Thursday, November 19, 2015

ပါဝင်သင့်၊ ပါဝင်ထိုက်သူများအားလုံးပါဝင်သည့် ပထမအကြိမ် နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း တိုက်တွန်း


လာမည့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် မတိုင်မီ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် ပထမအကြိမ် နိုင်ငံရေး ဆွေးနွေးပွဲကြီးပြုလုပ်နိုင် ရေး ကြိုးပမ်းဆောင်ရွက် သွားရန် ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း ကတိုက်တွန်းပြောဆိုလိုက်သည်။
နိုဝင်ဘာ ၁ရ ရက်တွင် နေပြည် တော်၌ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးတွင်ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကထိုသို့တိုက် တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ''ကျွန်တော်တို့အစိုး ရအနေနဲ့ ကျန်ရှိတဲ့အစိုးရသက်တမ်းမှာ NCA ကို မချိုးဖောက်ဘဲ အ ကောင်အထည်ဖော်သွားဖို့သန္နိဋ္ဌာန် ချထားပါတယ်။ နိုင်ငံရေးဆွေးနွေး ပွဲတွေအကောင်အထည်ဖော်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်သ လို အပစ်အခတ်ရပ်စဲရေးခိုင်မာရေး ကိစ္စရပ်များနဲ့ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ခိုင်ခိုင်မာမာပါလာ နိုင်အောင် ဆက်လက်ကြိုးပမ်းသွား ပါ့မယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကဆိုသည်။

နိုဝင်ဘာလ ၁ရ ရက်နေ့တွင် လည်း JICM အစည်းအဝေးပြင် ပြည် ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှုပူး တွဲကော်မတီ UPDJC အစည်းအ ဝေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးတို့ကို ကော်မ တီတစ်ခုချင်းစီဖြင့်သီးခြားပြုလုပ်ခဲ့ ပြီးနိုဝင် ဘာလ ၁၈ ရက်တွင် JICM ကို ဆက်လက်ပြုလုပ်မည်ဖြစ်ကာ အဆိုပါ JICM အစည်းအဝေးမှဆုံး ဖြတ်ချက်နှင့် အတည်ပြုချက်များချ မှတ်ပေးရန်ဖြစ် ကြောင်း ပြည်ထောင် စုဝန်ကြီးဦးအောင်မင်းကဆိုခဲ့သည်။

ထိုသို့ JICM မှဆုံးဖြတ်ချက် များကိုအတည်ပြုချမှတ်ပြီးမှသာ NCA TimeLine အတိုင်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မ တိုင်မီ မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲ များစတင်ကာ မူဘောင်များဆွေးနွေး အတည်ပြုနိုင်ရန်ဖြစ် ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ကလုပ်ငန်းစဉ်များကို ရှင်းလင်းပြော ဆိုခဲ့သည်။

ထို့အပြင် UPDJC ဖွဲ့စည်းရန် အစိုးရကိုယ်စားလှယ်များ၊ လက်နက် ကိုင်တိုင်းရင်းသား ကိုယ်စားလှယ် များနှင့် နိုင်ငံရေး ပါတီမှ ကိုယ်စား လှယ်များအချိုးတူ ၁၆ဦးစီဖြင့်ဖွဲ့စည်း ရန်သဘောတူခဲ့ကြပြီး ယခုအခါ တွင်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်၁၆ဦးစီဖြင့် သာဖွဲ့စည်းခဲ့သည့်အတွက် ကျန်ရှိ နေသည့်နိုင်ငံရေးပါတီများမှ ကိုယ် စားလှယ် ၁၆ ဦးရရှိရန် အဆိုပါရွေး ချယ်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့ ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးဦး အောင်မင်းက ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ် ၁၆ ဦးရွေးချယ်ပြီးပါက နိုဝင် ဘာလ ၂၄ ရက်တွင် အစိုးရ၊ လက် နက်ကိုင်တိုင်းရင်းသားများနှင့်နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ် ၁၆ ဦးစီဖြင့်စုစုပေါင်း ၄၈ ဦးပါဝင်သည့် သုံးပွင့်ဆိုင် UPDJC ကော်မတီကို တွေ့နိုင်အောင်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လည်း ပြည် ထောင်စုဝန်ကြီးဦးအောင်မင်းကဆိုသည်။

ZCH
#Democracytoday

No comments:

Post a Comment

My Blog List