Friday, October 24, 2014

အဂတိလိုက်စားသည့် တရားသူကြီးနှင့် တရားရုံးများကို တိုင်တန်းရန် ပြည်သူ့လွှတ်တော်သို့ တင်ပြ



တရားရေးမဏ္ဍိုင် ကြံ့ခိုင်စေရန် အဂတိလိုက်စားသည့် တရားသူကြီးများ၊ တရားရုံးများကို တိတိကျကျ ဖော်ထုတ် တိုင်တန်းရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦး စိုးညွန့်က အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ ပြောသည်။
တရားရုံးများက အဂတိ လိုက်စားခြင်း၊ တရားစီရင်ရေး တိမ်းစောင်းအောင်ဆောင်ရွက် ခြင်းတို့ကို တွေ့ရှိပါက တိတိကျ ကျ ပြောဆိုတိုင်တန်းနိုင်ကြောင်း၊ အဂတိလိုက်စားသည့် တရားသူကြီး၊ တရားရုံးကိုတိတိကျကျ ဖော်ထုတ်တိုင်တန်းခြင်း မှာ ကြံ့ ခိုင်သည့် တရားစီရင်ရေးဖြစ် အောင် အားပေးကူညီရာရောက် မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၂၂ ရက် တွင် ကျင်းပသော ပြည်သူ့လွှတ် တော်အစည်းအဝေး၌ မဏ္ဍိုင်ကြီး သုံးရပ် ပူးပေါင်းဆောင် ရွက်ရေး နှင့်ပတ်သက်၍ တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်ရေးအပေါ် ပြည် ထောင်စုတရားသူကြီးချုပ် ဦး ထွန်းထွန်းဦး ရေးသားပေးပို့သော အကြံပြုချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးစိုးညွန့်က တင်ပြခဲ့ခြင်းဖြစ် သည်။

တရားစီရင်ရေးမဏ္ဍိုင်တွင် စိန်ခေါ်မှုများရှိနေပြီး ပထမစိန် ခေါ်မှုအဖြစ် တရားရုံးများအပေါ် မကျေနပ်သူတို့က အာဃာတ တရားဖြင့် တရားရုံးများကို အ ဆက်မပြတ် ဝေဖန်တိုက်ခိုက်ခြင်း၊ ဒုတိယစိန်ခေါ်မှုမှာ တရားစီရင် ရေးအပေါ် ဥပဒေနှင့်မညီဘဲ ၀င် ရောက်စွက်ဖက်ခြင်း၊ တတိယ စိန်ခေါ်မှုမှာ တရားရုံး၏ ဆောင် ရွက်ချက်အပေါ် နားလည်သ ဘောပေါက်မှုလွဲမှားခြင်းများ မ ပေါ်ပေါက်စေရန် တရားစီရင်ရေး ဆောင်ရွက်ချက်များကို ပြည်သူ များအား ပွင့်လင်းမြင် သာစွာ တင်ပြရန်လိုအပ်ခြင်း၊ စတုတ္ထ စိန်ခေါ်မှုအနေဖြင့် တရားစီရင် ရေးနှင့် သက်ဆိုင်သော တရားသူ ကြီးများ၊ ရှေ့နေရှေ့ရပ်များ၊ တ ရားစွဲအဖွဲ့အစည်းများနှင့် သက် သေများအားလုံး အရည်အချင်း၊ အရည်အသွေး တိုးတက်မြင့်မား ရန် လိုအပ်ခြင်းတို့ဖြစ်သည်ဟု တင်ပြချက်တွင် ပါရှိသည်။

တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ်မှသာ ဥပဒေစိုးမိုးမှု ရှိမည်ဖြစ်ကာ ဥပဒေစိုးမိုးမှ ပြည် သူများ ဥပဒေဘောင်အတွင်း လုံ ခြုံအေးချမ်းစွာ နေထိုင်ပြီး အ သက်မွေးဝမ်းကျောင်းပြုနိုင်မည် ဖြစ်ကြောင်း လွှတ်တော်သို့ ပြည် ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က တင်ပြ သည်


7Day Daily

No comments:

Post a Comment

My Blog List