Tuesday, October 21, 2014

၂၀၁၅ ရွေးကောက်ပွဲပြီးလျှင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နုတ်ထွက်မည်ဟုဆို



၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြီးစီးပါက ကော်မရှင် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်တော့ မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတွင် အောက်တိုဘာ ၂၀ ရက်က လူမှုအခြေပြုအဖွဲ့အ စည်းများနှင့် တွေ့ဆုံရာ၌ ပြော ကြားလိုက်သည်။
‘‘ဒီလွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲကြီး လုပ်ပြီးရင် ကျွန်တော်နားမှာပါ’’ ဟု ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြော ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်၏ သက်တမ်းသည် သမ္မတက နောက်ထပ်ကော်မရှင်ကို ဖွဲ့စည်းသည့် အချိန်ထိဖြစ် သည်ဟု ရွေးကောက်ပွဲကော်မ ရှင် ဥပဒေက ပြဋ္ဌာန်းထားသည်။

ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏ ရာထူးသက်တမ်း ကို လည်း လွှတ်တော်အစိုးရအဖွဲ့ တို့၏ သက်တမ်းနှင့် တူညီသည် ဟု ပြဋ္ဌာန်းထားခြင်း မရှိဘဲ ရာထူး သက်တမ်း မကုန်ဆုံးမီ နုတ်ထွက် လိုပါက အစိုးရအဖွဲ့ထံ တင်ပြ နုတ်ထွက်နိုင်သည်ဟုသာ ဥပဒေ က ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ကော်မရှင်ဥက္ကဋ္ဌ၏ ရာထူး သက်တမ်းကို ဥပဒေတွင် မသတ် မှတ်ထားသည့်အတွက် အကယ် ၍ ကော်မရှင် ဥက္ကဋ္ဌက နုတ်ထွက် မည်ဆိုပါက ၎င်း၏ သဘောဆန္ဒ အရ နုတ်ထွက်ခြင်းသာဖြစ်သည် ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်ဆို သည်မှာ လွှတ်တော်၊ အစိုးရကဲ့ သို့ သက်တမ်းဖြင့် မဟုတ်ဘဲ အမြဲ တမ်းရှိရမည့် ကော်မရှင်ဖြစ်သဖြင့် ကော်မရှင်သက်တမ်းကို သတ်မှတ်မထားခြင်းဖြစ်ကြောင်း လွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာစိုးမိုးအောင်ကဆိုသည်။

မန္တလေးတိုင်း၊ တံတားဦး မြို့နယ်၏ ပြည်ခိုင်ဖြိုးပါတီ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒု တိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင် အေးသည် ၂၀၁၁ ခုနှစ် ဖေဖော် ၀ါရီ ၁၆ ရက်တွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက် ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် အဆိုပြုကာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ပဲခူးတိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီဝင်၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးဦးပိုင်လီမိတက် ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

7day

No comments:

Post a Comment

My Blog List