Thursday, November 19, 2015

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သံအမတ် လာရောက်တွေ့ဆုံ


ရွေးကောက်ပွဲ တွင် အပြတ်အသတ်အနိုင်ရထား သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက နိုဝင်ဘာ ၁၈ ရက်တွင် နေပြည်တော်သို့ လာရောက်တွေ့ဆုံခဲ့သည်။တရုတ်သံအမတ် ဟုန်လျန် သည် အတိုက်အခံခေါင်းဆောင် ရွေးကောက်ပွဲအနိုင်ရပြီးနောက် နိုင်ငံတကာ သံအမတ်များထဲတွင် ပထမဆုံး လာရောက်တွေ့ဆုံသူ ဖြစ်လာသည်။
‘‘သံအမတ်အနေနဲ့ တရား ဝင်တွေ့တာဆိုရင် တရုတ်သံအ မတ်က ပထမဆုံးလို့ပြောလို့ရ တယ်။ ဒါကလည်း ထူးဆန်းတာ ပဲ။ တရုတ်အနေနဲ့ နိုင်ငံရေးအရ ရော စီးပွားရေးအရပါ မြန်မာ နိုင်ငံအပေါ် တတ်နိုင်သမျှ သြဇာ ထိန်းကျောင်းဖို့ရှိနေတော့ လက်ရှိ အာဏာရအစိုးရသာမက အ တိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ပါ နီးနီးကပ် ကပ်ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ဆက်စပ်နေတယ်။ ဒါက တရုတ် က သွက်သွက်လက်လက်နဲ့ ပူး ပေါင်းဆောင်ရွက်လိုတာကို ထင် ထင်ရှားရှားပြတာလို့မြင်တယ်’’ ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြော သည်။

နိုဝင်ဘာ ၁၈ ရက်နေ့လယ် တွင် နေပြည်တော်လွှတ်တော် ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုး ရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်၌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သံအမတ်ကြီးက လာရောက်တွေ့ဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

သို့သော်တွေ့ဆုံမှုတွင် မည် သည့်အကြောင်းအရာများထည့်သွင်းဆွေးနွေးဖြစ်သည်ကိုမူ အသေးစိတ် သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုနှင့်ပတ်သက်၍ ယခုသတင်းရေးသားနေစဉ် နိုဝင်ဘာ ၁၈ ရက် ည ၉ နာရီခွဲအထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခြင်းမရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သံအမတ်ကြီး လာရောက် တွေ့ဆုံခြင်းမပြုမီ တစ်ရက်အလို နိုဝင်ဘာ ၁၇ ရက်က တရုတ် သတင်းဌာနတစ်ခုဖြစ်သည့် ဆင် ဟွာသတင်းဌာနသည်ဒေါ်အောင် ဆန်းစုကြည်နှင့်သီးသန့်တွေ့ဆုံ မေးမြန်းခန်းပြုလုပ်ခဲ့သည်။

အင်တာဗျူးတွင် မြန်မာနိုင် ငံလွတ်လပ်ရေးရရှိခဲ့စဉ်ကတည်း က ကျင့်သုံးခဲ့သည့် နိုင်ငံခြားရေး မူဝါဒသည် နိုင်ငံအတွက် များစွာသင့်လျော်သည်ဟု ထင်မြင် ပြီး ယင်းမူဝါဒကို အောင်အောင် မြင်မြင် ဆက်လက်ကျင့်သုံးသွားနိုင်မည်ဟု ယုံကြည်ကြောင်း၎င်းက ပြောကြားခဲ့သည်။

‘‘တရုတ်ပြည်ဆိုတာ ကျွန်မ တို့ရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ် တယ်ဆိုတာ အားလုံးက သိပြီး သားပါပဲ။ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးဆိုတာက အဝေးနိုင် ငံများရဲ့ဆက်ဆံရေးထက် အများ ကြီးပိုပြီးသိမ်မွေ့ပါတယ်။ သိမ် မွေ့တဲ့အလျောက် ကျွန်မတို့ဟာ ဒီဆက်ဆံရေးကို သိပ်ပြီးတော့ အလေးထားပြီးတော့ ကောင်း ကောင်းမွန်မွန်၊ ထိထိရောက် ရောက်၊ တိတိကျကျဆက်ဆံသွား မှာပါ။ မိတ်ဖြစ်ဆွေဖြစ်ဆိုတာ ဟို ဘက်ဒီဘက် နှစ်ဖက်စလုံးက လို လားလို့ရှိရင် မဖြစ်နိုင်စရာ အ ကြောင်းမရှိပါဘူး’’ဟု ဒေါ်အောင် ဆန်းစုကြည်က ဆင်ဟွာအား ပြောသည်။

မြန်မာနိုင်ငံတွင် ထိရောက် အောင်မြင်စွာရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မည်သည့်နိုင်ငံဖြစ်စေ အလို အပ်ဆုံးကိစ္စမှာ ပြည်သူများ၏ယုံ ကြည်မှုကို ရယူရန်ဖြစ်ပြီး ပြည်သူ များက ယင်းနိုင်ငံများနှင့်စီးပွား ရေးအရ ဆက်ဆံရေးသည် မိမိတို့ နိုင်ငံကို အကျိုးပြုပါလားဆိုသည် ကို သဘောပေါက်သွားပါက သ ဘောပေါက်သည့်အလျောက်တိုး တက်ပြီး ဆက်ဆံရေးများပိုမိုနွေး ထွေးလာမည်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က တရုတ်သ တင်းဌာနနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီအနိုင်ရခဲ့ချိန်က လည်း ပထမဆုံးလာရောက်တွေ့ ဆုံခဲ့သူမှာ တရုတ်သံအမတ်ပင် ဖြစ်သည်။ သို့သော် စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအ မှတ်မပြုသည့်အပြင် အနိုင်ရသူ များကို ဖမ်းဆီးထောင်ချမှုပြုလုပ်ခဲ့သည်။ စစ်အစိုးရလက်ထက်နှစ် ပေါင်းများစွာ နေအိမ်အကျယ် ချုပ်ကျခံနေခဲ့ရသော အတိုက်အ ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို တရုတ်က ခပ်ဝေးဝေးမှ သာနေ၍ အဆက်အဆံ ကင်းခဲ့ သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ ကြားတွင် အစိုးရအဆက်ဆက် အစိုးရချင်းဆက်ဆံရေး၊ တရုတ် ကွန်မြူနစ်ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှစ် ပါတီကြား ဆက်ဆံရေးသာ ရှိခဲ့ သည်။

‘‘၁၉၉၀ နဲ့ အခုအနေအထား နဲ့ တော်တော်ကွာပါတယ်။ ၉၀ ရွေးကောက်ပွဲ မတိုင်ခင်က တ ရုတ်သံရုံး၊ တရုတ်အစိုးရ၊တရုတ် ကွန်မြူနစ်ပါတီနဲ့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ကြားမှာ ထိ ရောက်တဲ့ ထင်သာမြင်သာဆက်ဆံ ရေးမရှိခဲ့ဘူး။ နောက် ဒေါ်အောင် ဆန်းစုကြည်ကလည်း နေအိမ်အ ကျယ်ချုပ်ကျနေခဲ့တယ်။ အခု တော့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီရဲ့ဥက္ကဋ္ဌ ဖြစ်တယ်။ တရုတ် ကွန်မြူနစ်ပါတီနဲ့ ပါတီချင်းဆက် ဆံရေးမြင့်မြင့်မားမားရှိနေတယ်။ တရုတ်နိုင်ငံသမိုင်းမှာ ပထမဆုံး လို့ ပြောရလောက်အောင် တခြား တစ်နိုင်ငံရဲ့အတိုက်အခံခေါင်း ဆောင်ကို တရုတ်အစိုးရ ပေါ် လစ်ဗျူရို ခေါင်းဆောင်တွေက ဆက်ဆံရလောက်အောင်မြင့်မြင့် မားမားရှိနေတယ်’’ဟု ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်ကွန်မြူနစ်ပါတီ (CPC)၏ တရားဝင်ဖိတ်ကြားမှု ဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်မှ စတင်ကာ ငါးရက်ကြာတရုတ်ခရီး စဉ် သွားရောက်ခဲ့သည်။ CPC အတွင်းရေးမှူးချုပ်ဖြစ်သည့် တ ရုတ်သမ္မတ စီကျင်းပင်၊ တရုတ် ဝန်ကြီးချုပ် လီကီကျန်းတို့ အပါအဝင် ပေါ်လစ်ဗျူရိုခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့သည်။

‘‘တရုတ်-မြန်မာ ဆက်ဆံ ရေးကို မဟာဗျူဟာကျ ရေရှည် ရှုထောင့်ကနေပြီး တရုတ်ကအမြဲ ရှုမြင်ပါတယ်။ မြန်မာဘက်အနေ နဲ့လည်း တရုတ်-မြန်မာဆက်ဆံ ရေးအပေါ်မှာ အပြောင်းအလဲမရှိ တဲ့ရပ်တည်ချက်တစ်ခုကို ထိန်း သိမ်းထားမယ်လို့။ ပြီးတော့ မြန်မာ ပြည်တွင်းအခြေအနေ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ ချစ်ကြည်ရင်းနှီး တဲ့ဆက်ဆံရေးကို တိုးပွားအောင် လုပ်ဆောင်မယ်လို့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ပါတယ်’’ဟုစီကျင်းပင်က ရွေးကောက်ပွဲမတိုင် ခင် ငါးလအလို၌ ဒေါ်အောင်ဆန်း စုကြည်ကို တိုက်တွန်းခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List