Thursday, November 19, 2015

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၄ ခုတွင် ၁၂ ခုကို ဒီချုပ်သိမ်းပိုက်


တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော် ၁၄ ခုအနက် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှအပ ကျန် ၁၂ ခုတွင် ကိုယ်စားလှယ် နေရာအများစုကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က အများဆုံးအ နိုင်ရခဲ့ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန် သော ရွေးကောက်ပွဲရလဒ်များအရ သိရသည်။
ဒီချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၂၆ နေရာတွင် ၄၇၄ နေရာအထိ အနိုင်ရခဲ့သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊မွန်ပြည်နယ်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အနိုင်ရခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကို စိုးမိုးထားနိုင်သည့် အရေအတွက် ရရှိထားခြင်း ဖြစ်သည်။

လက်ရှိတိုက်ပွဲများဖြစ်ပွား လျက်ရှိပြီး တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်ရေးလမ်းကြောင်းတွင် ရှိသော ရှမ်းပြည်နယ်၌မူ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂ နေရာဖြင့် အများဆုံး အနိုင်ရပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ နေရာ၊ ဒီချုပ်က ၂၁ နေရာအသီးသီးအနိုင်ရခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင်လည်း ရခိုင်အမျိုးသားပါတီက ၂၂ နေရာအနိုင်ရပြီး ဒီချုပ်က ရှစ်နေရာသာအနိုင်ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံ တော်သမ္မတက ခန့်အပ်ရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စု လွှတ်တော်တွင်လည်း ဒီချုပ်က သာ အစိုးရဖွဲ့နိုင်မည့် အရေအ တွက်အထိ အနိုင်ရထားသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ဒီချုပ်ကသာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၆၁ နေရာတွင် ၄၈၉ နေရာအထိ အနိုင်ရခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List