Monday, November 16, 2015

အစိုးရသစ်ထံ အာဏာလွှဲပြောင်းရေး မစိုးရိမ်ကြရန်နှင့် သတ်မှတ်ချိန်အတွင်း စနစ်တကျ ချောမွေ့စွာ လွှဲပြောင်းမည်ဟု သမ္မတပြော



အစိုးရသစ်ထံ တာဝန် လွှဲပြောင်းမှုကို သတ်မှတ်ထား သည့် အချိန်အတွင်း စနစ်တကျ လုပ်ဆောင်မည်ဖြစ်ပြီး ထိုအ တွက် စိုးရိမ်ပူပန်မှုမထားရန်နှင့် အသွင်ကူးပြောင်းရေးကို ချောမွေ့ စွာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ရက်၌ နိုင်ငံနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပါတီများအား ပြောကြားလိုက်သည်။
‘‘ကျွန်တော့်အနေနဲ့ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဒုတိယအ ကြိမ်လွှတ်တော်များကျင်းပဖို့ဖိတ် ကြားမှာဖြစ်ပါတယ်။ လွှတ်တော် များအနေနဲ့က ဆောင်ရွက်ရန်ရှိ သည်များကို အဆင့်ဆင့်ဆောင် ရွက်ပြီးတဲ့အခါမှာ ပေါ်ပေါက်လာ မယ့်အစိုးရအဖွဲ့သစ်ထံကို သတ် မှတ်ချိန်အတွင်း စနစ်တကျတာ ၀န်လွှဲပြောင်းပေးအပ်သွားမှာဖြစ် ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးစိုး ရိမ်ပူပန်မှုမရှိစေဖို့နဲ့ တည်တည် ငြိမ်ငြိမ်နဲ့ ချောချောမွေ့မွေ့ဖြစ် စေဖို့ ဆောင်ရွက်မှာဖြစ်တယ်’’ဟု သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၅ ရက်၌ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။

လက်ရှိ အစိုးရ အနေဖြင့် ကျန်ရှိနေသေးသည့် အစိုးရသက် တမ်းကာလအတွင်းတွင်တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ် ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းချက် များအတိုင်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ် ထုံးလုပ်နည်းများနှင့်အညီ ဒုတိယ အကြိမ် လွှတ်တော်များ စတင် ကျင်းပရန် ဖိတ်ကြားမည် ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

အစိုးရအဖွဲ့အနေဖြင့် ငြိမ်း ချမ်းရေးကဏ္ဍတွင်လက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့နှင့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်(NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးလက် မှတ်မထိုးရသေးသည့်အဖွဲ့များပါ ၀င်လာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ NCAသည် ငြိမ်းချမ်းရေးအတွက် အခြေခံ အုတ်မြစ်တစ်ခုအဖြစ် အကောင်းဆုံးချန်ထားနိုင်ခဲ့မည်ဖြစ်ကြောင်း၊နောင်အစိုးရသစ်အနေဖြင့် ယင်းအခြေခံကောင်းများပေါ်တွင် အကောင်း ဆုံးဆက်လက်ဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ကြောင်းသမ္မတက ဆက်လက်ပြောကြား သည်။

ထို့အပြင် ဒီမိုကရေစီစနစ်၏ အဓိကကျသော အပြန်အလှန် ထိန်းကျောင်းမှု (Check and Balance) မပျောက်စေရေးအ တွက် ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကာ ရွေးကောက်တင် မြှောက်ခြင်းမခံရသော ပါတီများ အနေဖြင့်လွှတ်တော်ပြင်ပနိုင်ငံ ရေးအနေဖြင့် ထိန်းကျောင်းသွား ရမည်ဖြစ်သည်ဟု သမ္မတဦးသိန်း စိန်က နိုင်ငံရေး ပါတီများအား ပြောသည်။

နိုဝင်ဘာ ၁၅ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် သမ္မတနှင့်နိုင်ငံ ရေးပါတီများတွေ့ဆုံပွဲကို နိုင်ငံ ရေးပါတီ ၈၀ကျော်တက်ရောက်ခဲ့ ပြီး နိုင်ငံရေးပါတီအချို့က ၅ မိနစ် ၀န်းကျင်စီ ပြန်လည်တင်ပြဆွေးနွေးမှုများရှိခဲ့သည်။

သမ္မတ၏အမှာစကားပြော ကြားပြီးပြီးချင်းတွင် ပထမဦးဆုံး ဆွေးနွေးတင်ပြခွင့်ကို ရွေးကောက်ပွဲ၌ နေရာ အများဆုံး အနိုင်ရရှိထားသည့်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)က ရရှိခဲ့ ပြီး ပါတီကိုယ်စားပြုတက်ရောက် လာသည့် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ‘‘ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေဖြင့် အခုအ ခြေအနေမှာ ကျွန်တော်တို့ ပြော ချင်တဲ့ စကားတစ်ခုရှိပါတယ်။အဲ ဒါက ဘာလဲဆိုတော့ ကျွန်တော် တို့ ၁၉၈၈ ခုနှစ်ပါတီစပြီးဖွဲ့စည်း ကတည်းက ဒီနေ့အထိ ကျွန်တော် တို့ ကိုင်စွဲထားတဲ့မူရှိပါတယ်။ အဲ ဒါက အမျိုးသားပြန်လည်ရင်ကြား စေ့ရေးပါ။ ကျွန်တော်တို့ ဒီမူဝါဒ ကို ယနေ့အထိကိုင်စွဲတယ်။ ရှေ့ ဆက်ပြီး လုပ်ရမယ့်လုပ်ငန်းစဉ် မှာလည်း ဒီမူဝါဒကို ကိုင်စွဲပြီး တော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင် ရွက်သွားမှာပါ’’ဟု ဦးဉာဏ်ဝင်း ကပြန်လည်ဆွေးနွေးပြောကြားခဲ့ သည်။

သမ္မတနှင့် နိုင်ငံရေးပါတီ များတွေ့ဆုံပွဲသည် နံနက် ၁၀နာ ရီမှ ၁၁နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊အာ ဏာလွှဲပြောင်းမှု၊ ချောမွေ့ရေး၊ လာမည့်အစိုးရအနေဖြင့်လက်ရှိ အစိုးရအဖွဲ့ မလုပ်နိုင်ခဲ့သည့်ကိစ္စ များကို ဆက်လက်လုပ်ဆောင် ရေးတို့ကို ဆွေးနွေးမှုများပြုလုပ်ခဲ့ ကြသည်။

ယခင်တွေ့ဆုံမှုများတွင် ပါ တီများကို နေရာချထားပေးရာ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အမှတ်စဉ် (၁)နေရာတွင် ပေးလေ့ရှိခဲ့သော်လည်း ယခုအကြိမ်၌ NLDပါတီကို ပထမဦးဆုံးနေရာ၌ နေရာချထားပေးသည်ကိုတွေ့ရသည်

ဆွေးနွေးပွဲအပြီးတွင် တက် ရောက်လာသော နိုင်ငံရေးပါတီ များကို နေ့လယ်စာဖြင့် ဧည့်ခံရာ၌ သမ္မတသည် NLD ပါတီမှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ခေါင်းဆောင်များနှင့် တစ်ဝိုင်း တည်းထိုင်ခဲ့သည်။

သမ္မတ အနေဖြင့် ရွေး ကောက်ပွဲတွင် လူထုထောက်ခံမှု အများဆုံးရထားသည့် NLDပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားရင်ကြားစေ့ရေးကို အ ခြေခံသည့်ဆွေးနွေးမှုပြုလုပ်ရန် တောင်းဆိုမှုအရ ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံဆွေးနွေးမှုမပြု လုပ်မီ NLD ပါတီအပါအ၀င် အခြားသောနိုင်ငံရေးပါတီများ အားလုံးနှင့် တွေ့ဆုံမှုကိုအရင်ဦးဆုံးပြုလုပ်မှုသည် လူထုဆန္ဒကို ဦး စားမပေးရာရောက်ကြောင်းနိုင်ငံရေးလေ့လာသူအချို့ကဝေဖန်မှုများရှိခဲ့သည်။

NLDပါတီ၏ပြောရေးဆိုခွင့် ရှိသူဦးဉာဏ်ဝင်းက သမ္မတအနေ ဖြင့် နိုင်ငံရေးပါတီများနှင့်ယခုကဲ့ သို့ တွေ့ဆုံမှုသည် ဒေါ်အောင် ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေး ရန်တောင်းဆိုမှုကို ရှောင်လွှဲချင် ၍ ကျင်းပခြင်းဖြစ်သည်ဟု မထင် ကြောင်းနှင့် ယခုကဲ့သို့ သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှုသည် ယခင်ကာလများကလည်း ရှိခဲ့သည်ဟု 7Day Daily သတင်းစာ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန်က နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းနှင့် လက်ဆွဲ နှုတ်ဆက်နေသည်ကို နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily


No comments:

Post a Comment

My Blog List