Tuesday, October 21, 2014

အီဘိုလာ သေတွင်းမှ လွတ်ခဲ့သူ သူနာပြုက ရောဂါသည်များကို ကူညီရန် အာဖရိကသို့ ပြန်သွားမည်


ဗြိတိန်နိုင်ငံ၏ ပထမဆုံး အီဘိုလာ ရောဂါသည် ဖြစ်ခဲ့သူ သူနာပြုသည် အသက်ဘေး လွတ်မြောက်ခဲ့ ပြီး နောက် ရောဂါကူးစက်ခံခဲ့ရသည့် ဆီရီယာလီယွန်နိုင်ငံသို့ ရောဂါခံစား နေရသူများကို တစ်ဖန်ထပ်ကူညီရန် ပြန်လည် သွားရောက်ပြီဖြစ်သည်။

ဝီလီယမ်ပူလီဆိုသူ အသက်၂၉နှစ်ရှိ သူနာပြုသည် မလိုအပ်ပဲ သေဆုံးရမှု များကို ကာကွယ်တားဆီးရန် နှင့် ဝေဒနာရှင် များကို အားပေး နှစ်သိမ့် နိုင်ရန် အတွက် ဆီရီယာယွန်သို့ ပြန်လည် သွားရောက်ခြင်း ဖြစ်ကြောင်း ကျေနပ်စွာ ဖွင့်ဟခဲ့သည်။

ဗြိတိန်ကျန်းမာရေး အဖွဲ့ ၏ အီဘိုလာ ရောဂါ ယူနစ်တွင် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ယမန်နေ့ ညက ဆီရီယာလီယွန် မြို့ တော် ဖရီးတောင်းသို့ ရောက်ရှိခဲ့ သည်။ "တကယ့် အရေးပေါ်အခြေအနေ လိုအပ် နေတာက အနောက်အာဖရိက မှာပါ။ လူတွေကို တတ်နိုင်သလောက်ကူညီသွားရမှာ ဖြစ်တယ်"ဟု ပူလီကပြော သည်။
      
ပူလီသည် King's Health Partner အဖွဲ့ နှင့် လက်တွဲ အလုပ်လုပ်မည်ဖြစ်ပြီး ဒေသခံ ဝန်ထမ်းများကို လေ့ကျင့် သင်တန်းများ ပေးရာ၊ ကျန်းမာရေး ယူနစ်များကို ကူညီရာတို့ တွင် ပါဝင် လုပ်ဆောင်သွား မည်ဖြစ်သည်။ 

အိမ်နီးချင်း ဂီနီနိုင်ငံတွင်လည်းအီဘိုလာကုသဆေးအတွက် ဗြိတိန်သိပ္ပံပညာရှင်
များရောက်ရှိကာစမ်းသပ် လျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင် အီဘိုလာဖြစ်ပွားသူ နှစ်ဦးတွေ့ ရှိထားပြီး ၎င်းတို့ နှစ်ဦးစလုံးကို ရိုင်ရယ်ဖရီး ဆေးရုံတွင် တင်ထား ကုသလျက် ရှိသည်။

Ref: Mirror
Mizzima - News in Burmese

No comments:

Post a Comment

My Blog List