Thursday, May 15, 2014

ကောလာဟလတွေ ကြားရတာကို အရမ်းစိတ်ကုန်တယ်လို့ဆိုတဲ့ စံရတီမိုးမြင့်



ချစ်စရာကောင်းတဲ့ ဟန်ပန်အမှုအရာလေးတွေနဲ့ တီဗီကြော်ငြာတွေမှာ မြင်တွေ့လာရတဲ့ အချိန်ကစပြီး နောက်ပိုင်း ဗီဒီယို ဇာတ်ကားတော်တော်များများမှာပါ တွေ့လာရတဲ့ စံရတီမိုးမြင့်ဟာ အောင်မြင်မှုခြေလှမ်းတွေကို ပိုင်ဆိုင်နိုင်ဖို့ တစ်ဖြေးဖြေးချင်းလျှောက်လှမ်းကြိုးစားနေတဲ့ သူလေး ဖြစ်တာကြောင့် သူမနဲ့တွေ့ဆုံခိုက် မေးမြန်းကြည့်ဖြစ်တဲ့အခါ လတ်တလောမှာတော့ အချစ်ဖန်စီ ကားလေးရိုက်နေပါတယ်။ 
အချစ်ဖန်စီကားတွေပဲ အရိုက်များတာက ကိုယ်တိုင်က အချစ်ကားတွေပဲ အားသန်လို့တော့ မဟုတ်ပါဘူး။ ဇာတ်လမ်း အနေအထားအရ ပရိသတ်တွေအတွက် အထူးအဆန်း ဖြစ်စေမဲ့ ဇာတ်ရုပ်မျိုးဖြစ်ရမယ်။ နောက်ပြီး ပရိသတ်ကြည့် လိုက်တာနဲ့ ပျော်သွားစေမဲ့ ပုံစံမျိုးတွေ ရိုက်ချင်လို့ပါ။ ဒရာမာကားတွေလည်း ရိုက်ဖြစ်ပါတယ်။ အားလုံးကို မျှအောင် လို့တော့ ရိုက်ပါတယ်။ ပရိသတ်တွေရဲ့ အကောင်း၊အဆိုး ဝေဖန်မှုအပေါ်မှာလည်း အမြဲတမ်း နားထောင်ဖြစ်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ဆင် ဖြစ်ပါတယ်။ 

ညီမတို့ကျတော့ ကိုယ့်ကိုကိုယ်ကြည့်ရင် အဆင်ပြေတယ်လို့ ထင်မိမှာပါပဲ။ လိုအပ်ချက် ဆိုတာ သူများကြည့်မှ မြင်တာမျိုး ရှိတယ်လေ။ သူတို့ပြောမှ ကိုယ့်အတွက် ပိုပြီး သတိထားမိစေတယ်။ အများကြီး ကြိုးစားဖြစ်တယ်။ ညီမကိုယ်တိုင်ကလည်း ဖြစ်ချင်တဲ့နေရာထိ ရောက်ဖို့ဆိုတာ ရှေ့ကိုအများ ကြီး သွားရဦးမယ်။ တစ်ခါတစ်လေ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ကြားရတာကို အရမ်း စိတ်ကုန်မိတယ်။ ဒါပေမဲ့ ဒီအလုပ်ကို ကိုယ်တိုင်ဝါသနာ
ပါတယ်။ ပြီးတော့ မိဘတွေကလည်း ဖြစ်စေချင်ကြတယ်။ 

အားပေးကြတဲ့ ပရိသတ်တွေကလည်း ရှိနေတော့ စိတ်ကုန်လည်း ခဏပါပဲ။ ရုပ်ရှင်ကားကြီး ရိုက်ဖို့ ပြောထားတာ၂ကားရှိပါတယ်။ လောလောဆယ် ရိုက်ဖို့လိုသေးတော့ သေချာ မသိရသေးပါဘူး’လို့ သူမက ဖွင့်ဟသွားပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List