Friday, November 20, 2015

တရုတ်အပါအ၀င် နိုင်ငံအားလုံးနှင့် ရင်းနှီးသည့် ဆက်ဆံရေး မူဝါဒက ဆက်လက်ရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာနိုင်ငံသည် တရုတ်အပါအ၀င် နိုင်ငံအားလုံးနှင့် ရင်းနှီးသည့် ဆက်ဆံရေး မူဝါဒက ဆက်လက်ရှိမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုအလေးထား ဆောင်ရွက်သွားမည် ဟု ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ကတည်းက နိုင်ငံအားလုံးနှင့် ရင်းနှီးစွာ ဆက်ဆံ သည့် နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးခဲ့ပြီး NLD က ထိုမူဝါဒကို အောင်မြင်စွာ ကျင့်သုံးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆင်ဟွာ သတင်း ဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေးနှင့် ပတ်သက်၍ မေးမြန်း သည့်အခါ ဒေါ်အောင်ဆန်းစုကြည်က တရုတ်အပါအ၀င် နိုင်ငံတိုင်း၏ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုရန်အတွက် လူထု၏ ယုံကြည်မှု ရရှိရန် မရှိမဖြစ် လိုအပ် သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တရုတ်သမ္မတ ဇီကျင်ပင်းက ၂၀၁၃ တွင် အဆိုပြုခဲ့သည့် ပိုးလမ်မစီးပွားရေး ခါးပတ်လမ်းနှင့် ၂၁ ရာစု ရေကြောင်းပိုလမ်းမ အစီအစဉ်များသည် အာရှ၊ အာဖရိကနှင့် ဥရောပ တို့ကို ဆက်သွယ်ထားသော ရှေးဟောင်း ကုန်သွယ်လမ်းကြောင်းကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှု အဆင့်အတန်း တိုးတက်မှုတို့နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဒီမိုကရေစီ လုပ်ငန်းစဉ်တို့ကို ဟန်ချက်ညီစွာ အကောင်အထည်ဖော် သင့်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန် တွင် ပြုပြင်ပြောင်းလဲမှုကို အရေးတကြီး လိုအပ်နေပြီး ပြည်သူများ က ပြောင်းလဲမှုလိုချင်သောကြောင့် NLD ကို ထောက်ခံကြခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တည်ငြိမ်ရေးတို့ကို ရှေးရှု၍ မြန်မာနိုင်ငံသည် သက်ဆိုင်ရာ ပြသ၁နာများကို ပူးပေါင်းဖြေရှင်းပြီး ပြည်သူဆန္ဒကို အကောင်အထည်ဖော်နိုင်ကြောင်း ကမ္ဘာသို့ ပြသနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

KHTun

The Ladies News Journal

No comments:

Post a Comment

My Blog List