Saturday, October 25, 2014

ဂျော်ဒန်သို့ အလုပ်သွားလုပ်မည့် အမျိုးသမီး ၁၇ ဦးနှင့် ပွဲစား သုံးဦး တရားဝင် အထောက်အထားမပါ၍ ခေတ္တထိန်းသိမ်းခံရ


ဂျော်ဒန်နိုင်ငံသို့ တရားမဝင်သွားရောက်မည့် အမျိုးသမီးအလုပ်သမား ၁၇ ဦး နှင့် ပွဲစား(၃)ဦးကို အောက်တို ဘာ ၂၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိန်းသိမ်းခဲ့သည်ဟု အလုပ်သမား ညွှန်ကြား ရေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်

"တရားဝင် ခွင့်ပြုချက်တွေလည်း မပါဘူး။ ပြင်ပ အလုပ်အကိုင် လိုင်စင်မရှိဘူး။ နဒီရွှန်းလက် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ ပွဲစား မသင်းသင်းမိုးလည်း ခုပါလာတယ်။ သူနဲ့အတူ ပွဲစား သုံးယောက်လုံး ကိုတော့ ထိန်းသိမ်းထားတယ်။ လူကုန်ကူးမြောက်တယ်"ဟု ဦးမျိုးအောင်က ပြောသည်။

ယခု ထိန်းသိမ်းခံရသည့် အလုပ်သမားများမှာ ဂျော်ဒန်နိုင်ငံရှိ Kawm အထည်ချုပ် စက်ရုံတွင် သွားရောက် လုပ်ကိုင်ရန်မည့် သူများဖြစ်ပြီး အလုပ်သမား ၁၇ဦးတွင်  နိုင်ငံကူးလက်မှတ်နှင့် လေယာဉ်လက်မှတ်သာပါ ရှိပြီး တရားဝင်ခေါ်စာ၊ အထောက်အထားများနှင့် ဗီဇာမပါရှိဟု ယင်းကဆိုသည်။

အလုပ်အကိုင်ရှာဖွေပေးသည့် ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင်ရပ်ကွက်တွင် နေထိုင်သူ ပွဲစား မသင်း သင်းမိုးက ဝန်ဆောင်ခအတွက် အလုပ်သမားတစ်ဦးကို ကျပ်တစ်သိန်းခွဲတောင်းခံခဲ့ပြီး ဂျော်ဒန်သို့ရောက် လျင် တစ်လ ဒေါ်လာ ၁၀၀ နှုန်းဖြင့် ၆ လ ဖြတ်သွားမည်ဟု သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများက ပြောသည်။ ဂျော်ဒန်နိုင်ငံရှိ စက်ရုံရောက်ပါက ဝန်ဆောင်ခ ဒေါ်လာ ၁၀၀ ပေးအပြီး တစ်လ လုပ်အားခ ၁၁၅ ဒေါ်လာနှင့် အချိန်ပိုခ ရမည်ဟု ဝန်ဆောင်မှု ကုမ္ပဏီက ပြောထားသည်ဟု အလုပ်သမားများက ပြောသည်။

"ကျွန်မတို့ကတော့ ပိုက်ဆံလိုချင်လို့သွား လုပ်တာပါ။ တရားဝင်တယ် မဝင်တယ်တော့မသိဘူး။ သူက အဲလိုပို့ပေးနေတာတော့ ကြာပြီ" ဟု အလုပ်သမား အမျိုးသမီးတစ်ဦးက ပြောသည်။

ဂျော်ဒန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ရခိုင်ပြည်နယ်မှ အမျိုးသမီး ၆ ဦး၊ ပဲခူးမြို့မှ  ၂ ဦး၊ ရန်ကုန်မြို့မှ ၆ ဦး၊ ပြည်မြို့မှ ၁ ဦး နှင့် မကွေးမှ ၂ ဦး ကို အထည်ချုပ်လုပ်ငန်းဖြင့် သွားရောက်ရန် လွန်ခဲ့သည် ၃ လကစ၍ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် သွေးစစ်ဆေးမှုများ ပြုလုပ်စေခဲ့သည်ဟု ဆိုသည်။

"ခုသွားမယ့်လူတွေက ဖောင်ဖျက်ပြီးသားဆိုတော့ သွားချင်တယ်။ ခု ပြည်ပ အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီ က ထိုင်းသွားချင်ရင် တရားဝင် လွှတ်ပေးမယ် ဆိုတော့ သွားမယ်" ဟု မြောက်ဒဂုံတွင် နေထိုင်သည့် အလုပ်သမား အမျိုးသမီးတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယင်းအလုပ်သမား ၁၇ ဦးအား အောက်တိုဘာလ ၂၆ ရက်တွင် ထိုင်းနိုင်ငံမှ အထည်ချုပ်စက်ရုံမှ အလုပ်ရှင် များနှင့် မြောက်ဒဂုံ ပင်လုံခန်းမတွင် လူတွေ့စစ်ဆေး၍ ကျွမ်းကျင်မှုပေါ်မှုတည်၍ တရားဝင် အလုပ်သမား ခေါ်ယူသွားမည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအသင်းချုပ်မှ  အလုပ်မှုဆောင်ဦးထွန်းမင်းလတ် က မဇ္ဈိမကို ပြောသည်။

"အလုပ်သမားတွေက ဘာမှ ငွေကြေး ပေးစရမလိုဘူး။ အသင်းကနေ ဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List