Friday, November 20, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံပြီး အချက်ငါးချက်ပါ ပူးတွဲကြေညာချက် ထုတ်ပြန်





ဒေါ်အောင်ဆန်းစု ကြည်နှင့် ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းတို့ နိုဝင်ဘာ ၁၉ ရက်က တစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုအပြီး လွှတ် တော်လုပ်ငန်းများလွှဲပြောင်းရေး အပါအဝင် အချက်ငါးချက်ပါဝင် သည့် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရလဒ်အကောင်အ ထည်ဖော်ရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် ထိပ် တန်းခေါင်းဆောင်သုံးဦးနှင့်တွေ့ ဆုံရေး တောင်းဆိုထားရာ ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီတွင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လွှတ်တော်နာယကသူရဦး ရွှေမန်းနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့သည် မကြာခဏတွေ့ ဆုံမှုများရှိခဲ့သော်လည်း ရွေး ကောက်ပွဲ အနိုင်ရပါတီကို ဒုတိယ အကြိမ် လွှတ်တော်သက်တမ်း လွှဲပြောင်းပေးရေးနှင့် အနိုင်ရ ပါတီခေါင်းဆောင် တောင်းဆို ထားသည့်သမိုင်းဝင် တွေ့ဆုံမှုအ တွက် ပထမဆုံးအကြိမ် လက်ခံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ သူရဦးရွှေမန်းနှင့် ဒီချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်တို့ လက်မှတ် ရေးထိုးထုတ်ပြန်သော ပူးတွဲကြေ ညာချက်တွင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကို ဥပဒေ နှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေး အစဉ်မပြတ် ဆွေးနွေးညှိနှိုင်းပူး ပေါင်း ဆောင်ရွက်ရေး၊ အထွေထွေ ရွေးကောက်ပွဲမှ တစ်ဆင့် ပြည်သူများ၏ ရွေးချယ်တာဝန် ပေးမှုကို ဆက်လက်အကောင်အ ထည်ဖော်ရေးအပါအဝင် အချက် ငါးချက်ကို တွေ့ဆုံမှုအပြီး လေးနာရီခန့်အကြာ၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နောက်တစ်ကြိမ် သက်တမ်းအတွက် လွှတ်တော် များဖွဲ့စည်းရာတွင် အမျိုးသားပြန် လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိစ္စရပ်များ ကို အလေးထားဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ အခြားအရေးကြီးလုပ်ငန်းတာဝန် များ ဆောင်ရွက်ရာ၌ အပြန်အ လှန်ယုံကြည်လေးစားပြီး သဟဇာတဖြစ်သော အစဉ်အလာကောင်း များ ချမှတ်နိုင်ရေး စသည့် အချက်များ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးမှုနှင့်ပတ် သက်၍ ဆွေးနွေးပွဲတက်ရောက်ခဲ့ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်သော ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ကို မေးမြန်းခဲ့ သော်လည်း ထုတ်ပြန်ချက်ထုတ် မည်ဖြစ်၍ ၎င်းတို့အနေဖြင့် အခြားပြောစရာမရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

တစ်နာရီကြာ တွေ့ဆုံမှုအ ပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် လွှတ်တော်ဒုတိယနာယကအပါ အဝင် အခြားပုဂ္ဂိုလ်များရုံးခန်းအ တွင်းမှ ထွက်ခွာလာသော်လည်း သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသည် ၄၅ မိနစ်ခန့်ကြာ ဆက်လက်တွေ့ဆုံခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List