Friday, November 20, 2015

ရန်ကုန်မြို့တွင် လူငယ်အဖွဲ့များ၏ ငြိမ်းချမ်းရေးရှိုက်သံ ကမ်ပိန်း နိုဝင်ဘာ ၂၂ ရက်၌ ပြုလုပ်မည်


ငြိမ်းချမ်းရေးရှိုက်သံ (ဂစ်တာဖြင့် ငြိမ်းချမ်းရေး ရှာဖွေခြင်း) ကမ်ပိန်းကို ပြည်တွင်း လူငယ် အဖွဲ့အစည်းသုံးဖွဲ့နှင့် ငြိမ်းချမ်းရေး လိုလားသည့် လူငယ်များ စုပေါင်းကာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာပြည်တွင်းလူငယ်များ ပညာရေးနှင့် လူမှုဘဝဆုံမှတ် အဖွဲ့အစည်းမှ သိရှိရသည်။
အဆိုပါကမ်းပိန်းကို မြန်မာပြည်တွင်း လူငယ်များ ပညာရေးနှင့် လူမှုဘဝဆုံမှတ်၊ Independent Youth for Change၊ ပန်းပျိုးလက် လူငယ်စင်တာတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကမ်ပိန်းပြုလုပ်မယ့် နေရာကိုတော့ ကြိုမပြောဘူး။ ဒါပေမဲ့ မီဒီယာကိုတော့ ကမ်ပိန်းပြုလုပ်မယ့် နေ့ကျမှ အသိပေးမယ်။ နေရာကို ကြိုတင်ပြီး မပြောရတာကလည်း ကျွန်တော်တို့က သက်ဆိုင်ရာ အဖွဲ့အစည်း တွေကို ပွဲပြုလုပ်မယ့် အကြောင်း စာမတင်ထားလို့ပါ ” ဟု မြန်မာပြည်တွင်း လူငယ်များ ပညာရေးနှင့် လူမှုဘဝဆုံမှတ် တည်ထောင်သူ ကိုလင်းနီသွေးက ပြောသည်။

အဆိုပါ ကမ်ပိန်းတွင် ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသည့် လူငယ်များစုပေါင်းကာ ကျင်းပခြင်းဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများအတွက် ကူညီထောက်ပံ့ပေးနိုင်ရန် ငြိမ်းချမ်းရေးရိုက်သံ (ဂစ်တာဖြင့် ငြိမ်းချမ်းရေးရှာ ဖွေခြင်း) တံဆိပ်ပါ တီရှပ်များကို လည်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ဂီတကို စတင်လုပ်ကိုင်တဲ့ အချိန်မှာ မီဒီယာသူငယ်ချင်း တစ်ယောက်က ဒီကမ်ပိန်းလေးကို ပြန်ရှဲပေးတော့ ဒီအဖွဲ့အစည်းလေးကို ချိတ်ကြည့်လိုက်တော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို ရပ်အောင် ဆုတောင်းတဲ့ ပုံစံမျိုးဖြစ်နေတဲ့အတွက် ငြိမ်းချမ်းစေဖို့ တစ်စိတ်တစ်ဒေသ ပါဝင်ချင် ရင် ရတယ်ဆိုလို့ လူသားချင်း စာနာတဲ့အနေနဲ့ ပါဝင်ဖြစ်တာပါ” ဟု ငြိမ်းချမ်းရေး ရှိုက်သံ (ဂစ်တာဖြင့် ငြိမ်းချမ်းရေး ရှာဖွေခြင်း) ကမ်ပိန်းတွင် ပါဝင်လှုပ်ရှားသူ ဂျက်ပီက ပြောသည်။

ငြိမ်းချမ်းရေးရှိုက်သံ (ဂစ်တာဖြင့် ငြိမ်းချမ်းရေး ရှာဖွေခြင်း) ကမ်ပိန်းတွင် သီးချင်း ဆယ်ပုဒ် သီဆိုကာ လူဦးရေ တစ်ရာကျော်ဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး လက်ရှိတွင် လူဦးရေ ခြောက်ဆယ်ဖြင့် သီချင်းတိုက်လျက်ရှိကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal


No comments:

Post a Comment

My Blog List