Wednesday, October 22, 2014

နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်နိုင်ရန် လေ့ကျင့်သင်ကြားပေးထားသူ တစ်ထောင်ကျော်ရှိဟုဆို


အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်လာစေရန် အမျိုးသမီးအဖွဲ့အစည်းများက လေ့ကျင့်သင် ကြားပေး ထားသော အမျိုးသမီးဦးရေ တစ်ထောင်ကျော်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်လာရန်နှင့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ရပ်/ကျေးအုပ်ချုပ် ရေးမှူးအဆင့် နှင့် တိုင်း၊ ပြည်နယ်အဆင့် လွှတ် တော်များတွင် အမျိုးသမီးများ ၅ရာခိုင်နှုန်းအထက် ပါဝင် လာစေရန် စီမံချက်ချဆောင်ရွက်နေခြင်း ဖြစ်သည်။

‘‘အမျိုးသမီးတွေကို ပါတီထဲမှာနေရာပေးလာဖို့နဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရပ်ကျေးအဆင့်က နေ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့အတွက် လေ့ကျင့်သင်ကြားပေးနေ တာပါ။ မူဝါဒတွေ လွတ်လွတ်လပ်လပ်ရေး ဆွဲတတ်အောင်၊ တွေးခေါ် နိုင်စွမ်းရှိအောင်၊ အမျိုးသမီးတွေ ရဲ့ခေါင်းဆောင်မှု စွမ်းရည်မြင့်မားဖို့ကို လုပ်ပေးနေတာပါ’’ဟု ဖန်တီးအိမ် အမျိုးသမီးခေါင်းဆောင်မှု အကယ်ဒမီသင်တန်းကျောင်းမှ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လွတ်လပ်သည့် တွေးခေါ်မှုဆိုင်ရာ စွမ်းရည်များ၊ နိုင်ငံရေး တွင် ပါဝင်လာနိုင်ရန်အတွက် အမျိုးသမီးများ လိုအပ်သည့် သတင်းအချက်အလက်များကို မည်သို့ ယူရ မည်။ အိမ်တွင်းမှု ကိစ္စရပ်များကို နိုင်ငံ ရေးနယ်ပယ်တစ်ခုအဖြစ် ချိတ်ဆက်မြင်လာတတ်စေရန် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

‘‘စွမ်းရည်ရှိရင်ရှိသလောက် အမျိုးသမီးတွေကို နေရာတစ်ခု ပေးဖို့အတွက် လိုပါတယ်။ ဒီလို နေရာတစ်ခု ရဖို့ဆိုတဲ့ နေရာမှာ လည်း အရည်အချင်း ပြည့်ဝဖို့ လိုပါတယ်။ လိုအပ်ချက်တွေဖြည့် ထားဖို့တော့ လိုတယ်။ လက်ရှိ ပါတီတွေကလည်း အမျိုးသမီး တွေကို နေရာပေးဖို့အတွက်ဆို တာ ပေါ်လစီမရှိသေးတဲ့အတွက် အခက်အခဲတော့ရှိပါတယ်’’ ဟု အမျိုးသမီးပံ့ပိုးမှု တာဝန်ခံ ဒေါ် ခင်လေးက ပြောသည်။

‘‘အရင်က ရပ်ကွက်မှာ တစ်ခုခုဖြစ်လို့ ဘယ်လိုအကူအညီ တောင်းရမလဲဆိုတာ မသိဘူး။ တချို့ဆို တစ်ဖက်သတ်ခံလိုက်ရတာတွေရှိတယ်။ အခုလိုသင်တန်းတွေကနေ ဘယ်လိုပြန်ပြီး တုံ့ပြန်ရမလဲဆိုတာ နည်းလမ်းတွေ သိလာရတယ်။ တုံ့ပြန်တယ်ဆိုတာကလည်း ဥပဒေအရ ကာကွယ်တတ်ဖို့ပါ’’ဟု ခေါင်းဆောင်မှု စကားဝိုင်းဆွေးနွေးပွဲသို့ တက် ရောက်နေသူ လှိုင်မြို့နယ်မှ ဒေါ်သန်းသန်းဆင့်က ပြော သည်။

7Day Daily

No comments:

Post a Comment

My Blog List