Saturday, October 25, 2014

ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံတည်ဆောက်ရန် ကျပ်သန်း ၆,၀၀၀ ကျော် တောင်းခံထား


နေပြည်တော်တွင် ဗိုလ်ရှုခံစင်မြင့်အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ခြောက် ထောင်ကျော် တောင်းခံထားပြီး စီမံကိန်းတွင် အသုံးပြုမည့်ပစ္စည်းအချို့ ဈေးများနေသည်ကို တွေ့ ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံတည်ဆောက်ခြင်း လုပ်ငန်းအတွက် စီမံကိန်းတန်ဖိုးကျပ်သန်းပေါင်း ၆၄၅၀ ဒသမ ၆၆ ကို လွှတ်တော်ထံ တင်ပြထားမှုမရှိဘဲ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စု ၏ ဖြည့်စွက်ရန်ပုံငွေတွင်သာ ကျပ်သန်းပေါင်း ၃၀၀၀ တောင်းခံမှု ပါဝင်လာခြင်းဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

‘‘အသေးစိတ်ကြီးတွေ ကျွန်တော်မပြောချင်တော့ဘူး။ တချို့သူတို့ သုံးမယ့် ပစ္စည်းလေးတွေက ရှင်းရှင်းပြော ရရင် သိပ်ဈေးများနေတာ ကျွန်တော်တို့တွေ့ရတယ်ဟု ပြည်ထောင်စုလွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာ ရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းဦးက ပြောသည်။

အဆိုပါ စီမံကိန်းကို စစ် ဆေးကြည့်ရာတွင် လိုအပ်သော ပရိဘောဂပစ္စည်းများ အတွက် ကျပ်သန်းပေါင်း ၄၂၁ ဒသမ ၉၇၈ သုံးစွဲထားခြင်း၊ ဗိုလ်ရှုခံရေ ရရှိရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၅၀၀ သုံးစွဲထား ခြင်း၊ ဗိုလ်ရှုခံစင်မြင့် လျှပ်စစ်လုပ်ငန်းများအတွက် ကျပ်သန်း ပေါင်း ၁၀၀၀ သုံးစွဲထားခြင်းတို့ ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလည်း အောက်တိုဘာ ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံး စွဲရေး ဥပဒေကြမ်းကို ဆွေးနွေးရာ တွင် လွှတ်တော်ထံတင်ပြခဲ့သည်။

ဗိုလ်ရှုခံစင်မြင့် တည် ဆောက်ရေး လုပ်ငန်းများလုပ် ဆောင်ရန် ယှဉ်ပြိုင် တင်ဒါခေါ်ယူခြင်းမရှိဘဲ နေပြည်တော် ကောင်စီတစ်ဝန်းလုံးရှိ လုပ်ငန်း စီမံကိန်းအများအပြားကို ဆောင် ရွက်နေသော ACE ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးတည်းကို ပေးအပ်ခြင်းမျိုး မပြုလုပ်သင့် ကြောင်းကိုလည်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်း က ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသည်။

လာမည့် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတကို မြန်မာ့တပ်မတော်က ချီတက်အလေးပြုမည့် ဗိုလ်ရှုခံ အခမ်းအနားကို ပြန်လည်ကျင်းပပြုလုပ်သွားရန်ရှိပြီး ဗိုလ်ရှုခံအခမ်းအနားကျင်းပရေး ဗဟိုကော်မတီကို နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထား ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment

My Blog List