Monday, May 12, 2014

ဗီဒီယိုဈေးကွက် အခြေအနေကလည်း ပျက်လုနီးပါးဖြစ်နေပါပြီလို့ ဆိုတဲ့ မိုးယံဇွန်


ဒါရိုက်တာအောင်ကိုလတ် ရိုက်ကူးနေသော နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်နေတဲ့ မိုးယံဇွန်ကို ပါဝင်ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ ‘ကျွန်တော် ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်ခဲ့တာက ဇာတ်လမ်းသဘောအရ ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာလည်း ဖြစ်တယ်။

ပြီးတော့ ကိုယ်လေးစားရတဲ့ ဒါရိုက်တာကလည်း ကမ်းလှမ်းလာတာနဲ့ ရိုက်ဖြစ်တာပါ။ ဇာတ်လမ်းတွဲ ရိုက်တာဆို အခုဇာတ်လမ်းတွဲက ဒုတိယ ဇာတ်လမ်းတွဲပေါ့။ ဒီဇာတ်လမ်းတွဲက နှစ်လ၊ သုံးလလောက်တော့ ကြာမယ်။ 

ဒီကြားရက်တွေထဲမှာလည်း ဗီဒီယိုကားတွေ ရိုက်တယ်။ ဒါပေမဲ့ ဇာတ်လမ်းတွဲရိုက်ရတော့ ဗီဒီယိုဇာတ်ကား ရိုက်ကူးမှု ပိုင်းမှာတော့ အချိန်နည်း သွားတာတော့ အမှန်ပါ။ ဗီဒီယိုဈေးကွက် အခြေအနေကလည်း ပျက်လုနီးပါးဖြစ်နေတော့ ရုပ်သံအတွက်ဆိုပြီး ဇာတ်လမ်းတွဲတွေ ရိုက်လာတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဇာတ်လမ်းတွဲကို  သူများနိုင်ငံတွေဆီက ဇာတ်လမ်းတွဲတွေနဲ့တော့ မနှိုင်းယှဉ်သင့်ပါဘူး။ 

သူများ နိုင်ငံတွေမှာက အစစအရာရာမှာ ပံ့ပိုးမှုအား အရမ်းကောင်းကြတယ်။ ကျွန်တော်တို့နိုင်ငံမှာက ငွေကြေးအရရော၊ နည်းပညာပိုင်းအရရော အဘက်ဘက်မှာ နိမ့်ကျနေပါတယ်။ နောက်ပြီးတော့ ကျွန်တော် တို့ နိုင်ငံမှာက ရုပ်ရှင်ကားကြီးရိုက်မှ ရုပ်ရှင်မင်းသားလို့ ခေါ်ခံရတာပါ။ ဒါကြောင့် ကျွန်တော်ရိုက်ချင်တဲ့ ရုပ်ရှင်ကို ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးရိုက်ချင်တဲ့ အတွက်အချိန်နည်းနည်း တော့ယူရဦးမှာပါ’လို့ သူက ဆိုပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List