Wednesday, October 22, 2014

ဆန္ဒပြသူများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ဟောင်ကောင်အစိုးရ ပြောကြား



ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြသူများနှင့် အောက်တိုဘာ ၂၁ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက် ဆွေးနွေးမှု များကို ဆက်လက်လုပ်ဆောင် သွားမည်ဟု ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့က ပြောကြားလိုက်သည်။ “ဒီနေ့ဆွေးနွေးပွဲ ဟာ ပထမဆုံးအကြိမ်ဖြစ်နိုင်ပြီး ဆက်လက်ဆွေးနွေးဖို့ ရှိပါသေးတယ်” ဟု ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ကယ်ရီလန်က ကျောင်းသားခေါင်းဆောင်များနှင့် နှစ်နာရီကြာ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။
ယခုပြုလုပ်သည့် ဆွေးနွေးပွဲသည် အပြုသဘောဆောင်ကြောင်း ပြောကြားခဲ့သော်လည်း၂၀၁၇ ခုနှစ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် တရုတ်အစိုးရက အမည်စာရင်းတင်သွင်းသူများကိုသာ ရွေးချယ်ခွင့်ပေးမည်ဖြစ်ကြောင်း လန်က ပြောကြားသည်။

“ကျောင်းသားတွေအနေနဲ့ ဒီအခြေအနေကို လက်မခံနိုင်ဘူးဆိုရင် အမြင်တွေဆက်လက်ပြီး ကွဲလွဲနေဦးမှာပါပဲ။ အခုဆွေးနွေးပွဲဟာ တင်းမာမှုတွေကို အတိုင်းအတာတစ်ခုအထိ လျော့ကျ သွားစေနိုင်ပါတယ်” ဟု လန်က ပြောကြား သည်။

ဟောင်ကောင်ကျောင်းသားများအဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ် အဲလက်စ်ချောင်က “အစိုးက သွားနေတဲ့ ခြေလှမ်းတွေဟာ ဒီမိုကရေစီနည်းလမ်းမကျပါဘူး။မျှတမှုမရှိဘူး။ ပွင့်လင်းမှုမရှိဘူး။ တိုးတက်မှုရှိမလာပါဘူး” ဟု ပြောကြားခဲ့သည်။

Freedom Now စာတန်းပါ တီရှပ်ဝတ်ဆင်ထားသည့် ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ချောင်က ကျောင်းသားခေါင်းဆောင် လေးဦးနှင့်အတူ အဆိုပါ တွေ့ဆုံပွဲတွင် ပါဝင်ခဲ့ပြီး ပြည်သူများအ နေဖြင့် ၂၀၁၇ ခုနှစ်တွင် ရွေးချယ်တင်မြှောက်မည့် အုပ်ချုပ်ရေးမှူးအတွက် ကိုယ်တိုင်ရွေးချယ်ခွင့်ရသင့်ကြောင်း တောင်းဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List