Monday, November 17, 2014

အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်မှတ်တမ်း


၂ဝ၁၄ ၊ နိုင်ဝင်ဘာ ၁၂
*************************
- မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေ သော အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက် ရန်အမေရိကန်သမ္မတဘားရက်အိုဘားမားသည် မြန်မာ နိုင်ငံသို့ ၄င်း၏ကိုယ်ပိုင်လေကြောင်းလိုင်း Air Force One ဖြင့်နိုဝင်ဘာ ၁၂ရက် မြန်မာစံတော်ချိန်ည ၇ နာရီ ၄၅မိနစ်တွင် နေပြည်တော်အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ရောက်ရှိ။

- ယင်းနေ့ ည ၈နာရီခွဲတွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနရှိ ကျောက်စိမ်းခန်းမ၌ ဂုဏ်ပြုညစာ စားပွဲသို့တက်ရောက်ခဲ့။

၂ဝ၁၄ ၊ နိုဝင်ဘာ ၁၃
************************
- နံနက် ၉နာရီမိနစ်၂ဝတွင်မြန်မာအပြည် ပြည်ဆိုင် ရာကွန်ဗင်းရှင်းစင်တာ(၁)ရှိ ပတ္တမြားခန်းမဆောင်၌ပြု လုပ်သော အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက် ရောက်။

- အစည်းအဝေးတွင် အရှေ့အာရှထိပ်သီးအစည်း အဝေး ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာစေရေး၊ အာဆီယံ ၏အချက်အချာကျမှု ထိန်းသိမ်းရေး၊ ဒေသတွင်းတည် ငြိမ်ရေးနှင့်လုံခြုံရေးအတွက် သမရိုးကျနှင့် သမရိုးကျ မဟုတ်သောလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို စုပေါင်း ကိုင်တွယ်ဖြေရှင်းသွား ရန် အာရှ-ပစိဖိတ်ဒေသ အတွင်း စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေး နှင့် ဒေသဆိုင်ရာပေါင်း စည်းမှုခိုင်မာစေရန် ပြည်သူအချင်းချင်း ထိ တွေ့ ဆက်ဆံမှုမြှင့်တင် ရေးတို့ကို အလေးထား ဆွေးနွေးခဲ့။

- မွန်းလွဲ ၁၂နာရီမိနစ် ၄ဝတွင် ဒုတိယအကြိမ် မြောက် အာဆီယံ-အမေ ရိကန်ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ခဲ့။

- ယင်းအစည်းအဝေးတွင် အာဆီယံ -အမေရိကန် မိတ်ဖက် အစီအစဉ်အကောင်အထည်ဖော်ရေးလုပ်ငန်း စဉ် (၂ဝ၁၁-၂ဝ၁၅) အကောင်အထည်ဖော်ခြင်း တိုးတက် မှုအခြေအနေများ၊ အာဆီယံနှင့် အမေရိကန်တို့ အနေ နှင့် နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေများ၊ လူမှု-စီးပွား ဖွံ့ဖြိုးရေးနှင့် ပြည်သူများအချင်းချင်းအကြား ပိုမိုနီးစပ် စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့။ 

- ထို့အပြင် အာဆီယံနှင့်အမေရိကန် နိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များပေါ် အ မြင်ချင်းဖလှယ်ခဲ့ကြရာ တောင်တရုတ်ပင်လယ်ပြင် ငြိမ်း ချမ်းရေးအပါအဝင်၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ် မှုမြှင့် တင်ရေးတွင် ပူးတွဲဆောင်ရွက်ရန်၊ အရှေ့တောင်အာရှ အဏုမြူကင်းမဲ့စာချုပ် နောက်ဆက်တွဲပရို တိုကောတွင် အဏုမြူလက်နက်ပိုင်ဆိုင်သောနိုင်ငံများပါဝင်လက် မှတ်ရေးထိုးနိုင်ရေး၊ သမားရိုးကျမဟုတ် သည့် လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများဖြစ်သည့် အစွန်းရောက်ပြည်ပ အကြမ်းဖက်တိုက်ခိုက်သူများအန္တရာယ် တွန်းလှန်ရေး၊ ရာသီဥတုဆိုင်ရာ၊ အီဘိုလာကဲ့သို့သော ကူးစက်ရောဂါ များ တားဆီးကာကွယ်နိုင်ရေးကိစ္စ ရပ်များ၊ သဘာဝဘေး စီမံခန့်ခွဲရေး၊ သတင်းအချက်အလက်လုံခြုံရေး၊ သားရိုင်း တိရစ္ဆာန်များ တရားမဝင် ကုန်သွယ်ရောင်းချမှုတား ဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါး၊ လူနှင့်လက်နက် မှောင်ခိုမှု နှိမ်နင်းမှုတို့တွင် ပိုမို ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့။

- ညနေ ၃နာရီ ၄၅မိနစ်တွင် သမ္မတဘားရက် အိုဘား မားသည် နေပြည်တော်နန်းဝတီဟိုတယ်၌ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်၊ ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အပါအ ဝင်ဦးလှမြင့်ဦး၊ ဦးတင်မောင်ဦး၊ ဦးဝင်းထိန်၊ ဦးရဲထွန်း၊ ဒေါ်ဖြူဖြူသင်း၊ ဦးခင်မောင်ရီ၊ ဦးညွန့်တင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရှုမောင်၊ ဦးဇုန်လှယ်ထန်းတို့နှင့် တွေ့ ဆုံဆွေးနွေး။ 

- ည ၈နာရီ ၄၅မိနစ်တွင်နိုင်ငံတော် သမ္မတဦးသိန်း စိန်နှင့် အမေရိကန်သမ္မတအိုဘားမားတို့သည် နိုင်ငံ တော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ ဆုံဆွေးနွေး။ 

- မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်အောင် မြင်မှုများ၊ စိန်ခေါ်မှုများ၊ ၂ဝ၁၅ခုနှစ်ရွေး ကောက်ပွဲကိုသတ်မှတ်ချိန်၌ လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပနိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အာရှဒေသအတွင်း ဓာတု လက်နက် အပါအဝင် ဖျက်အားပြင်းလက်နက်များ ကင်း စင်ရေး၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင် ရွက်ရေး၊ စီးပွား ရေးပြုပြင်ပြောင်းလဲမှု၊ အရွယ်မရောက်သေးသောက လေးသူငယ်များအား စစ်သားအဖြစ် စုဆောင်းနေမှုကို တားဆီးရေးအတွက် မြန်မာနိုင်ငံကအကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ။

၂ဝ၁၄ ၊ နိုဝင်ဘာ ၁၄
*************************
- မနက် ၉နာရီ ၄ဝတွင် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Air Force One လေယာဉ်ဖြင့် ရန် ကုန်မြို့သို့ ထွက်ခွာလာကာ နံနက် ၁ဝနာရီ ၄၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ။

- ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဝန် ကြီးများရုံးသို့သွားရောက်ခဲ့ပြီး အဆိုပါဝန်ကြီးများရုံးသို့ မြန်မာစံတော်ချိန် ၁၁နာရီ ၁၅တွင် ရောက်ရှိ။

- ဝန်ကြီးများရုံးအဆောက် အအုံတွင်ဘားရက်အိုဘား မားနှင့် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌဒေါက်တာသန့်မြင့်ဦးနှင့်တွေ့ဆုံ။ 

- ဝန်ကြီးများရုံးအဆောက်အအုံဝင်ပေါက်တွင် တွေ့ ဆုံခဲ့ပြီးနောက် ၁၉၈၄ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ကို ဦးဆုံးထုတ်ပြန်ကြေညာခဲ့ရာ အလယ်ကွက်လပ်ရှိ အထိမ်းအမှတ်အလံတိုင်သို့သွားရောက်ခဲ့သည်။ အဆိုပါ နေရာတွင် ၁၉၄၇ခုနှစ်က နိုင်ငံ့ခေါင်းဆောင်များ လုပ် ကြံခံခဲ့ရသည့် အထိမ်းအမှတ် ကမ္ဗည်း ကျောက်တိုင်နှင့် မြန်မာ့ ပထမဆုံး တိုင်းပြုပြည်ပြုလွတ်တော်ကျင်းပခဲ့ရာ နေရာဖြစ်။

- ဝန်ကြီးများရုံးတွင် ၁၅မိနစ်ခန့်လေ့လာကြည့်ရှုခဲ့။

- တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ နံနက် ၁၁နာရီခွဲတိတိတွင်ရောက်ရှိ။ 

- ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တစ်နာရီကြာ တွေ့ဆုံ။ 

- တက်ရောက်လာသော ပြည်တွင်းပြည်ပမီဒီယာများအား နာရီဝက်ခန့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်။

- မြန်မာနိုင်ငံ၏စီးပွားရေး၊ လူနည်းစုအခွင့်အရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပြည့်ဝစွာရရှိရေးတို့အ တွက် အမေရိကန်နိုင်ငံက ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ''ဒီနေ့ဒေါ်စုနဲ့ မြန်မာ့ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေး နွေးခဲ့ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအတွက် အမေရိကန်အနေနဲ့ ဘယ်လိုကူညီရမလဲဆိုတဲ့ကိစ္စရပ်ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ စီးပွားရေးနဲ့ လူနည်းစု အခွင့်အရေးနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပြည့်ဝဖို့ အမေရိကန်အနေ နဲ့ပူးပေါင်းဆောင်ရွက်သွားပါ မယ်''ဟုပြောကြား။

- ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှ မွန်း လွဲတစ်နာရီဝန်းကျင်တွင်ပြန်လည်ထွက်ခွာ။

- ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံးတွင် ညနေ ၃နာရီ ၁၅မိနစ်မှစတင်ကာ အရပ်ဘက် လူ့အဖွဲ့အစည်း ၁၅ဖွဲ့နှင့် မိနစ်ပိုင်းခန့်တွေ့ဆုံ။

- ညနေ ၃နာရီ ၄၅မိနစ်တွင် လူငယ်ခေါင်းဆောင်များ နှင့် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌တွေ့ဆုံကာ မိန့် ခွန်းပြောကြား။

- မြန်မာနိုင်ငံတွင် သတင်းထောက်များ ဖမ်းဆီးချုပ် နှောင်ခံရခြင်း၊ လူနည်းစုများအပေါ် တန်ဖိုးထားရမည် ဖြစ်ကြောင်း၊ လွတ်လပ်ခွင့်ဆိုသည်မှာ ဒီအတိုင်းမရသည့် အတွက် တိုက်ခိုက်ယူရမည်ဖြစ်ကြောင်း၊ မိန့်ခွန်းထဲတွင် 'ငုတ်မိသဲတိုင်တက်နိုင်ဖျားရောက်'ဟူသော မြန်မာစကား ပုံကို မြန်မာအသံထွက်ဖြင့်ထည့် သွင်းပြောကြား။

- လူ့အခွင့်အရေးနှင့် ပညာရေး၊ လူငယ်ရေးရာဆိုင်ရာ များကို ၁ဝ မိနစ်ကျော်ခန့်မိန့်ခွန်းပြောကြားခဲ့ပြီး လူငယ် များနှင့်အမေးအဖြေစတင်ပြုလုပ်။

- လူငယ်များနှင့်အမေးအဖြေကို မိနစ် ၅ဝ ကျော်ခန့် ပြုလုပ်ခဲ့ပြီး အိုဘာမားအနေဖြင့် မြန်မာနိုင်ငံသမ္မတဖြစ် ပါက မည်သည့်ကဏ္ဍကို ပထမဦးစွာပြုပြင်ပြောင်းလဲ မည်နည်းဆိုသည့် လူငယ်တစ်ဦး၏မေးမြန်းမှုကို အို ဘားမားက ''အရေးကြီးဆုံးက ဒီမိုကရေစီအသွင်ကူး ပြောင်းရေကိစ္စပါ''ဟု ပြန်လည်ဖြေကြားခဲ့။

- ၂ဝ၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပေဒပြင် ဆင်ရေး၊ ဥပဒေများပြဋ္ဌာန်းနိုင်ရေး၊ မီဒီယာအလွတ် လပ်ခွင့်နှင့်နိုင်ငံရေးစည်ရုံးနိုင်ခွင့်များကိုကလည်း အရေး ကြီးကြောင်းပြောကြားခဲ့။

- လူငယ်များအနေဖြင့် အိုဘာမား၏ ပညာရေးဆိုင် ရာပြုပြင်ပြောင်းလဲခြင်းကို အောက်ခြေမှစတင်ပြုပြင် သင့်ခြင်း၊ အသက်သုံးနှစ်မှစတင်ကာ ပညာရေးပြုပြင် ပြောင်းလဲမှုကို ပြုလုပ်သင့်ကြောင်းပြောကြား။

- အမေရိကန်သမ္ပတအိုဘားမားသည်နှစ်နှစ်အတွင်း ၄င်း၏ ဒုတိယမြောက်ခရီးစဉ်ကို နိုဝင်ဘာ ၁၄ ရက်ညနေ ၅ နာရီခွဲ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ Air Force လေယာဉ်ဖြင့် G-20 အစည်းအဝေးကျင်းပ မည့်သြစတြေးလျနိုင်ငံ Queensland ပြည်နယ်၊ Brisbane မြို့သို့ဆက်လက် ထွက်ခွာ။

#TheFlowerNews
Yangon Media Group

No comments:

Post a Comment

My Blog List