Wednesday, November 18, 2015

လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ရဲတပ်ဖွဲ့ကို တရားစွဲဆိုမည်ဟု သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်ပြောကြား


သပိတ်မှောက် ကျောင်းသားနှင့်ဝန်းရံပြည်သူများကို လက်ပံတန်းမြို့တွင်အကြမ်း ဖက်ဖြိုခွင်းခဲ့သည့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့အပေါ် ထိခိုက်နာကျင်စေမှုနှင့် လုလက်မှုတို့ဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သပိတ် မှောက်ကျောင်းသားခေါင်းဆောင်ကိုမင်းသွေးသစ်ကပြောသည်။
အမျိုးသားပညာရေးဥပဒေ ကို ဆန့်ကျင်သပိတ်မှောက်ဆန္ဒ ပြခဲ့သည့် သပိတ်စစ်ကြောင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က မတ်လ ၁၀ ရက်တွင် လက်ပံတန်းမြို့၌ အကြမ်းဖက်ဖြိုခွင်းခဲ့ရာတွင် ကျောင်းသားနှင့်ဝန်းရံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းနှင့် လက် ဝတ်ရတနာ၊ လက်ကိုင်ဖုန်း စ သည့်ပစ္စည်းများအပါအဝင် ကျပ် သိန်းနှစ်ရာကျော်ဖိုး ပျောက်ဆုံးခဲ့ခြင်းတို့ကြောင့် တရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကိုမင်း သွေးသစ်က ပြောသည်။

‘‘ဖမ်းဆီးတဲ့အချိန်မှာ ဘယ် နေရာမှာ ဘယ်နှယောက် ဝိုင်း ရိုက်တယ်။ ဘယ်နေရာတွေ ထိ ခိုက်သွားလဲဆိုတာကို တစ် ယောက်ချင်းစီ စာရင်းကောက်နေ တယ်။ ပြီးတော့ တရားရုံးသက် သေမှာ ပါမလာဘူး။ အကျဉ်း ထောင်စာရင်းမှာ မရှိဘဲ ပျောက် သွားတဲ့ပစ္စည်းစာရင်းတွေ လိုက် ကောက်နေတယ်။ အားလုံးပြီး သွားပြီဆိုရင် ရှေ့နေတွေနဲ့တိုင် ပင်ပြီးတော့ တရားရုံးကို တင်မှာ ပါ’’ဟု ကိုမင်းသွေးသစ်က ပြော သည်။

၎င်းတို့ဖမ်းဆီးခံရစဉ် သာယာဝတီအကျဉ်းထောင်၌ ကျောင်း သားနှင့် ဝန်းရံပြည်သူများရရှိထား သည့်ဒဏ်ရာများကို ရိုက်ကူးထား သော ဓာတ်ပုံနှင့်ဗီဒီယိုဖိုင်များကို ရှေ့နေများဖြင့်တိုင်ပင်၍တောင်းယူသွားမည်ဟုဆိုသည်။

တရားစွဲဆိုနိုင်ရန် ဖမ်းဆီးခံ ကျောင်းသားနှင့် ဝန်းရံပြည်သူ များ၏မိဘများ၊ ဗကသများအဖွဲ့ ချုပ်မှ ကျောင်းသားများ၊ တရား လွှတ်တော်ရှေ့နေများဖြင့် ဖွဲ့ စည်းထားသည့် တရားမျှတမှုဖော် ဆောင်ရေးကော်မတီတို့နှင့်ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

သပိတ်မှောက်ကျောင်းသား နှင့်ဝန်းရံပြည်သူများကို သာယာ ဝတီမြို့နယ်တရားရုံး၌ နိုဝင်ဘာ ၁၇ ရက်တွင် ရုံးထုတ်စဉ် သပိတ် မှောက်ကျောင်းသားများနှင့်ဝန်းရံ ပြည်သူများက ‘‘မတရားမှုဆန့် ကျင်ရေးလှုပ်ရှားမှု (Anti Injustice Movement)ကို ပြုလုပ်ခဲ့ပြီး တရားရုံးစင်္ကြံတွင် ကျောင်းသားသီချင်းများသီဆို ပြီး၊ မြင်းခြံထောင်အတွင်း အ ကြမ်းဖက်မှု တရားခံဖော်ထုတ် အရေးယူပေးရေး၊ လေးပွင့်ဆိုင် ကတိချိုးဖောက်မှုပြုကျင့်သည့် မတရားမှု ဆန့်ကျင်ရေး၊ လွတ် လပ်သော တရားစီရင်ရေးမရရှိ သည့် မတရားမှုဆန့်ကျင်ရေးနှင့် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေး တရားမျှတမှုမရှိခြင်းကို ဆန့် ကျင်ရေးတို့ကို တောင်းဆိုခဲ့ကြ သည်။

‘‘တရားစီရင်ရေးသွားနေတဲ့ အတိုင်းကို ကျွန်တော်တို့ဆက် လုပ်နေမှာပဲ။ တရားဥပဒေစိုးမိုးမှု မရှိဘူး။ ပုဒ်မတွေနဲ့စွဲနေတာက တရားမျှတမှုမရှိဘူးဆိုတာ ပြချင် လို့ ရုံးထွက်တိုင်းမှာ လုပ်နေမှာပဲ။ တခြားနိုင်ငံရေးအကျဉ်းသားတွေ ရဲ့ရုံးထွက်ရှိရင် သူတို့ရဲ့ရုံးထွက် မှာလည်း ဆက်လုပ်သွားမယ်’’ဟု ကိုမင်းသွေးသစ်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် အစာငတ်ခံဆန္ဒ ပြတောင်းဆိုနေသောကြောင့် ရန် ကုန်ပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေရသည့် ကိုအောင်မှိုင်း ဆန်း၊ ကိုမျိုးမြတ်စံနှင့် ကိုဖြိုးဓန တို့ အစာငတ်ခံဆန္ဒပြမှုကို ခေတ္တ ရပ်နားခဲ့၍ သာယာဝတီထောင် အတွင်း အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေသည့် ဝန်းရံပြည်သူ ကိုသိန်း၊ ကိုစိုးမိုးနိုင်၊ ကိုရဲထွဋ် နှင့် ကိုအောင်မြင့်ဟန်တို့သည် လည်း ခေတ္တရပ်နားထားမည်ဟု သိရသည်။

‘‘ကျွန်တော်တို့က ကိုအောင် မှိုင်းဆန်းကို ဝန်းရံတဲ့အနေနဲ့ အ စာငတ်ခံဆန္ဒပြတာဆိုတော့ သူ ခဏရပ်နားတယ်ဆိုရင် ကျွန် တော်တို့လည်း ရပ်နားမှာဖြစ်ပါ တယ်။ ကိုအောင်မှိုင်းဆန်းကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံတာလည်း ပါပါ တယ်။ နောက်ပိုင်း ၈၈ က ကိုမြ အေးရော၊ ရွှေဝါရောင်ဆရာတော် တွေရော အကုန်လုံးမေတ္တာရပ်ခံ တဲ့အတွက်ကြောင့် ခဏရပ်တန့် တာဖြစ်ပါတယ်’’ဟု ဝန်းရံပြည်သူ ကိုသိန်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီးတရား လွှတ်တော်ရုံးတွင် သာယာဝတီ ထောင်အတွင်း ဖမ်းဆီးထားသည့် သပိတ်မှောက်ကျောင်းသားနှင့် ဝန်းရံပြည်သူများအား တရားစွဲဆို ထားသည့် အမှုများမှ လွှတ်ပေး ရန် လျှောက်ထားသည့်လျှောက် ထားချက်ကို နိုဝင်ဘာ ၁၇ ရက် ရုံးချိန်းတွင် ပယ်ချခဲ့ကြောင်း တ ရားလွှတ်တော်ရှေ့နေ ဦးလှမျိုး မြင့်က ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List