Monday, November 16, 2015

ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများကို ကော်မရှင် ဥက္ကဋ္ဌ ဖြေရှင်းမည်မဟုတ်


ပြီးခဲ့သည့် သတင်းပတ်က ပြီးဆုံးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဖြေရှင်းလိုကြောင်း နိုဝင်ဘာ ၁၅ရက်က မီဒီယာစင်တာ ပိတ်ပွဲ နှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
“ဘယ်သူတွေ ဘာပြောပြော မားမားမတ်မတ်လုပ်မယ်ဆိုပြီးတော့ ကျွန်တော် ဒီလိုဆုံးဖြတ်ခဲ့တာပါ” ဟု ဦးတင်အေးက ပြောသည်။

၎င်းအပေါ်ဝေဖန်ခံခဲ့ရမှုများ ခံရချိန်၌ အရှင်ဇနကာဘိဝံသ၏ အများအကျိုး လင်္ကာကို လက်ကိုင်ထား၍ ပြည်သူလူထုအကျိုးကိုဆောင်ရွက်နေသည်ဟု မှတ်ယူပြီး မိမိကိုယ်ကို တည့်မတ်နိုင်ခဲ့ ကြောင်းနှင့် ဝေဖန်မှုများအပေါ် မည်သို့မျှမပြောလိုကြောင်း ဦးတင်အေးက သတင်းထောက်များကို ပြောသည်။

ဥက္ကဋ္ဌ ဦးတင်းအေးက အရှင်ဇနကာဘိဝံသ၏ လင်္ကာကိုလည်း ရှင်းလင်းပွဲ၌ သတင်းထောက်များ ကိုလည်း ရွတ်ဆိုပြသွားခဲ့ပြီး ၎င်း၏ ရွေးကောက်ပွဲ အတွက် လုပ်ဆောင်မှုများ၌ ဝေဖန်ပြစ်တင်မှုများသည် နစ်နာနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုသည် အကောင်းဆုံးလို့ မြင်ကြောင်း ပြောကြားခဲ့ သည်။

ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်းအေးက ယခုရွေးကောက်ပွဲအောင်မြင်မှု အတွက် ၎င်းကို ကျေးဇူးမတင်စေချင်ကြောင်းနှင့် ကော်မရှင်အဖွဲ့ဝင်များနှင့် အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင်များ၏ ကြိုးစားအား ထုတ်မှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်က ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ရမှ အင်မတန်ရှက်တာ၊ ကျွန်တော်က လည်း ကောင်းတယ်လို့ မပြောပါဘူး၊ သူများတွေကောင်းတယ်လို့ပြောတော့ ကျွန်တော်လည်း ကောင်းတယ်လို့ယူဆပါတယ်၊ကောင်းတယ်ဆိုလို့ရှိလျင် လည်း ကျွန်တော်ကို ကျေးဇူးမတင်းပါနဲ့ ကျွန်တော့် ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ကြိုးစားမှုကြောင့်၊ ကျွန်တော်ရဲ့ မဲရုံဝန်ထမ်တွေ ကြိုစားမှုကြောင့် ဖြစ်ပါတယ်၊ ဒီလိုပဲပြောရမယ်” ဟု ဦးတင်အေးက ဆိုသည်။

ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်မှ ရွေကောက်ပွဲအနိုင်ရလာဒ်များကို နိုဝင်ဘာလ(၉)ရက် ညနေပိုင်းမှစ၍ နိုဝင်ဘာလ(၁၅) ရက်နေ့ညနေပိုင်း အထိ မီဒီယာစင်တာမှ တရားဝင် ထုတ်ပြန်ကြေညာခဲ့ရာ (၉၉)ရာခိုနှုန်း ကြောညာခဲ့ပြီးဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List