ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း နဲ့ အောင်ဇေယျလမ်းထောင့်က သမဝါယမ ဌာနပိုင်မြေပေါ်မှာ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းဆောက်လုပ်နေတာကို ကန့်ကွက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင်က ဒီကနေ့ အဲ့ဒီနေရာမှာ တစ်ကိုယ်တော် ဆန္ဒပြ ကန့်ကွက်ခဲ့ပါတယ်။
သူ အခုလို ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က
"ရွှေမိုးကောင်ကွန်ဒိုမီယံ ဆောက်လုပ်တဲ့မြေဟာ သမဝါယမမြေပါ၊သမ ဝါယမအသင်းစုအဖြစ် ကျနော်နှစ်ပေါင်းများစွာ လမ်းစဉ်ပါတီခောတ်ကတည်းကနေပြီး တပ်မတော်အစိုးရ တလျှောက်လုံး ရပ်တည်ခဲ့တဲ့ သမဝါယမပိုင် အသင်းစုမြေပါ၊ကြံခင်းမြို့နယ် သမဝါယမအသင်းစုတွေ ကျနော်သိပါတယ် ကျနော့်မဲဆန္ဒနယ်မြေပါ၊ဒီသမဝါသမပိုင်မြေ ရရှိရေးအတွက် ကျနော်ဆောင် ရွက်နေကြောင်း အခတ် အခဲတွေရှိရင် ကျနော့်ကို ဆက်သွယ်ဖို့ အကြောင်းတွေ ကျနော်ပြောပြီးသားပါ၊ဒါပေမဲ့ အခုကွန်ဒို မီယံဖြစ်သွားတဲ့အခါ သမဝါယမအမှုဆောင်ကြီးတွေ တစ်ယောက်မှ မရှိတော့ပါဘူး၊သမဝါယမ ဆိုင်တွေ မဟုတ်ပါဘူး လူတွေပါ မရှိတော့တာပါ ဒါပြောမယ်ဆိုလို့ရှိ ရင်ပေါ့နော် နောက်ကွယ်မှာပြောလို့ရှိရင် ဒါဟာအဂတိလိုက်စာမှုတွေ ၊လာဘ်ပေးလာဘ်ယူမှုတွေ ပါဝင်ပတ်သက်နေမယ်လို့ ကျနော် ယူဆလို့ ရတယ် "
အဆင့်မြင့်ကွန်ဒိုတိုက်ခန်းဆောက်လုပ်နေတဲ့ နေရာဟာ အရင်အစိုးရ အဆက်ဆက်ကတည်းက သမဝါယမအသင်းပိုင်မြေနေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း တောင်ဥက္ကလာပမြို့နယ် ဝေယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်မှာ ကွန်ဒိုတိုက်ခန်းဆောက်လုပ်မယ့်အစီအစဉ်ကို ဦးဖုန်းမြင့်အောင်က တစ်ကိုယ်တော်ကန့်ကွက် ဆန္ဒပြခဲ့ဖူးပါတယ်။ အဲဒီနေရာဟာ ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးစိုက် ရာနေရာဖြစ်ခဲ့ပြီး ရုံးမစိုက် ခင်က အစိုးရပိုင်မြေနေရာဖြစ်တယ်လို့သိရပါတယ်။
ဦးဖုန်းမြင့်အောင်ဟာ ရန်ကင်း နဲ့ တောင်ဥက္ကလာပ အပါအဝင် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။
RFA Burmese
No comments:
Post a Comment