အင်ဒိုနီးရှား သမ္မတသစ်ဂျိုကို ဝီဒိုဒိုက ၄င်း၏ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများ စာရင်းကို နောက်ဆုံးရွေး ချယ်ခဲ့ကြောင်း ပြောကြားလိုက်သည်။ ဒုတိယသမ္မတယူဆွတ်ကယ် လာနှင့်အတူ ဝန်ကြီးစာရင်း၌ပါသူ ကိုတွေ့ ဆုံမေးမြန်းခဲ့သည်။
တနင်္လာ နေ့ ညနေမှစတင်ခဲ့ကာ အင်္ဂါနေ့က အရုဏ်တက်ချိန်အထိကြာမြင့်ခဲ့သည်ဟု ဆိုသည်။
သူ၏ဝန်ကြီးအဖွဲ့၌ပါဝင်မည့် သူများကို နောက်ဆုံးရွေးချယ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ပါဝင်သည့် ဝန်ကြီးများအမည်ကိုမူ ကြေညာသွားခြင်း မရှိသေးဟုဆို သည်။
ဝန်ကြီးစာရင်းတွင် ပါဝင်သူများ အား အင်္ဂါနေ့နံနက် ၃နာရီအထိ ခေါ်ယူတွေ့ ဆုံခဲ့ကြောင်း၊ ဘယ်သူ မဆို နိုင်ငံတော်အဆင့်နေရာမှာရှိ နေရင် ကိုယ့်အဖွဲ့မှာ ပါမယ့်လူ ဘယ် လိုလူလဲဆိုတာကို သိနေဖို့လိုပါတယ် ဟု ဂျိုကိုဝီက ပြောကြားခဲ့သည်ဟု သိရသည်။
Ref: Reuters
Yangon Media Group

No comments:
Post a Comment