Friday, October 24, 2014

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ အဆိုပြုလွှာတင်ထားသော ကျောက်မီးသွေး စက်ရုံစီမံကိန်း ၁၁ ခုရှိနေသော်လည်း မည်သည့် ကျောက်မီးသွေးစက်ရုံကိုမျှ လုပ်ကိုင်ခွင့်ချထားခြင်း မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူပြောကြား



မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ အဆိုပြုလွှာတင်ထားသော ကျောက်မီးသွေး စက်ရုံ စီမံကိန်း ၁၁ ခုရှိသော်လည်း မည်သည့် ကျောက် မီးသွေးစက်ရုံကိုမျှ လုပ်ကိုင်ခွင့်ချပေးထားခြင်းမရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောကြားသည်။
“ကျောက်မီးသွေးစက်ရုံတွေက အခုလောလောဆယ်မှာ ဝန်ကြီးဌာန ကနေပြီးတော့ စူးစမ်းလေ့လာဖို့ခွင့်ပြုပေးထားတဲ့ အဆင့်မှာပဲရှိသေးတယ်။ တကယ်လို့ တည်ဆောက်ဖြစ်ခဲ့ရင်တော့ နိုင်ငံတွင်းမှာလိုအပ်တဲ့ ဓာတ်အားကို အဓိကဖြည့် ဆည်းပေးမှာပါ။ လက်ရှိအခြေအနေမှာတော့ ကျောက်မီးသွေး စက်ရုံနှစ်ရုံပဲရှိ ပါသေးတယ်။ 



တစ်ရုံကတော့ တီကျစ်ကျောက် မီးသွေးစက်ရုံပါ။ သူကတော့ မဟာဓာတ်အား လိုင်းနဲ့ချိတ်ဆက်ထားတဲ့စက်ရုံပါ။ ကော့သောင်းမှာ တည်ဆောက်ထားတဲ့ ရှစ်မဂ္ဂါဝပ် ရှိတဲ့ ကျောက်မီးသွေးစက်ရုံကတော့ဒေသ တွင်းသုံးဖို့ ပေးထား တာပါ။ အဓိကကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်တဲ့ စီမံကိန်းကို စဉ်းစားတယ်ဆိုတာက နိုင်ငံတွင်းလိုအပ်တဲ့လျှပ်စစ် ဓာတ်အားရဲ့ Based Loadကို ဖြည့်ဆည်းပေးနိုင်အောင် အဓိကလုပ်တာပါ။ သဘာဝဓာတ်ငွေ့ကိုလည်း Planလုပ် ထားတာပဲ။ 

ဘယ်အရင်းအမြစ်ကနေပြီးတော့ ဓာတ်အားကို ထိန်းပေးနိုင်မလဲဆိုတာကတော့ စူးစမ်းလေ့လာပြီး ရလာတဲ့ရလဒ်ပေါ် မှာပဲ မူတည်ပါတယ်။ အဲဒီအချက် အလက်ပေါ် မူတည်ပြီး ကာမှ စက်ရုံတည်ဆောက်မှုအပေါ်မှာ ဆုံးဖြတ်မှာဖြစ်ပါ တယ်။ လောလောဆယ်မှာတော့ ဘယ်ကျောက် မီးသွေးစက်ရုံကိုမှ တည်ဆောက်ဖို့ ခွင့်ပြုထားတာ မရှိသေးပါဘူး။ စက်ရုံတွေ အကုန်လုံးက စူးစမ်းလေ့လာဆဲနဲ့ စိစစ်ဆဲပဲ ရှိပါသေးတယ်။ ကျောက်မီးသွေးစက်ရုံကို တည်ဆောက်မယ့် နေရာတွေမှာလည်း သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိနိုင် မရှိ နိုင်ဆိုတာလည်း ရင်းနှီးမြုပ်နှံမယ့်သူတွေ ပြုစုပြီးတင်ပြရမှာဖြစ်ပါတယ်။ အဲဒါတွေအကုန်လုံး Approveဖြစ်မှ ဒီစက်ရုံတွေ တည်ဆောက်ဖို့ နိုင်ငံအဆင့်ရော၊ ဝန်ကြီးဌာနအဆင့်ရောက ဆုံးဖြတ်ကြမှာပါ။ အဆင့်တွေအများကြီးလိုပါသေးတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးတင့်လွင်ဦးက ပြောကြားသည်။

လက်ရှိအခြေအနေတွင် စူးစမ်းလေ့လာခွင့်ပြုထားသော (Plan)လုပ်ထားသည့် အဆင့် တွင်ရှိနေသော ကျောက်မီးသွေး စက်ရုံ ၁၁ ရုံရှိနေကြောင်း၊ မည်သည့်စီမံကိန်းကိုမျှ အဆုံးအဖြတ်မပေးရသေးကြောင်း၊ ယင်း ၁၁ ရုံတွင် တနင်္သာရီ တိုင်းဒေသကြီးတွင်သုံးခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် လေးခု၊ ဧရာဝတီတိုင်းဒေသကြီးတွင်တစ်ခု၊ ရှမ်းပြည်နယ်တွင် တစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်ခုစသည်ဖြင့် ၁၁ ခုရှိကြောင်း သိရသည်။

ယင်းအနက် ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် နိုင်ငံခြားကုမ္ပဏီကိုးခုတို့ဖြစ်ကြောင်း၊ ခွင့်ပြုချက်ပေး မပေးဆိုသည့်အပိုင်းသည် တင်ပြ လာသည့်အစီရင်ခံစာများ၊ စီးပွားဖြစ်ထွန်း နိုင်သည့်အပေါ်တွင်မူတည်ကြောင်း သိရသည်။ လေ့လာသည့်ကာလ အား စီမံကိန်းအလိုက် ကိုးလမှ နှစ်နှစ်အထိ ပိုင်းခြားသတ်မှတ်ထားကြောင်း သိရသည်။

“သိရသလောက် ကျောက်မီးသွေးစက်ရုံလုပ်ဖို့ဆိုပြီး ထိုင်းနဲ့လုပ်ထားတာရှိတယ်။ ပြီးတော့ ထားဝယ်မှာ ကျောက်မီးသွေး စက်ရုံ တည်ဆောက်ဖို့အဆိုပြုထားတာတွေ့ရတယ်။ အမှန်တော့ အဲဒီကျောက်မီးသွေးစက်ရုံက ထွက်တဲ့ ရာခိုင်နှုန်း ၈ဝ က ထိုင်းကိုပဲ သွား မှာပါ။ ထားဝယ်ကနေ ရန်ကုန်ကို ကြိုးဆွဲရင် ဘယ်လောက်ကုန်မလဲ။ ဆိုတော့ ကျွန်တော် တို့အမြင် ကတော့ ဘာလို့ အဲလိုလုပ်မှာလဲ။ ဒါက မြန်မာပြည်အတွက် ဟုတ်ရဲ့လားလို့မေးစရာဖြစ်နေတယ်။ 



ဆိုပါတော့ တရုတ်ပြည်မှာ အခု တစ်နှစ်ကို နှစ်စဉ် ကျောက်မီးသွေး နှစ်ဘီလျံသုံးနေတယ်။ ကျောက်မီးသွေးကို တစ်ဘီလျံဖြစ်အောင် ၁ဝ နှစ်ကနေ ၁၅နှစ်စီမံကိန်းနဲ့ လုပ်နေတယ်။ သေချာတယ်။ အဲဒီက Phase Outဖြစ်သွားတဲ့ ဟာတွေက ဒီဘက်ကိုရောက်လာတော့မယ်။ ဆိုတော့ ကျောက်မီးသွေးက အမှန်အတိုင်းပြောရရင် လက်ခံနိုင်စရာ မရှိပါဘူး” ဟု Parami Energy Group of Companies Ltd.,မှ CEO ဦးပြည့်ဝထွန်းက ပြောကြားသည်။

ရိုးရိုးကျောက်မီးသွေးဆိုပါက ကုန်ကျစရိတ်သည် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကြားတွင်ရှိကြောင်း၊ Clean Coal ပြုလုပ် သည်ဆိုပါက သဘာဝဓာတ်ငွေ့ထက် ကုန်ကျစရိတ်ပိုများကြောင်း၊ ထို့အတွက် ကျောက်မီးသွေးထုတ် လုပ်မည်ဆိုပါက ကုန်ကျစရိတ်အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်မှုရှိ လာနိုင်သည့်အတွက် လေးလေးနက်နက် ထည့် သွင်းစဉ်းစားရန်လိုအပ်ကြောင်း ပညာရပ်ဆိုင် ရာ ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။

“Clean Coal လုပ်မယ်ဆိုတဲ့အပိုင်းမှာ ဘယ်လိုလုပ်မှာလဲဆိုတာ ရှိသေးတယ်။ တရုတ်လိုလုပ်မှာလား၊ အိန္ဒိယလိုလုပ် မှာလား။ ဂျပန်လိုလုပ်မှာလား၊ ဂျာမနီလိုလုပ်မှာ လား၊ အဲဒီအတွက် ကုန်ကျစရိတ် တွေရှိလာ မယ်။ ပြီးတော့ ဘယ်လို လုပ်သလဲဆိုတာ ဘယ်သူမှလည်း သိမှာမဟုတ်ဘူး။ အဲဒါကတစ် ဖက်ဖြစ်နေတယ်။ နောက်တစ်ခုက စီးပွားရေး အရ အကျိုးအမြတ်ရှိရင် လက်ခံမယ်ဆိုတဲ့အ ပိုင်းမှာ Exportဆိုတဲ့ကိစ္စပါဝင်လာတယ်။ ကျွန်တော့အမြင်ကတော့ ခုချိန်မှာ အရေးအ ကြီးဆုံးက ပြည်တွင်းကို ဦးစားပေးရမယ်။ ဒါကိုအစိုးရလည်းလက်ခံပါတယ်။ ဒါကြောင့် Export Lead ဆိုတာကို ခဏဖယ်ထားလိုက်၊ အရင်ဆုံး Self-Sufficient ဖြစ်အောင်အရင် လုပ်ရမယ် လေ။ အဲလိုမျိုးဖြစ်တဲ့ Project တွေကိုပဲ မြင်ချင်တယ်။ နောက်တစ်ခုက ပွင့် လင်းမြင်သာမှုလည်းရှိစေချင်တယ်။ ပြည်သူ ကိုလည်း Involveဖြစ်စေ ချင်တယ်” ဟု ဦးပြည့်ဝထွန်းက ဆိုသည်။

ယေဘုယျအားဖြင့်မူ ကျောက်မီးသွေး စက်ရုံတည်ဆောက်မည်ဆိုပါက သဘာဝပတ် ဝန်းကျင်အပေါ် ရိုက်ခတ်လာနိုင် မှုများရှိကြောင်း၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်၊ အခြားစွန့်ပစ်ပစ္စည်းများနှင့် ရေ ဆိုးရေ ညစ်များကြောင့် ယင်းကဲ့သို့ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေကြောင်း၊ အလားတူပြည်တွင်း၌ ထွက်ရှိ သည့်ကျောက် မီးသွေးများမှာ အရည်အသွေးအားဖြင့် အား နည်းချက်ရှိသည့်အတွက် ကျောက်မီးသွေး အား ပြည်ပမှ တင်သွင်းသွားရ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် Unloading Facilitiesများ နှင့် Coal Terminal များလည်း လိုအပ်နေ သေးကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List