Monday, November 16, 2015

သီရိလင်္ကာ သမ္မတ က ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို ဂုဏ်ပြုချီးကျူးစကားဆို


သီရိလင်္ကာ သမ္မတ မိုင်သရီပါလာ ဆီရိဆာနာ (Maithripala Sirisena) က မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ သမိုင်းဝင်အောင်ပွဲခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ဂုဏ်ပြုချီးကျူးစကားဆိုလိုက်ပါသည်။မြန်မာပြည်သူတွေက ပေးလိုက်သည့် ပြတ်သားသောဆုံးဖြတ်ချက်သည် အနာဂတ်မှာ မြန်မာနိုင်ငံကို တိုးတက်ကြီးပွားချမ်းသာလာစေ ဖို့ လမ်းပြပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မူ အပေါ် ပြည်သူတွေက နက်နက်ရှိုင်းရှိုင်း ယုံကြည်အားကိုးမှုကို ပြသနေသည်ဟု သီရိလင်္ကာ သမ္မတ က ဆိုသည်။
"ဒါဟာ တိုင်းပြည်မှာ ဒီမိုကရေစီအတွက်နှစ်ပေါင်းများစွာ ရုန်းကနု ကြိုးပမ်း ခဲ့ တဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ တကယ့် ကိုယ်ပိုင်အောင်မြင်မှု ဖြစ် ပါတယ်၊ ထေရ၀ါဒ ဗုဒ္ဒဘာသာကို အတူ ကိုးကွယ်ကြာတာ မို့ သီရိလင်္ကာနဲ့  မြန်မာဟာ ကြာရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးရှိပါတယ်၊ မကြာခဏအပြန်အလှန် ဘုရားဖုးတွေနဲ့ ပြည်သူ အချင်းချင်း ဆက်သွယ်မှု ကလည်း ဒီဆက်ဆံရေးကို အားကောင်းစေခဲ့ပါတယ်"

အုပ်ချုပ်မှု ကောင်းမွန်ပြီး ပွင့်လင်းမြင်သာမှုရှိသော ဒီမိုကရေစီလမ်း ကြောင်း ကို ဆုပ်ကိုင်ထားသည့် သီရိလကာင်္ အစိုးရ အနေဖြင့် နှစ်နိုင်ငံ လူထု အကျိုး စီးပွားအတွက် နှစ်နိုင်ငံကြားရှိပြှီးသားဖြစ်သော စီးပွားရေး. လူမှုရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေမှာ ပိုမို အားကောင်း ခိုင်မြဲလာစေရန် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရအသစ် တို့ ဖြင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု သီရိလင်္ကာ သမ္မတက ပြောကြား လိုက် ပါသည်။

လင်းလင်း
Ref - Colombo Gazette

The Ladies News Journal

No comments:

Post a Comment

My Blog List