Saturday, October 25, 2014

ထားဝယ် အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း နိုဝင်ဘာတွင် စတင်နိုင်မည်



ကြန့်ကြာနေခဲ့သော ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းအစပျိုးအဆင့် စတင်တော့မည်ဟု မြန်မာနှင့် ထိုင်းနိုင်ငံတို့က နောက်လ တွင်ကြေညာမည်ဟု မျှော်လင့်ရသည်။  ထိုင်းနယ်စပ်ကို ထားဝယ်စီမံကိန်း စက်မှုနယ်မြေ နှင့် ဆက်သွယ်မည့် ကွန်ရက်လမ်းဖောက်လုပ်ရေးကို ထိုင်း ကုမ္ပဏီနှစ်ခုဖြစ်သော Italian-Thai Development PK (IID) နှင့် Rojana Indrustrial Park Plc တို့ တည်ဆောက် မည်ဟု ကမ်းလှမ်းခဲ့ ကြကြောင်း ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် Arkhom Termpitayapaisith က ပြောသည်။
မြန်မာနှင့် ထိုင်းတို့ ဖက်စပ်ထူထောင်ထားသော ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးကုမ္ပဏီက ထားဝယ် အစဦး အဆင့် ဖွံ့ဖြိုးရေး လုပ်ကိုင်ရန် ဂျပန်နိုင်ငံကို ဖိတ်ကြားခဲ့ရာ ဂျပန် ကုမ္ပဏီနှစ်ခုကသာ ကမ်းလှမ်းခဲ့ကြကြောင်း Mr. Arkhom က ပြောပြသည်။

ဂျပန် ကုမ္ပဏီနှစ်ခု၏ ကမ်းလှမ်းချက်များကို ထားဝယ် SEZ က သုံးသပ်လျက်ရှိရာ မြန်မာနိုင်ငံမြို့တော် နေပြည်တော် တွင် နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်အဝေးအပြီးတွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်းပြောသည်။ 

ထိုစာချုပ် တရားဝင် လက်မှတ် ရေးထိုးပြီးပါက ထားဝယ်စီမံကိန်း အမှန်တကယ် စတင်တည်ဆောက်တော့မည်ဟု နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ အကြား ယုံကြည်မှု ပိုမိုရရှိလာရန် အထောက်အကူပြုမည်ဖြစ်သည်။

ထားဝယ် စီမံကိန်းကို ကြီးကြပ်ရန် ကော်မတီအသစ်နှစ်ခုကို မကြာမီဖွဲ့မည်ဖြစ်သည်။ တစ်ခုမှာ ပေါ်လစီ ဆိုင်ရာကော် မတီဖြစ်ပြီး ဒု-၀န်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။ နောက်ကော်မတီမှာ လုပ်ငန်း အကောင် အထည်ဖော် မည့်ကော်မတီဖြစ်ပြီး အမြဲတမ်း အတွင်းရေးမှူး တစ်ဦးက ဦးဆောင်မည်။ ထိုကော်မတီက ဆိပ်ကမ်းများ၊ လမ်းများ စက်မှုနယ်မြေများနှင့် သက်ဆိုင်မည်ဟု မစ္စတာ Arkhom က ပြောသည်။

ယခင် ထိုင်းအစိုးရက အဆင့်သုံးဆင့် စနစ်ဖြင့် ဖွဲ့စည်းခဲ့ရာ ပေါ်လစီအဆင့်မြင့်နှင့် ညှိနှိုင်းရေးကော်မတီတို့ ဖြစ်သည်။ ဖွံ့ဖြိုးရေး နောက်တစ်ဆင့် ဆွေးနွေးရန် ပေါ်လစီကော်မတီသည် အစည်းအဝေးကို မကြာမီ ကျင်းပမည်။ ယခုလ အစောပိုင်းအတွင်း ထိုင်းဝန်ကြီးချုပ်သစ် Prayut Chan-Otha မြန်မာနိုင်ငံသို့ တရားဝင် အလည်အပတ်သွားစဉ်က ကြန့်ကြာနေသော အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် ထိုင်း ကုမ္ပဏီများကို ပိုမိုကြီးမားသောကဏ္ဍမှ ပါဝင် ခွင့်ပြုပြီး ထားဝယ်စီမံကိန်းကို ပြန်လည်အသက်သွင်းရန် နှစ်နိုင်ငံ သဘောတူခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List