Saturday, October 25, 2014

မေရီလန်း လေဆိပ်တွင် ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်တစ်စီး တိုက်မိပြီး လူသုံးဦး သေဆုံး



အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဖရက်ဒရစ်မြို့ရှိ မြို့တော်လေဆိပ်တွင် အောက်တိုဘာ ၂၃ ရက် နေ့လယ်က လေယာဉ်ငယ်တစ်စီးနှင့် ရဟတ်ယာဉ်တစ်စီး တိုက်မိပြီး လူသုံးဦးသေဆုံးကာ အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖရက်ဒရစ်ဒေသ မီးသတ်ဌာန အကြီးအကဲ ဒန်းနစ်ပိုဂတ်က ပြောကြားသည်။
ယင်းဖြစ်ရပ်မှာ ပျံသန်းနေစဉ် တိုက်မိခြင်းဖြစ်ပုံပေါ်သည်ဟု မေရီလန်းပြည်နယ် ရဲတပ်ဖွဲ့က စီအင်န်အင်န်သတင်း ဌာနအား ပြောသည်။လေယာဉ်ငယ်ပေါ်တွင် လိုက်ပါလာသည့် ဒဏ်ရာရရှိသူနှစ်ဦး ကို ဆေးရုံသို့ ပို့ဆောင်ထားသည်။

ရဟတ်ယာဉ်ပျက်ရှိနေသောနေရာမှာ လေယာဉ်ငယ်ရှိနေ သော နေရာနှင့် တစ်မိုင်ပုံ ၁၀ ပုံ ခန့် ကွာဝေးပြီး လူသုံးဦး သေဆုံး နေသည်ကို တွေ့ရကြောင်းနှင့် ယင်းသေဆုံးသူသုံးဦးလုံးမှာ ရ ဟတ်ယာဉ်နှင့် လိုက်ပါလာသူများလား ဆိုသည်ကို မသိရဟု မေရီ လန်းပြည်နယ် ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိပုဂ္ဂိုလ် ဂရက်ရှက်ဖလေ က ပြောသည်။

ဆေးရုံသို့ ပို့ဆောင်လိုက် သော အသက်ရှင်ကျန်သူ ၁၂ ဦး မှာ နောက်ပိုင်းတွင် ဆေးရုံမှဆင်း သွားကြပြီဖြစ်ကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့်ရှိအမျိုးသမီး ဂျိုလီ ဘတ်လာက ပြောသည်။

ဖက်ဒရယ်လေကြောင်း ပျံ သန်းမှု စီမံခန့်ခွဲရေးဌာန (FAA)၏ ကနဦး သတင်းထုတ်ပြန်မှုအရ Cirrus SR 22 အမျိုးအစား လေ ယာဉ်တစ်စီးနှင့် R44 ရဟတ် ယာဉ်တို့သည် ဖရက်ဒရစ်မြို့တော် လေဆိပ်၏ အနောက်တောင် ဘက်တွင် နေ့လယ် ၃ နာရီ ၄၀ မိနစ်၌ တိုက်မိခဲ့သည်။

SR22 လေယာဉ်မှာ ယင်း လေဆိပ်မှ လေယာဉ်ဖြစ်ပြီး ရဟတ်ယာဉ်မှာ တိုက်မိသည့်အ ချိန်က လေ့ကျင့်ပျံသန်းနေခြင်း ဖြစ်ကြောင်း FAA ကပြောသည်။

လေကြောင်းပျံသန်းမှု ထိန်း ချုပ်ရေးဌာနက အသံဖမ်းထား ချက်အရ လေယာဉ် မတိုက်မိခင် စက္ကန့်ပိုင်းအလိုတွင် ယင်းလေ ယာဉ်ငယ် ဆင်းသက်ရန် အန္တ ရာယ်ကင်းကြောင်း အချက်ပြခဲ့ သည်ဟု သိရသည်။

—Ref: CNN
7 day

No comments:

Post a Comment

My Blog List