Wednesday, October 22, 2014

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ တံဆိပ်တုံးထု၍ ဆန္ဒမဲပေးရတော့မည်


၂၀၁၅ ခုနှစ် နှစ်ကုန်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးရာတွင် မိမိရွေးချယ်သည့် ကိုယ်စား လှယ်လောင်းအမည်၌ တံဆိပ်တုံးရိုက်နှိပ်ရွေးချယ်သည့်စနစ်ကိုသာ ကျင့်သုံးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။

အောက်တိုဘာ (၂၀)ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်၌ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးအပါအ၀င် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် အရပ်ဖက် အဖွဲ့အစည်းများတွေ့ဆုံအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"၂၀၁၀ ရွေးကောက်ပွဲတုန်းက ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းအမည်ကို အမှန်ခြစ်တဲ့ စနစ်သုံးခဲ့ တယ်။ မထင်လို့ ၂ခါ ၃ခါ ထပ်ခြစ်တော့ပယ်မဲဖြစ်တာတွေရှိတယ်။ အဲ့ဒီလိုမဖြစ်အောင် လာမယ့်ရွေး ကောက်ပွဲမှာတော့ တံဆိပ်တုံးထုတဲ့စနစ်ကို ကျွန်တော်တို့ သုံးမှာဖြစ်တယ်။"ဟု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်မှ ညွန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။

၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟု အတိုက်အခံပါတီများက ဝေဖန်ပြော ဆိုခဲ့ သော်လည်း လက်ရှိအချိန်အထိ တိကျသည့်အရေးယူဆောင်ရွက်မှုများ မလုပ်နိုင်ခဲ့ကြောင်းနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းကဲ့သို့ မဲမသမာမှုများ ဖြစ်ပေါ်မလာရန် မဲပေးပြီးသူ တိုင်း၏ လက်ညိုးတွင် မှင်တို့၍ အမှတ်အသားပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့  တံဆိပ်တုံးထုသည့် စနစ်ကျင့်သုံးပါက အမှားအယွင်းနည်းနိုင်သည့် အတွက် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြေနည်းပါးကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌဦးခင်မောင်ဆွေက သုံးသပ်သည်။

" တံဆိပ်တုံးထုရင်တော့ နောက်ထပ်ပြဿနာတွေ ဖြစ်မလာနိုင်ဘူးပေါ့ဗျာ။ အမှန်အမှားခြစ်ရင်တော့ အမှား တွေ ဖြစ်နိုင်တာပေါ့။ တံဆိပ်တုံးကတော့ ဘောင်ထဲမှာ ကွက်တိဝင်သွားတာဖြစ်တဲ့အတွက် ဒါကတော့ ရှင်း တယ်လို့ ကျွန်တော်မြင်ပါတယ်။" ဟု ဦးခင်မောင်ဆွေက ပြောသည်။

လွှတ်တော်သက်တမ်း (၄)နှစ်နီးပါးရှိပြီဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ်အောက်တို ဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလအတွင်း အထွေထွေရွေး ကောက်ပွဲကျင်းပပေးရမည်ဖြစ်သည့်အတွက် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် မဲစာရင်းကောက်ယူခြင်း များကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် လက်ရှိ လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော် အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲကျင်း ပနိုင်ရန် လိုအပ်ချက်များ ရှိနေသည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင် တော့ကြောင်း စက်တင် ဘာလ အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List