Friday, October 24, 2014

တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာလွှတ်တော်မှ ရွေးချယ်ခန့်အပ်ရန် နိုင်ငံရေးပါတီများက ပြင်ဆင်ချက်ပေးထားဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကော်မတီအစီရင်ခံစာတွင် ဖော်ပြ



တိုင်းဒေသကြီး(သို့) ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာလွှတ်တော်မှ ရွေးချယ်ခန့်အပ်ရန် နိုင်ငံရေးပါတီများက ပြင်ဆင်ချက်ပေးထားဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကော်မတီ၏အစီရင်ခံစာအား အောက်တိုဘာ ၂၂ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အစီရင်ခံစာပါ ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ပုဒ်မများခေါင်းစဉ်အောက်တွင် ၎င်းပုဒ်မ ၂၆၁ (ခ)အား ထည့် သွင်းဖော်ပြခဲ့သည်။

လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ပုဒ်မ ၂၆၁(ခ)အရ နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ် တာဝန်ပေးသည်။

ကော်မတီ၏အစီရင်ခံစာတွင် ပုဒ်မ ၂၆၁ (ခ)နှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ "နိုင်ငံတော် သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်" အစား "တိုင်းဒေ သကြီး(သို့) ပြည်နယ်လွှတ်တော်သည် ၀န်ကြီးချုပ်ခန့်အပ်တာဝန်ပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒမဲဖြင့် ရွေးချယ်ပြီး ၎င်း၏အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်" ဟုလည်းကောင်း၊ ပုဒ်မခွဲငယ်(၂)ကို "နိုင်ငံတော် သမ္မတသည် ပေးပို့သည့်အမည်စာရင်းပါ ပုဂ္ဂိုလ်အား သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်" ဟုပြင်ဆင်ရန် အကြံပြုထားသည်။

NLD ပါတီက ပုဒ်မ ၂၆၁(ခ)ပါ "နိုင်ငံတော်သမ္မတသည်" အစား "သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်သည်" ဟု အစားထိုးပြင်ဆင်ရန် အကြံပြုထားသည်။

ချင်းတိုးတက်ရေးပါတီမှ ပုဒ်မ၂၆၁(ခ)ပါ "နိုင်ငံတော်သမ္မတ" နေရာတွင် "သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်များမှ ရွေးကောက်တင်မြှောက်ရမည်" ဟု အစားထိုးပြင်ဆင်ရန် အကြံပြုထားသည်။

အလားတူ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှလည်း ပြင်ဆင်ရန်အကြံပြုထားပြီး သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်မှ မဲဖြင့်ရွေးချယ်တင်မြှောက်ကာ ၀န်ကြီးချုပ်အဖြစ်အတည်ပြုရန် ပြင်ဆင်ထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List