Monday, May 12, 2014

ရွေးကောက်ပွဲ နည်းဥပဒေများဆွေးနွေးရန် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံမည်

ကြားဖြတ်ရွေးကောက် ပွဲအတွက် ရွေးကောက်ပွဲ နည်းဥပဒေ ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးရန် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ မေလဒုတိယပတ်အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

မေ ၁၅ ရက်တွင် ရန်ကုန်မြို့ ရှိ Sky Star ဟိုတယ်၌ ရွေးကောက်ပွဲ ကော်မရှင်နှင့် မှတ်ပုံတင်ထားသည့် နိုင်ငံ ရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်ရုံး၊ ရွေးကောက်ပွဲဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ''နိုင်ငံရေးပါတီတွေ အားလုံးနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြ မယ်။ ဒီကနေ တစ်ဆင့် ပြင်ဆင်ဆောင်ရွက်စရာတွေ ဆောင်ရွက်ပြီး ရွေးကောက်ပွဲလုပ်ငန်း စဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ''ဟု ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယခုနှစ်ပွင့်လင်း ရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲတစ် ခု ကျင်းပပေးမည်ဟု မတ်လတွင်ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားထားသည်။ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်နေသည့် မဲဆန္ဒနယ် ၃၁ နေရာရှိကာ ကျင်းပမည့်အချိန်ကို သုံးလ ကြိုတင် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးသောင်းလှိုင်က ''ခုလိုတွေ့ ဆုံပွဲကနေ ရွေးကောက်ပွဲတွေမှာရှိတဲ့ လို အပ်ချက်တွေကို ပြင်ဆင်လာနိုင် သလို၊ အရင်ထဲက ကော်မရှင်အနေနဲ့ ပြန်လည် သုံးသပ်ထားတာတွေလဲ ရှိပါတယ်။ လက် ရှိအခြေအနေ အချိန်အခါအရကလဲ ရွေး ကောက်ပွဲမှာ အဆင်ပြေပြေ တရားမျှတ မှုရှိရှိ ကျင်းပနိုင်အောင် ဆောင်ရွက်နေ တာရှိပါတယ်''ဟု ဆိုသည်။ 

ကော်မရှင်အနေဖြင့် မဟာဗျူ ဟာစီမံကိန်း မူကြမ်းရေးဆွဲခြင်းကို ၂ဝ၁၃ ခုနှစ် ဇူလိုင်မှ စတင်ကာဆောင် ရွက်ခဲ့ပြီး အဖွဲ့အစည်းပေါင်းစုံမှ ကိုယ်စားလှယ်များ ကိုဖိတ်ခေါ်ကာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး အဖွဲ့အစည်းပေါင်းစုံ၏ အ ကြံဥာဏ်များ ရယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Flower News Journal

No comments:

Post a Comment

My Blog List