Saturday, October 25, 2014

အခြေခံဥပဒေအစီရင်ခံစာကို လာမည့်လအတွင်း မူသဘော အပြတ်ဆွေးနွေးမည်


ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ ပြီးခဲ့သည့် အောက်တို ဘာလ ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသည့် အစီရင်ခံစာအား ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် မူသဘောအရ ဆွေးနွေးကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း က ပြောသည်။

၎င်းက အစီရင်ခံစာအပေါ် ဆွေးနွေးရန် စာရင်းပေးထားသူ ကိုယ်စားလှယ် အချို့က မည်သည့်အရာပေါ် အခြေခံ၍ဆွေးနွေးရမည်ကိုမေးမြန်းလာ သည်များရှိသဖြင့် ယခုကဲ့သို့ ပြေကြားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက "ဘယ်အပေါ်အခြေခံရမလဲဆိုတာ မေးတာရှိပါတယ်၊  ကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေး တဲ့အခါ၊ ခြုံငုံဆွေးနွေးရမယ်၊ မူသဘောသာ ဆွေးနွေးရမယ်’’ ဟု ဆိုသည်။

ဆွေးနွေးမှုများကို လာမည့်နိုဝင်ဘာလ ၁၃ ရက်မှ ၂၁ ရက်အထိ အပြီးသတ်ဆွေးနွေးရန်လည်း ၎င်းက ထပ်မံညွန်ကြားသည်။

ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ယခုကဲ့သို့ မူသဘော ဆွေးနွေးရန် ညွန်ကြားခြင်းသည် အဆုံးအဖြတ်ထက် လွှတ်တော်မှတစ်ဆင့် မည်သည့်ပါတီက မည်သို့သဘော ရှိသည်ကို ပြည်သူ့ထံ တင်ပြခြင်း သဘောရသည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List