Wednesday, October 22, 2014

၅၆ ပါတီသဘောတူထားသည့် နိုင်ငံရေးမူဘောင် နိုဝင်ဘာလအတွင်း ထွက်မည်


နိုင်ငံရေးပါတီ ၅၆ ပါတီ သဘောတူညီချက်နဲ့ ရေးဆွဲထားတဲ့ နိုင်ငံရေးမူဘောင် တခု လာမယ့်နိုဝင်ဘာလ အတွင်း ထွက်မယ်လို့ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီ ဗဟိုအဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးပါတီ ၅၆ ပါတီ သဘောတူညီချက်နဲ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

ဒီနိုင်ငံရေးမူဘောင်က အပစ်အခတ် ရပ်စဲပြီး ပြုလုပ် မယ့် နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ ပါဝင်မယ့် နိုင်ငံရေး မူဘောင်အ တွက် နိုင်ငံရေး ပါတီတွေ က ကြိုတင်ပြင်ဆင်နေကြ တာပဲဖြစ်ပါတယ်။

နိုင်ငံရေးပါတီ ၅၆ ပါတီသဘောတူ တဲ့ နိုင်ငံရေးမူဘောင် ထွက်လာပြီးရင် အခြားနိုင်ငံရေးပါတီတွေ ရေးဆွဲထားတဲ့ နိုင်ငံရေးမူဘောင်တွေနဲ့ ညှိနိုင်းသွားမယ်လို့ ဦးစောသန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

အပစ်အခတ်ရပ်စဲပြီးပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်မယ့် နိုင်ငံရေး မူဘောင်အတွက် အမျိုးသား ဒီမုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကလည်း သီးခြားရေးဆွဲနေပြီး နိုင်ငံရေးမူဘောင်အတွက် ဆွေးနွေးမူတွေ လုပ်နေဆဲဖြစ် တယ်လို့ ပါတ်ီပြောခွင့်ရ ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List