Wednesday, November 18, 2015

အစိုးရသစ်ကို စောင့်မျှော်နေတဲ့ စိန်ခေါ်မှုကြီးများ


၂၀၁၅ရွေးကောက်ပွဲရလဒ်အရဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လာမယ့် ငါးနှစ် သက်တမ်းအတွက် အာဏာရ ပါတီဖြစ်လာပါပြီ။ သမ္မတတစ်ဦး၊ ဒုတိယသမ္မတတစ်ဦးအပါအဝင် အစိုးရဖွဲ့နိုင်မှာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမတ်များကလည်း လွှတ်တော်မှာ လွှမ်းမိုးနိုင်လာတော့မှာ ဖြစ်ပါတယ်။ ပြဿနာ အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံရှိနေတဲ့ မြန်မာနိုင်ငံကို ငါးနှစ်သက်တမ်း တာဝန် ယူရမယ်ဆိုတာ တကယ်တော့ ပန်းခင်းတဲ့လမ်းတော့ မဟုတ်ပါ ဘူး။ ခယောင်းတောလမ်းကို ဖြတ် ကျော်ရမှာပါ။ ရှေ့မှာစိန်ခေါ်မှု တွေက အသင့်စောင့်ကြိုနေပါ တယ်။ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။
တပ်မတော်နဲ့ သင့်မြတ်ရေး

လက်ရှိ နိုင်ငံရေးအခင်း အကျင်းအရရော ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပေးထားချက် အရပါ မြန်မာ့နိုင်ငံရေးမှာ တပ် မတော်က အခန်းကဏ္ဍတစ်ခုအ ဖြစ် ပါဝင်နေဦးမှာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ စစ်တပ်ဟာ အ ကြောင်းအမျိုးမျိုးကြောင့် အပြန် အလှန်လေးစားမှုတွေ၊ ယုံကြည် မှုတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ အတိတ်က အာဏာရှင် ဗိုလ်ချုပ် တချို့ရဲ့ ပြည်သူတွေအပေါ် မ တရားဗိုလ်ကျပြုမူ ဆက်ဆံအုပ် ချုပ်ခဲ့တဲ့အတွက် တပ်မတော်ရဲ့ ပုံရိပ်ကို ပြည်သူတွေက အထင် မကြီး မလေးစား မယုံကြည်ဖြစ်ခဲ့ ရတာ ဖြစ်ပါတယ်။ အကျိုးဆက် ကတော့ နိုင်ငံတည်ဆောက်ရေး မှာ အဟန့်အတားဖြစ်လာတာပါ ပဲ။ ယုံကြည်မှုပျောက်ဆုံးလာတာ ကြောင့် ဘာလုပ်လုပ် အကောင်း မြင်မခံရပါဘူး။

ပြည်သူကိုယ်စားပြု အစိုးရ ဖြစ်လာမယ့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီဟာ ပြည်သူနဲ့ တပ်မတော်အကြား ပြန်လည် သင့်မြတ်ရေးကို တာဝန်ယူဆောင်ရွက်ရပါမယ်။ တာဝန်ယူဖို့အ ကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဒီ တာဝန်ဟာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အတွက် သမိုင်းတွင် မယ့် အခွင့်အရေးရှိတာ ဖြစ်ပါ တယ်။ အာဏာရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီရဲ့ တပ် မတော်အဆင်ပြေသင့်မြတ်ရေး ဟာ တကယ်တော့ ပြည်သူနဲ့ တပ်မတော်ပြန်လည်သင့်မြတ် ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ တပ်မတော်နဲ့ အာ ဏာရ ပါတီအကြား လွန်းထိုး ဆက်ဆံကြရမယ့် Key Player တွေထားရှိဆောင်ရွက်ဖို့ လိုပါ တယ်။ ဒီမိုကရေစီအငွေ့အသက်၊ ဒီမိုကရေစီအရသာကို အလှမ်း ပေးခဲ့တဲ့ တပ်မတော်နဲ့ ဆက်ဆံ ရမှာ ထင်သလောက် မလွယ်ကူ ဘူးဆိုတာကိုလည်း နားလည် ထားဖို့ လိုပါတယ်။

ဧရာဝတီမြစ်ဆုံ စီမံကိန်း

တရုတ် ကုမ္ပဏီကြီးတစ်ခု အကောင်အထည်ဖော်နေတဲ့ ဧရာ ဝတီမြစ်ဆုံစီမံကိန်းဟာလည်း လာမယ့် အစိုးရကို အကျပ်ရိုက် စေမယ့်၊ အရေးတကြီးရှင်းရမယ့် ပြဿနာတစ်ခု ဖြစ်နေပါတယ်။ လက်ရှိ သမ္မတဦးသိန်းစိန်တို့ စစ် အစိုးရလက်ထက်က စတင်ခဲ့တဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်း ကို မြန်မာတစ်နိုင်ငံလုံးက ဆက် လက် အကောင်အထည်မဖော်ဖို့ တစ်ခဲနက် ကန့်ကွက်ခဲ့ကြပါ တယ်။

သမ္မတဦးသိန်းစိန်ဟာ သူ့ အစိုးရတက်ပြီး သိပ်မကြာခင်မှာ ပဲ သူ့သမ္မတသက်တမ်းအတွင်း ရပ်ဆိုင်းတယ်လို့ ကြေညာခဲ့ပါ တယ်။ အဲဒီလို ရပ်ဆိုင်းခဲ့တာ ကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းရော ပြည်ပမှာပါ မျက် နှာရခဲ့ပြီး အမှတ်ရယူနိုင်ခဲ့ပါ တယ်။ သိပ်မကြာခင်လပိုင်းဆို ဦးသိန်းစိန် သမ္မတသက်တမ်းကုန် ပါတော့မယ်။ လာမယ့် အစိုးရမှာ လည်း ဦးသိန်းစိန် သမ္မတဖြစ်ခွင့် မရှိနိုင်တော့ပါဘူး။ ဒါဆိုရင် လာ မယ့် သမ္မတအသစ်၊ အစိုးရအ သစ်ဟာ မြစ်ဆုံစီမံကိန်းကို ပြန်စ မှာလား၊ ရပ်နားမှာလားဆိုတာ တိကျတဲ့ အဖြေတစ်ခုပေးရပါ တော့မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ ရွေးကောက်ပွဲ အနိုင်မရခင်ကတော့ ပြီးခဲ့တဲ့ အစိုးရတွေလုပ်ခဲ့တဲ့ မြစ်ဆုံစီမံ ကိန်း စာချုပ်ကို အသေးစိတ်မသိ သေးတာကြောင့် တိကျတဲ့ အဖြေ မပေးသေးပါဘူး။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ ပြည်သူ့ဆန္ဒကို မျက်နှာမူဖို့နဲ့ နိုင်ငံ တကာစာချုပ်စာတမ်း စည်းကမ်း လုပ်ထုံးလုပ်နည်းတွေကြား နိုင်ငံ ပုံရိပ်မကျရဖို့ နှစ်ခုအကြား သတိ ထားကိုင်တွယ် ဖြေရှင်းရမယ့် အခြေအနေဖြစ်ပါတယ်။

လက်ပံတောင်းတောင်စီမံကိန်း

စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာဟာ လည်း ယခုအထိ ကမ္ဘာကျော် ပြဿနာတစ်ခုဖြစ်ပါတယ်။ စီမံ ကိန်းဝန်းကျင်ရှိ ရွာတွေက နစ်နာ မှုတွေရှိလို့ စီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြပွဲတွေ လုပ်လာတာ အကြိမ်အရေအတွက် ရာနဲ့ချီရှိခဲ့သလိုယခုအထိလည်း မပြေလည်သေး ပါ ဘူး။ ရဟန်းသံဃာတွေ ထိခိုက် ဒဏ်ရာရတာ၊ ရွာသူရွာသားတွေ သေဆုံးတာ၊ ဖမ်းဆီးအရေးယူခံရ တွေကလည်း ပြဿနာရဲ့ အရွယ် အစားကို ဖော်ညွှန်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန် ယူပြီး စီမံကိန်းဆက်လုပ်သင့်၊ မလုပ်သင့် အဖြေရှာခဲ့ပေမယ့် နစ် နာမှုရှိခဲ့တဲ့ ရွာတချို့က လက်မခံ ခဲ့ကြပါဘူး။ လာမယ့် ၂၀၁၅ အလွန်ဆိုရင်တော့ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အဲဒီစီမံကိန်း ပြဿနာကို အာဏာရပါတီခေါင်း ဆောင်တစ်ဦးအနေနဲ့ ကိုင်တွယ် ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပြည်သူအကြား မျှတ အဆင်ပြေအောင် နည်းဗျူဟာ တွေ ချမှတ်ကိုင်တွယ်ရမှာပါ။

ပြည်တွင်းစစ်ရပ်စဲရေး

နှစ်ပေါင်း ၅၀ ကျော် ဖြစ်ပွား ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ရပ်စဲရေးကို သမ္မတဦးသိန်းစိန် အစိုးရဟာ ငါးနှစ်နီးပါးဆောင် ရွက်ခဲ့ပေမယ့် လိပ်ခဲတည်းလည်း အခြေအနေပဲရှိပါသေးတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဟာ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွေနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ငြိမ်းချမ်းရေးမရသေး သရွေ့ နိုင်ငံဖွံ့ဖြိုးဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် အပစ်အခတ်အပြီးသတ်ရပ်စဲဖို့၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးစကားဝိုင်းတွေ တွေ့ဆုံဆွေး နွေးဖို့ တာဝန်တွေကို အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဆက်လက်ဦးဆောင် တာ ဝန်ယူရတော့မှာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ မပြီးပြတ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်လိုဆက်လက်ကိုင်တွယ်သွားမလဲဆို တာ စိတ်ဝင်စားစရာကောင်းပါ တယ်။ တိုင်းရင်းသားတွေနဲ့ ပြုမူဆက်ဆံရမှာ ချဉ်းကပ်ပုံမှန်ကန်ဖို့ အလွန်အရေးကြီးပါတယ်။ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ငါးနှစ်သက်တမ်းအ တွင်း တိုင်းရင်းသားအရေးကို ဘယ်လောက်အထိ လက်တွေ့ ကျ ကျ ဆောင်ရွက်ပေးနိုင်မလဲဆို တာ စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ အနိုင်ရခဲ့တာကို တိုင်း ရင်းသား အဖွဲ့အစည်းတွေက ဂုဏ်ပြုစာပေးပို့ပြီး အမျိုးသားရင် ကြားစေ့ရေးကို ဆက်လက်ပူး ပေါင်းဆောင်ရွက်မယ်လို့ ကမ်း လှမ်းခဲ့ကြတာကြောင့် မြန်မာ ပြည်ငြိမ်းချမ်းရေး အလှမ်းမဝေး တော့ဘူးလို့ မျှော်လင့်ရပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီရဲ့ ရွေးကောက်ပွဲဝင်ရတဲ့ အဓိကရည်ရွယ်ချက်တွေထဲမှာ ဒီမိုကရေစီဖော်ဆောင်ဖို့ ခက်ခဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့လည်း အပြန် အလှန်ပတ်သက်နေပါတယ်။ ဖွဲ့စည်းပုံမပြင်ဘဲနဲ့ ငြိမ်းချမ်းရေးရ ဖို့ မလွယ်ကူပါဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အာဏာရလာပေမယ့်၊ လွှတ်တော်မှာ နေရာအများစုယူထား နိုင်ပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး မလွယ်ကူသေးပါဘူး။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပေးထား ချက်အရ မည်သို့ပင် ကြိုးစားစေကာမူ လွှတ်တော်ထဲက တပ် မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုမပါဘဲ ပြင်လို့မရတဲ့ အခြေအနေရှိပါ တယ်။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တချို့ကလွဲပြီး တပ်မတော်သားကိုယ်စားလှယ်တွေကို စေ လွှတ်ထားတဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကို မစည်းရုံးနိုင်ဘဲ အခြေခံဥပဒေပြင်ဆင်ရေး ဟာ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေးကို အတော်ရုန်းကန်ရ မယ့် အနေအထားဖြစ်ပါတယ်။ အစိုးရသစ်ရင်ဆိုင် ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေက အထက်မှာဖော်ပြခဲ့တဲ့ ပြဿနာတွေတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ များစွာကျန်ပါသေးတယ်။ ပြောမဆုံးပေါင် ရှိနေတာပါ။

စစ်အစိုးရအဆက်ဆက် အကြောင်းအမျိုးမျိုးပြပြီး သိမ်း ဆည်းခဲ့တဲ့ လယ်ယာမြေသိမ်း ဆည်းမှုပြဿနာ၊ ကျောင်းသား တွေ ကန့်ကွက်နေဆဲ အမျိုးသား ပညာရေး ဥပဒေကိစ္စ၊ ပြိုလဲလုလု ဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက် ရေးတွေဟာလည်း အစိုးရသစ်ကို အိုးစည်ဗုံမောင်းတွေနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် စောင့်ကြိုနေသလို အောက်ကျနောက်ကျဖြစ်နေတဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ ကလည်း ချန်ထားလို့မရတဲ့ အခြေအနေဖြစ်နေပါတယ်။

အစိုးရသစ်အနေနဲ့ လာမယ့်သက်တမ်းငါးနှစ်အတွင်း စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ရှဥ့်လည်းလျှောက်သာပျားလည်းစွဲသာ အခြေအနေကို ဖန်တီးရမှာ ဖြစ်ပါတယ်။

ပြည်သူကိုလည်း မျက်နှာမူ၊ တခြားမျက်နှာစာတွေကိုလည်း အဆင်ပြေစေဖို့ ကြိုးစားရမှာပါ။ ပြည်သူက အစိုးရထံကနေ မျှော်မှန်းချက်ကြီး နေပါတယ်။ပြည်သူကလည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေ၊ အစိုးရက အကန့်အသတ် ရှိတာတွေကို နားလည်မှုရှိမှ အဆင်ပြေပါမယ်။ ဒဏ်ရာတွေဗရပွနဲ့ ကျန်နေခဲ့တဲ့နိုင်ငံကို ငါးနှစ်နဲ့ အလုံးစုံမကယ်တင်နိုင်၊ မကုသနိုင်ဘူးဆိုတာ သိရှိ သဘောပေါက် ထားဖို့လိုပါတယ်။

ဆင်းရဲတွင်းအနိမ့်ဆုံးကို ကျနေတဲ့၊ ပြဿနာပေါင်းစုံရှိနေ တဲ့ မြန်မာနိုင်ငံကို ပြည်သူက ယုံယုံကြည်ကြည် တာဝန်ပေးလိုက်တဲ့ လာမယ့် အစိုးရသစ်၊ လွှတ်တော် သစ်တွေအနေနဲ့ ငါးနှစ်သက် တမ်းအတွင်း ဘယ်လောက်အထိ တာဝန်ကျေနိုင်မလဲ၊ ဘယ်လိုဖြေ ရှင်းမလဲဆိုတာ ငွေရောင်ပိတ် ကားပေါ်မှာ ဆက်လက်စောင့် ကြည့်နေကြဖို့ပါပဲ။ ပြည်သူတွေ ကတော့ အစိုးရသစ်ထံက အ ကောင်းဆုံးတွေကို မျှော်လင့်တကြီး စောင့်စားနေကြပါပြီ။

7Day News Journal

No comments:

Post a Comment

My Blog List