Saturday, October 25, 2014

တက်ကြွလှုပ်ရှားသူ ဦးဝင်းချို YCDC ရွေးကောက်ပွဲဝင်မည်


လယ်သမားအရေးအပါအ၀င် အခြားအရေးကိစ္စများတွင် တက်ကြွလှုပ်ရှားသူ ဦးဝင်းချို က ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ရွေးကောက်ပွဲတွင် ပါဝင်ရွေးခံမည်ဟု သတင်းရရှိသည်။ ‘‘ကျွန်တော် လျှောက်လွှာယူ ပြီးပါပြီ။ ဘဏ်ဖွင့်ရက်မှာ ငွေသွားသွင်းမယ်။ ပြိုင်ခွင့်ရရင် ၀င်ပြိုင်ပါမယ်။ ကြိုတင်ပြင် ဆင်ထားတယ်ဆိုတာ သီးခြားကြီးတော့ မရှိပါဘူး။ ကျွန်တော်ကတော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို လုပ်နေ တဲ့သဘောပါပဲ’’ဟု ဦးဝင်းချိုက ပြောသည်။

အဆိုပါရွေးကောက်ပွဲကျင်း ပမည့်ကိစ္စသည် တရားမျှတမှု အားနည်းနိုင်သည်ဟု ဝေဖန်မှုများ ရှိနေသော် လည်း လက်ရှိအခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ များသည်လည်း တရားမျှတမှုအားနည်းသည့် အနေအထားတွင်ပင် ရှေ့ဆက်တိုးခဲ့ရသဖြင့် ယင်းကိစ္စ ရပ်ကို ထူးခြားစွာ စိုးရိမ်မှုမရှိဟု ၎င်းက ပြောသည်။

လက်ရှိ YCDC သည် လွှတ် တော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေ နှင့်အညီ ဖွဲ့စည်းထားခြင်းမဟုတ်သဖြင့် နည်းဥပဒေရေးဆွဲခြင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်းများ ပြုလုပ်ခွင့်မရှိဘဲ ဥပဒေနှင့်အညီ တင်မြှောက် ထားသော ကော်မတီမှ သာလျှင် အဆိုပါလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ကြောင်းရန် ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညို သင်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့ တော်ဝန်ကို သမ္မတက တိုက်ရိုက် ခန့်အပ်မည်ဖြစ် ကာ ကော်မတီဝင် လေးဦးကိုသာ လူထုမှတိုက်ရိုက်ရွေးကောက်တင်မြှောက်နိုင်မည် ဖြစ်ပြီး ကျန်ကော် မတီဝင် လေးဦးကို တိုင်းဒေသကြီးအစိုးရက ခန့် အပ်မည် ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၆၀ ကျော်မှ ပြန်လည် ကျင်းပသည့် ရွေးကောက်ပွဲဖြစ် သည့်အတွက် ပြည်သူအများစုသိ ရှိမှုအားနည်းနေပြီး တာဝန်ရှိအဖွဲ့ အစည်းများက ပွင့်လင်းစွာချပြမှု နည်းပါးနေ၍ အများပြည်သူနှင့် နီးစပ်သော ရွေးကောက်ပွဲတစ်ခု ဖြစ်စေလိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော် က ပြောသည်။

ဦးဝင်းချိုသည် အကျဉ်း ထောင်မှ လွတ်မြောက်ပြီး ရက် ပိုင်းအတွင်းမှာပင် ၀င်ရောက် ရွေးချယ်ခံမည်ဟု ကြေညာခဲ့ခြင်း ဖြစ်ပြီး အဆိုပြုလွှာများအား ယနေ့ ညနေ ၄ နာရီတွင် နောက်ဆုံးထားတင်သွင်းရန် ကော်မရှင်မှကြေညာချက်ထုတ်ထားသည်။

၎င်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွက် ဒလမဲဆန္ဒ နယ်မှ တစ်သီးပုဂ္ဂလပါ ၀င်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ကြောင်းသိရသည်

7Day Daily

No comments:

Post a Comment

My Blog List