Friday, October 24, 2014

ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးအတွက် ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့၌ စည်းရုံးရေးအဖွဲ့များ စတင်ဖွဲ့စည်း



ညီညွတ် သောအမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)သည် လွှတ်တော်ပြင်ပ နိုင်ငံရေးကို ဆောင်ရွက်ရန်အတွက် ရန်ကုန် တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့၌ စည်းရုံးရေးအဖွဲ့များကို အောက်တိုဘာ ၂၃ရက်က စတင် ဖွဲ့စည်းလိုက်သည်။

ရန်ကုန်မြို့ပြည်လမ်း ယုဒသန် ခန်းမတွင် ပြုလုပ်သည့် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ အစည်း အဝေးတွင် ယခုကဲ့သို့ စည်းရုံးရေးအ ဖွဲ့များ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ် လှမြင့်က ''ရန်ကုန်နဲ့နီးစပ်တဲ့ တိုင်းဒေသကြီးတွေမှာ အရင်ဆုံးဖွဲ့စည်းခဲ့တာပါ။ ရှေ့လမှာ မြန်မာပြည်အထက် ပိုင်းကိုလည်း သွားရောက်ဖွဲ့စည်း သွားမှာပါ''ဟု ပြောကြား ခဲ့သည်။

အဆိုပါအဖွဲ့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက်နိုင်ငံ ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ တစ်ခုဖြစ်ပြီး တိုင်းဒေသ ကြီးစည်းရုံးရေးအဖွဲ့များကို အဖွဲ့ဝင် ၂၁ ဦးစီဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံ အထက် ပိုင်း မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စည်းရုံးရေးအ ဖွဲ့များကို နိုဝင်ဘာလ အတွင်း သွား ရောက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

''လွှတ်တော်ပြင်ပနိုင်ငံရေး လုပ် တဲ့အခါမှာ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ဖို့ အတွက် တိုင်းဒေသကြီးအဆင့်ကနေ ရပ်ကျေး အဆင့်အထိ အဆင့်ဆင့်ဖွဲ့ စည်းသွားမှာ ဖြစ်ပါတယ်''ဟု ဦးဒေး ဗစ်လှမြင့်က ဆက်လက်ပြောသည်။

ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ကို စက်တင်ဘာလ ၂၇ ရက်က ယုဒသန်ခန်းမတွင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး အဖွဲ့၏ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ၄၅ ဦးဖြင့်ဖွဲ့စည်းထား သည်။

အမျိုးသားရေး တန်းတူမှုနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စုကြီးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်မျိုးသားလုံး ကိုယ်စားပြုသော ပြည်ထောင်စုညီလာခံ ဖြစ်မြောက်ရေး စသည့်လုပ်ငန်းစဉ်များကိုလည်း ကြိုး ပမ်းဆောင်ရွက်သွားရန် ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။

ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့သည် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးလုပ် ဆောင်သွားမည် ဖြစ်ပြီး နိုင်ငံရေးပါ တီအဖြစ် တည်ထောင်သွားမည်မဟုတ်ကြောင်း သိရသည်။

HM
Yangon Media Group

No comments:

Post a Comment

My Blog List