Friday, October 24, 2014

နိုင်ငံရေးတွင် တပ်မတော်ကဦးဆောင်မှု အခန်းကဏ္ဍမှ အမြဲပါဝင်နိုင်သည့် ပုဒ်မ-၆(စ)ကို တပ်မတော် မပြင်လို


မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် တပ်မတော်အနေ ဖြင့် ဦးဆောင်မှု အခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင်နိုင်ရန် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားသည့် အချက်ကို ပြင်ဆင်ခြင်းမပြုဘဲ မူလအတိုင်းသာထား ရှိရန် တပ်မတော်က သဘောထားပေးကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်
ဖော်မှု ကော်မတီ၏ အစီရင်ခံစာအရ သတင်းရရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁)နိုင်ငံ တော် အခြေခံမူများတွင် ပါဝင် သော ပုဒ်မ-၆(စ)၌ ပြဋ္ဌာန်းထား သည့် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်း ဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဆိုသော ပြဋ္ဌာန်းချက်ကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက မူလအတိုင်းထားရှိရန် အကြံပြုထားကြောင်း အောက်တိုဘာ ၂၂ ရက်က ပြည်ထောင် စုလွှတ် တော်သို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အ ကောင်အထည်ဖော်မှု ကော်မတီ ၏ အစီရင်ခံစာတွင် ပါရှိသည်။

ယင်းအချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပယ်ဖျက်ရန် အကြံပြုထားပြီး၊ ကချင်ပြည်နယ်နှင့် ချင်း ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌတို့ကလည်း ပယ်ဖျက်ရန် အကြံပြုထားသည်။ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ကလည်း ‘‘နိုင်ငံတော်၏ အမျိုးသားနိုင်ငံ ရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပြည်သူလူထုနှင့်အတူ တပ်မတော်မှ ပါဝင်ထမ်းဆောင်နိုင်ခွင့်’’ဟုပြင်ဆင်ရန် အကြံပြုထားကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိ သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီကမူ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး အခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးဟု ပြင်ဆင် ရန် ယင်းအစီရင်ခံစာတွင် ထည့် သွင်းထားသည်။

  တပ်မတော်အနေဖြင့် အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်း ကိုသာ လုပ်ဆောင်သင့်သော ကြောင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု သည် အတိုင်းအတာ တစ် ခုအထိသာ   ဖြစ်သင့်ကြောင်းအမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးဖြစ်သူ ဦးအုန်းတင် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ ရေးအခြေအနေတွင် တပ်မတော် အနေဖြင့် ၎င်းတို့ဦးဆောင်ပါဝင် ဆောင်ရွက် ရမည်ဆိုသော အမြင် များရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံ များတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်း ကိုသာ အဓိကလုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် မြန်မာ့တပ်မ တော်အနေဖြင့် ပရော်ဖက်ရှင် နယ် ပီသသော တပ်မတော်ဖြစ် လိုပါက နိုင်ငံရေးတွင် ပါဝင်ပတ် သက်မှုအတိုင်းအတာကို လျှော့ ချရမည်ဖြစ်သည်ဟု နိုင်ငံရေး ဆောင်ပါးများ ရေးသားနေသူ ဦးထင်လင်းဦးက သုံးသပ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ဒီမို ကရက်တစ် အတိုက်အခံ အင်အားစုများက ပြင်ဆင်ရန် လုပ် ဆောင်နေကြသည့် ပုဒ်မ-၄၃၆ ကိုလည်း တပ်မတော်သား လွှတ် တော် ကိုယ်စားလှယ်များက မပြင် ဆင်လိုကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေးအကောင်အထည် ဖော်မှု ကော်မတီက လွှတ်တော်သို့ တင်သွင်း ခဲ့သည့် အစီရင်ခံစာ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပုဒ်မ-၄၅၇ ခုပါဝင်ရာ ပုဒ်မပေါင်း ၂၁၀ ကျော်ကို ပြင်ဆင်ရန် တင် ပြထားရာ၌ တပ်မတော်ကလည်း ပြင်ဆင်ရန် သဘောတူထားသည့်အချက်များ ပါဝင်နေ သည်။

7Day News Journal 

No comments:

Post a Comment

My Blog List