Saturday, October 25, 2014

လုပ်ကြံခံခဲ့ရသည့် ဘနာဇီယာဘူတို၏ သား နိုင်ငံရေးလောကသို့ ၀င်ရောက်



ပါကစ္စတန်တွင် ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏ သားဖြစ်သူ က နိုင်ငံရေးလောကသို့ စတင်ဝင်ရောက် မှုအဖြစ် စနေနေ့တွင် ကြီးမားသည့် လူထုချီတက်ပွဲတစ်ခုသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ဘူတို၏သား အသက် ၂၆ နှစ်ရှိ ဘီလာဝယ်က အစွန်းရောက် ဝါဒအား တွန်းလှန် ရန်နှင့် နိုင်ငံ အတွင်း အိုင်အက်စ်အဖွဲ့ ခြေချလာမှုကို တားဆီး ရန် ကတိပြုခဲ့သည်။ 



ပါကစ္စတန် ၏ အကြီးဆုံးမြို့၊ ကရာချီတွင်ပြုလုပ် သည့် ဘီလာဝယ် ဘူတိုဇာဒါရိ ၏ ဟောပြောပွဲအား လုံခြုံရေးတင်းကျပ် စွာ ချထားခဲ့သော်လည်း လူထောင် ပေါင်းများစွာ တက်ရောက်ခဲ့သည်။ ဟောပြောပွဲလာရောက်သည့် ပရိသတ်များက သီချင်း များသီဆိုကခုန်ကာ ဘူတို၏ ပါကစ္စတန်ပြည်သူ့ပါတီ PPP အလံများ ဝှေ့ရမ်းခဲ့ကြသည်။

ဘီလာဝယ်အား ပါတီ၏ခေါင်းဆောင်ဖြစ်လာရန် ဖခင် အဆစ်ဖ်အလီ ဇာဒါရီ က သင်ကြားပျိုးထောင်ပေး လျက်ရှိသည်။ အဆစ်ဖ်အလီသည် ၂၀၀၈ မှ ၂၀၁၃ ထိ ပါကစ္စတန် သမ္မတ အဖြစ် ထမ်းဆောင်ခဲ့သည်။ အူရဒူဘာသာဖြင့်ပြောကြားပြီး ၂ နာ ရီခန့်ကြာမြင့်သည့် မိန့်ခွန်းတွင် ဘီလာဝယ်က ပါကစ္စတန်တာလီဘန် များနှင့် အိုင်အက်စ်အဖွဲ့အပါအဝင် စစ်သွေးကြွ အဖွဲ့များအား ပြစ်တင်ဝေဖန် ခဲ့ သည်။ 

အစွန်းရောက်ဝါဒီနှင့် စစ်ပွဲများ တိုင်းပြည်အပေါ် လွှမ်းမိုးသွားမည်ကို စိုးရိမ်ကြောင်း ဘီလာဝယ် ကပြောကြားလိုက်ပြီး အစွန်း ရောက်များကို တိုက်ဖျက်ရန် ကတိပြုခဲ့ သည်။ ပါကစ္စတန်ရှိ ရန်သူတွေဟာ ချေမှုန်းခံရ မှာဖြစ်ပြီး ဒီနိုင်ငံမှာ ဘူတို ဝါဒ ကသာ ရှင်သန်နေမှာပါဟု ပြောသွားခဲ့သည်။ ဘီလာဝယ် က လုပ်ကြံခံရမှုကြောင့် ကွယ်လွန်ခဲ့သူ မိခင်၏ အမွေအား ဆက်ခံ ကာ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် PPP ဇာတိဒေသတွင် အောင်မြင်ခဲ့သည့် ပါတီ အား ပြန်လည် တည်ထောင်ရန် ကတိပြုခဲ့သည်။ 

"ဘူတို ဝါဒဟာ အစွန်းရောက်ဝါဒ၊ ဆင်းရဲ မွဲတေးမှုနှင့် ခိုကိုးရာမဲ့မှုတို့ကို ဆန့် ကျင် တိုက်ဖျက်မှာပါ" ဟု ဒူဘိုင်းနှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့တွင် ပညာ သင်ကြားခဲ့သူ ဘီလာဝယ်က ဆိုသည်။ 

အင်္ဂလိပ်စကားအား အဓိက အသုံးပြုသူ ဘီလာဝယ်သည် အူရသူ ဘာသာ စကား ဖြင့် ပြောကြားရာတွင်စကား ဝဲနေသည်ဟု ဆိုသည်။ 

သူသည် လူထုချီတက်ပွဲသို့ ရဟတ်ယာဉ်ဖြင့်ရောက်ရှိလာကာ သူ၏ မိခင် အသုံးပြုခဲ့သည့် ကျည်ကာကားပေါ်မှ မိန့်ခွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List