ၾသစေၾတးလ် လေယူလေသိမ်းနဲ့ ပြောဆိုသူ လူငယ်တစ်ဦးဟာ သူ့ကိုယ်သူ IS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ဝင် တစ်ဦးလို့ ပြောဆိုပြီး သြစတြေးလျကို ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။အဲဒီ လူငယ်က သြစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံ ခေါင်းဆောင်တွေကို တိုက်ရိုက် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပါတယ်။
နိုင်ငံပေါင်း များစွာက IS အဖွဲ့ကို တိုက်ခိုက်နေပါစေ မမှုဘူးလို့ ပြောလိုက်ပြီး ဒါဟာ သူတို့ဘက်မှာ အာလာ ဘုရားရှင်ရှိနေလို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလူငယ်ရဲ့ ပြောဆိုမှုကို ရှုံ့ချကြောင်း မွတ်စလင်လူမှုအဖွဲ့ ၈ ဖွဲ့က မွတ်စလင်ထိပ်သီး ဘာသာရေးခေါင်း ဆောင် နဲ့အတူ ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ဒီလို အစွန်းရောက်တဲ့ လူငယ်ရဲ့ ပြောဆိုမှုကြောင့် သာမာန် မွတ်စလင်တွေကို အပြစ်မမြင်ကြဖို့လည်း တောင်းဆိုထားပါတယ်။
ABC

No comments:
Post a Comment