Thursday, May 15, 2014

သြစီတချို့ကို စောင့်ကြည့် ပေးဖို့ သြစီအစိုးရက ကန်ကိုတောင်းဆို ခဲ့လို့ဆို



သြစတြေးလျနိုင်ငံ အစိုးရကနေ သြစတြေးလျ ပြည်သူတချို့အပေါ် စောင့်ကြည့်မှုတွေ လုပ်ပေးဖို့ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ကို အကူအညီတောင်းခံခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အမေရိကန် ထောက်လှမ်းရေး အမှုထမ်းဟောင်း အက်ဒွက် စနိုဒန် ရဲ့ ဖော်ထုတ်မှုအရ သိရတာဖြစ်ပြီး အစွန်းရောက် လှုပ်ရှား မှုတွေမှာပါဝင်တဲ့ သြစတြေးလျ နိုင်ငံသား တွေအပေါ် စောင့်ကြည့်မှုတွေ လုပ်ပေးဖို့ သြစတြေးလျ အစိုးရက အမေရိကန် ရဲ့ NSA အဖွဲ့ကို အကူအညီ တောင်းထားတဲ့ စာရွက်စာတမ်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Al Qaeda in the Arabian Peninsula အဖွဲ့နဲ့ ဆက်စပ်မှု ရှိနိုင်တဲ့ သြစတြေးလျနိုင်ငံသားတွေအပေါ် စောင့်ကြည့်ခိုင်းတာဖြစ်ပါတယ်။

အက်ဒွက် စနိုဒန်ကနေ အမေရိကန် ထောက်လှမ်း ရေးတွေရဲ့ လျှို့ဝှက် ချက်တွေကို ဖော်ထုတ် နေတဲ့အတွက် အမေရိကန် အစိုးရ အတွက် မျက်နှာ ပူစရာတွေ ဖြစ်နေပြီး သူ့ရဲ့ လုပ်ရပ်တွေဟာ အကြမ်း ဖက်သ မားတွေကို သတင်းပေး ရာရောက်ပြီး လူတွေကို အန္တရာယ် တွင်းထဲ ပို့ဆောင် နေတာလို့ တုန့်ပြန်ထားပါတယ်။

အက်ဒွက် စနိုဒန်ကို ထောက်ခံသူတွေကတော့ အကြမ်းဖက်သမားတွေအနေနဲ့ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ စွမ်းဆောင်နိုင်မှုကို သိထားတဲ့အတွက် သတင်းပေးရာမရောက်ပဲ အက်ဒွက်စနိုဒန်ရဲ့ လုပ်ဆောင်ပေးမှုကြောင့် အမေရိကန်နဲ့ သြစတြေးလျ အစိုးရတို့ကသာ မိမိပြည်သူတွေနဲ့ တခြားနိုင်ငံ အစိုးရတွေအပေါ် လျှို့ဝှက်ထောက်လှမ်းရေးတွေ လုပ်နေတယ်ဆိုတဲ့ အမှန်တရားသိခဲ့ရတာလို့ ဆိုပါတယ်။

ABC

No comments:

Post a Comment

My Blog List