Saturday, October 25, 2014

တူရကီရှိ ကောင်စစ်ဝန်ရုံးများကို အ၀ါရောင်အမှုန့်ပါ စာအိတ်များ ရောက်ရှိ လာမှုကြောင့် လုံခြုံရေး တိုးမြှင့်


တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ကနေဒါ၊ အမေရိကန်၊ ဘယ်လ်ဂျီယံနဲ့ ဂျာမန် ကောင်စစ်ဝန် ရုံးတွေဆီကို အမျိုးအမည်မသိ အဝါရောင်အမှုန့်တွေပါတဲ့ စာအိတ်တွေ အောက်တိုဘာလ ၂၄ ရက်နေ့က ရောက်လာလို့ လုံခြုံရေး တပ်လှန့်ထားရပါတယ်။

ဒီအပတ်အတွင်း ကနေဒါနိုင်ငံမှာ စစ်သွေးကြွတိုက်ခိုက်မှု ၂ ကြိမ်ဖြစ်အပြီး ခုလိုဖြစ်တာပါ။ ကနေဒါကောင် စစ်ဝန်ရုံး ဝန်ထမ်းတယောက်က သံသယဖြစ်ဖွယ် ချောစာထုပ်ကို တိုက်ရိုက် ထိမိပြီး တခြား ၆ ယောက်က တဆင့်ခံ ထိတွေ့မိခဲ့ တယ်လို့ တူရကီကပ်ဘေးစီမံခန့်ခွဲရေးအဖွဲ့က ကြေညာချက်ထဲမှာ ဖော်ပြထား ပါ တယ်။

ကြိုတင်သတိထားမှုအနေနဲ့ လူ ၉ ယောက်ကို ဆေးရုံတင်ထားရပါတယ်။ အဖွဲ့တွေကတော့ ကနေဒါနဲ့ ဘယ်လ်ဂျီယံ ကောင်စစ်ဝန်ရုံးတွေကို အဆိပ်သင့်ညစ်ညမ်းမှုကင်းအောင် လုပ်ခဲ့ပြီး ဂျာမနီ ကောင်စစ် ဝန်ရုံးကို ဆက်ပြီး သန့်ရှင်းရေး လုပ်နေတယ်လို့ အဖွဲ့ပြောခွင့်ရ ဒိုဂံ စကီးနတ်က ပြောပါတယ်။

အမေရိကန်သံရုံးပြောခွင့်ရတော့ အစ်စတန်ဘူက ကောင်စစ်ဝန်ရုံးကလည်း သံသယဖြစ်ဖွယ် အမှုန်တွေ ပါတဲ့ စာအိတ်တလုံး လက်ခံရရှိခဲ့တယ်လို့ အတည်ပြု ပြောဆိုပါတယ်။ လုံခြုံရေး စနစ်အရ ကိုင်တွယ်နေ တယ် ကောင်စစ်ဝန်ရုံးကိုလည်း ပုံမှန်အတိုင်း ဆက်လည်ပတ် နေတယ်လို့ သူက ပြောပါတယ်။

ဒီအမှုန့်တွေက ဘာတွေဆိုတာ ချက်ချင်းမသိရသေးပါဘူး။ မြို့တော် အန်ကာ ရာက ဓာတ်ခွဲခန်းတွေဆီကို နမူနာတွေ ပို့ပြီးပါပြီ။ တခြားကောင်စစ်ဝန်ရုံးတွေနဲ့ သံရုံးတွေကလည်း သူတို့ ဘေးကင်းရေး အစီအစဉ် တွေကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List