြင်းပြင်းထန်ထန် ဒေါသထွက်နေကြသည်။ ကြာသပတေးနေ့တွင်မူ သင်္ဘောကပ္ပတိန် လီဂျွန်ဆက်ခ်အပြင် အင်ဂျင်နီယာချုပ်၊ ပထမအရာရှိနှင့် ဒုတိယအရာရှိတို့အား လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

(၆၈၂၅)တန်ဆံ့ သင်္ဘောကြီးသည် သတ်မှတ်ပမာဏထက် ပိုလွန်ပြီး အလွန်များပြားသည့် ကုန်စည်များ သယ်ဆောင်ခုတ်မောင်းရင်း နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးမှုများအရ ယခုအရာရှိ (၄)ဦးတို့သည် သင်္ဘောကိုယ်ထည်
ထဲတွင် ရာနှင့်ချီ ပိတ်မိကျန်နေသည့် ခရီးသည်များကိုကယ်ဆယ်ရွှေ့ပြောင်းပေးရန် မကြိုးစားဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။ 

လူပေါင်း (၄၇၆)ဦး လိုက်ပါခဲ့သော သင်္ဘောပေါ်တွင် (၂၈၁)ဦး သေဆုံးကြောင်း အတည်ပြုနိုင်သော်လည်း (၂၃)ဦးသည် အလောင်းရှာမရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ သေဆုံးသူ အများစုသည် ကျောင်း၏ အစီအစဉ်နှင့် ခရီးထွက်လာ သည့် ဆယ်ကျော်သက် ကျောင်းသူကျောင်းသားလေးများ ဖြစ်ကြသည်။

အကယ်၍ လီနှင့် အခြားအရာရှိ (၃)ဦးတွင် စွဲချက်အတွက်ပြစ်မှုထင်ရှားကြောင်းဖော်ထုတ်တွေ့ရှိပါက ထောင်ဒဏ် တစ်သက်ထိ ပြစ်ဒဏ်ကျခံရဖွယ် ရှိနေကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ 

သင်္ဘောကို ကွပ်ကဲသည့် Chonghaejin Marine ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူ ယူဗြောင်အွန်းကိုလည်း သောကြာနေ့တွင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ ၎င်းသည် တောင်ကိုရီးယား ပြည်သူများ၏ အမျက်ဒေါသကြောင့် သားသမီး(၄)ဦးနှင့် အတူ ပုန်းရှောင်နေရသည်။ ယူ၏ သားသမီးအနက် (၂)ဦးသည် မက္ကစီကိုသို့ တိမ်းရှောင်လွတ်မြောက်သွားကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

အသက်(၄၄)နှစ်ရှိ အကြီးဆုံးသား ယူဒေဂျန်မှာမူ တရားရုံး ဆင့်ခေါ်စာများကို နှစ်ကြိမ်တိုင် အကြောင်းမပြန်သည့်နောက် ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးရန် လိုက်လံရှာဖွေလျှက် ရှိသည်။ ချိုဆန်အီဘိုလ် သတင်းစာက ယူမိသားစုသည် တောင်ကိုရီးယားကို စွန့်ခွာထွက်ပြေးရန် အစွမ်းကုန် ကြိုးစားနေကြောင်း စွပ်စွဲဖော်ပြခဲ့သည်။ “ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ ရာဇဝတ်သား တစ်ယောက်နဲ့ စကားပြောမှာ မဟုတ်ပါဘူး။ ဘာသာရေး ခေါင်းဆောင် တစ်ယောက်ရဲ့သား၊ လူတကာ အသိအမှတ်ပြုရတဲ့ အနုပညာသမားတစ်ယောက်၊ စီးပွားရေး လုပ်ငန်းကြီး တော်တော်များများရဲ့ အဓိက ရှယ်ယာရှင်အဖြစ်ပဲ သူနဲ့စကားပြောမှာပါ”ဟု အစိုးရ ရှေ့နေတစ်ဦးက ဆိုသည်။ ဆင့်ခေါ်စာ ထုတ်ထားခြင်းမှာ မေးမြန်းစုံစမ်းရန် သက်သက်ဖြစ်သော်လည်း ၎င်းက တိမ်းရှောင်သွားခြင်းဟုလည်း အဆိုပါ ရှေ့နေက ပြောကြားသွား ခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List