Wednesday, October 22, 2014

ပုဒ်မ ၅၀၅ (ခ) ဖြင့် ပေါင်းတည်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် အကျဉ်းသူတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ဗ.က.သ ကျောင်းသား များ ထောင်ရှေ့၌ ထိုင်သပိတ်ဆင်နွှဲ


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပေါင်းတည်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အကျဉ်းသူတစ်ဦး၏ အမျိုးသမီးရော ဂါအတွက် ဆေးရုံတွင် ကုသခွင့်ရရှိရန် ယင်းအကျဉ်းထောင်ရှေ့တွင် အောက်တို ဘာ ၂၁ ရက် ညနေပိုင်းက ထိုင်သပိတ်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါသပိတ်ကို အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီမှ စတင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်းရုံးချိန်းက လည်း သဲကုန်းမြို့နယ် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း၊ ယင်းအမျိုးသမီးမှာ သဲကုန်း မြို့နယ် အောင်ကုန်းကျေးရွာမှ လယ်မြေသိမ်းဆည်ခံရမှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့သူ များထဲမှ တစ်ဦးဖြစ်ပြီး ဖြစ်ပွားနေသည့် အမျိုးသမီးရောဂါကြောင့် ဆေးကုသမှုရရှိရန် ပြီးခဲ့သည့်တစ်ပတ် ရုံးချိန်းတွင် အကျိုးဆောင်
ရှေ့နေမှ တရားရုံးသို့ တင်သွင်းခဲ့ပြီး ယနေ့အချိန်ထိ ဆေးကုသမှု မရရှိခြင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်း
ဖြစ်ကြောင်း သပိတ်ကိုဦးဆောင် ပြုလုပ်ခဲ့သူများထံမှ သိရသည်။

“ပြီးခဲ့တဲ့ ရုံးချိန်းကတည်းက ထောင်တွင်းဆေးမှူးရဲ့ ဆေးစာရွက်နဲ့ တရားရုံးကို တင်တယ်။ တရားသူကြီးက
တော့ ဒါသူလုပ်ပိုင်ခွင့် မဟုတ်ဘူး။ ရဲစခန်းမှူးကို အကြောင်းကြားတော့ ဆေးခန်းသွားတယ်ပြောတယ်။ဒေါ်မညိုက ထောင်ကျသေးတာလည်း မဟုတ်သေးဘူး။ အကျဉ်းသားဆိုပေမယ့် ကျန်းမာရေး စောင့်ရှောက် မှု လုပ်ဖို့အတွက် ထောင်မှူးမှာ လုပ်ပိုင်ခွင့် အပြည့်ရှိတယ်။ သူလုပ်ပေးရမယ်။ အခုကျတော့ သူတို့က ဆေးကုသခွင့်မပြုလို့ ကျောင်းသားတွေ က ထောင်ရှေ့မှာ ဆန္ဒပြကုန်တာပါ” ဟု ဖမ်းဆီးခံထားရသူများ၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောကြားသည်။

ဒေါ်ညိုမှာ အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးရွားမှုကြောင့် မူးလဲကျမှုများလည်း ဖြစ်ပွားခဲ့ကြောင်း၊ ဆေးကုသမှုကို အချိန်မှန်လာရောက် စစ်ဆေးခြင်း မရှိသလို သွေးပေါင်ချိန်ပေးခြင်းနှင့် ဆေးဝါးအနည်းငယ် ကိုသာ ပေးခဲ့ကြောင်း၊ သားအိမ်ကင်ဆာ ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ပြင်ပဆေးရုံ၌ ဆေးကု သမှု တောင်းခံခြင်းဖြစ်ကြောင်း ရုံးချိန်းလာရောက်စဉ် ၎င်းကပြောကြားသည်။

“အခုဆိုရင် ဒေါ်ညိုက အမျိုးသမီးသွေးလွန်တဲ့ရောဂါကို အရမ်းခံစားနေရတယ်။ ကျွန်မတို့နဲ့ သဲကုန်းရုံးချိန်း ကနေ ပြန်လာတော့ သူမထိုင်နိုင်တော့ဘူး။ အဲဒါကို သူတို့ ကိုယ်ချင်းမစာနာဘူး။ ထောင်ရှေ့မှာ တောင်းဆို
နေတာကိုလည်း အကြောင်းမပြန်ဘူး။ လှုပ်တောင်မလှုပ်ဘူး။ ကျွန်မတို့လိုချင်တာက ဒေါ်ညိုကို ညတွင်း ချင်း ဆေးကုသပေးပါ။ စွဲဆိုထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးပါ” ဟု သပိတ်ဆင်နွှဲမှုတွင် ပါဝင်ခဲ့သည့် ရန်ကုန်တောင်ပိုင်းခရိုင် ဗ.က.သ ကျောင်းသူ တစ်ဦးဖြစ်သည့် မယွန်းရွှေခိုင်က ပြောကြားသည်။

တောင်းဆိုမှုများ ပြုလုပ်နေချိန်တွင် ခရိုင်တွင်း တာဝန်ရှိရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ချိုချိုဝင်းတို့က ထောင်တွင်းဆေးစစ်ဆေး မှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံအုပ်ကြီးက အဖျားသွေးမရှိကြောင်း၊ သွေးပေါင်ချိန်လည်း မကျကြောင်း၊ သို့သော် သားအိမ်နှင့် ဆီးစပ်ကြားတွင် နှစ်လက်မပတ်လည် အလုံး တစ်လုံးကို စမ်းမိကြောင်း လောလောဆယ်တွင် သက်သာမှုရှိစေရန် ဆေးထိုးပေးထားကြောင်း၊ သောက်ဆေးများလည်းပေးထားကြောင်း ပြောဆိုသွားသည်။

ယင်းပြုလုပ်မှုကို ဗ.က.သ ကျောင်းသားများက ဦးဆောင်ခဲ့ပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ မြို့ခံများ အပါဝင် ၅၀ ခန့်က ပြုလုပ်ခဲ့ကြကာ ဒေါ်ညိုဆေးကုသခွင့် ရရှိရေး၊ ဖမ်းဆီးထိန်းသိမ်းခံ တောင်သူများ လွှတ်ပေးရေးတို့ကို ကြွေးကြော် တောင်းဆိုခဲ့ပြီး ည ၁၀ နာရီခွဲခန့်တွင် တောင်းဆိုမှုကို ရုပ်သိမ်းခဲ့သည်။

Eleven Media Group 

No comments:

Post a Comment

My Blog List