Wednesday, October 22, 2014

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဝန်ခံချက်ကို တရားဝင်ပြန်ရုပ်သိမ်းပြီ


ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ ၀င်းဇော်ထွန်း နဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲထံမှာ ထွက်ဆို ခဲ့ရတဲ့ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူတို့ ရဲ့ ရှေ့နေတွေက ပြောလိုက် ပါပြီ။ 

အောက်တိုဘာလ ၂၁ ရက်နေ့က ကော့စမွေအကျဉ်းထောင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်း ရှေ့နေ များ ကောင်စီက သူတို့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေ မစ္စတာ Ratsada Manurassada ဟာ ၆ နာရီ ကြာတွေ့ဆုံခဲ့စဉ်မှာ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာ ၀စ်သရစ်ခ်ျ တို့ကို သူတို့ လုံးဝ မသတ် ခဲ့ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် ဒီအမှုကို သူတို့ လုံးဝ မကျူးလွန်ခဲ့တာတာကြောင့် ထိုင်းရဲတွေဆီမှာ သူတို့သတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ချက်ကို တရားဝင် ပြန်ရုပ်သိမ်းတာဖြစ်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။  


ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲက ညှင်းပန်းနှိပ်စက်ပြီး အတင်း လူသတ်မှု၊ မုဒိန်းမှု ကျူးလွန်တယ် လို့ ဝန်ခံခိုင်းခဲ့လို့သာ ထွက်ဆိုခဲ့ရတာဖြစ်တယ်လို့လည်း  ရှေ့နေ Ratsada Manurassada က ပြောထားပါ တယ်။ 

"ရဲက မေးခွန်းတွေ မေးတာကို စကားပြန်က ပြန်ဆိုပေးခဲ့တဲ့အခါ အမှားတွေ ပြန်ဆိုပေးခဲ့တယ်လို့ သူတို့ က ပြောတယ်။ ကျနော်တို့က မျှမျှတတဖြစ်ဖို့ စကားပြန်ပြောတာကိုလည်း နားထောင်မယ်။ ဘက်ပေါင်းစုံ က အချက် အလက်တွေ စုဆောင်းမယ်" လို့ ရှေ့နေ  Ratsada Manurassada က ဘန်ကောက်ပို့စ် ကို ပြောပါတယ်။

အခု အမှုမှာ စကားပြန် ကိုကမာဆိုတဲ့ ရိုတီရောင်းသူက မှားယွင်းဘာသာပြန်ဆိုမှုတွေ လုပ်ခဲ့တယ်ဆိုတာ
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ပြောတယ်လို့ သူက ဆက်ပြောထားပါတယ်။

 ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ သူတို့ရဲ့ ၀န်ခံချက် ရုပ်သိမ်း တဲ့ ကြေညာချက်ကို လက်မှတ်ထိုးပေး တာကြောင့်  ရှေ့နေ  Ratsada Manurassada က စာရွက်ကို ယူလာပြီး ထိုင်းအစိုးရရဲ့ တရားစွဲဆိုရေး လုပ်ဆောင်ခဲ့သူ Paiboon Achawananthakhun ကို  ပေးအပ်ခဲ့ပါ တယ်။ 

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေလည်း ထိုင်းရဲက ဖမ်းဆီးထားတဲ့ သူတို့ရဲ့ သားတွေကို တွေ့ဖို့ ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ 

သူတို့အတွက် နေထိုင်မှုကိစ္စတွေကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးက စီစဉ်ဆောင် ရွက်ပေးထားပြီး သားဖြစ်သူတွေကို ထိုင်းနိုင်ငံ အကျဉ်းထောင်တခုဖြစ်တဲ့ ကော့စမွေ အကျဉ်းထောင်ဆီ သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ 

သူတို့ရဲ့ မိဘတွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့နဲ့ လိပ်ကျွန်း အရေး ကူညီပေးနေ သူတွေ ငွေကြေး အခက် အခဲရှိနေတာကြောင့် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ (ဇေကမ္ဘာ)နဲ့ ၊ လွှတ်တော်ကိုယ် စားလှယ် ဦးနေဝင်းထွန်းတို့က တဦးလျှင် ကျပ် သိန်း ၁၀၀ စီနဲ့  စုစုပေါင်း ကျပ် သိန်းပေါင်း ၃၀၀ ကို အလှူငွေထည့် ၀င်မှုကိုမနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ မှတ်တမ်း တင်ခဲ့ကြပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List