Tuesday, November 17, 2015

အဘ်ဒဲလ်ဟာမိ က အဓိက ကြိုးကိုင်သူလို့ ပြင်သစ်ဆို


ပြင်သစ်နိုင်ငံ ​ပဲရစ်မြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုကို ​အဓိက ​ကြိုးကိုင်ဦးဆောင်တဲ့ ​လူကတော့ ​အသက် ​၂၇ ​နှစ်အရွယ် ​ဘယ်လ်ဂျီယံ ​နိုင်ငံသား ​ဖြစ်တယ်လို့ ​ပြင်သစ်စုံစမ်းရေး ​အဖွဲ့က ​ပြောပါတယ်။ Abdelhamid ​Abaaoud ​ဟာ ​ပဲရစ်မြို့သာမက ​တခြားဥရောပနိုင်ငံတွေမှာ ​အကြမ်းဖက်မှုတွေ လုပ်ဖို့ ​အဓိက ​စီစဉ်သူ ​ဖြစ်နိုင်တယ်လို့ ​ပြင်သစ်ရဲတွေက ​ပြောပါတယ်။
ပဲရစ်မြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​ပြင်သစ်ရဲတွေက ​နေအိမ်တွေကို ​ဝင်စီးပြီး ​ဖမ်းဆီးမှုတွေ ​လုပ်ခဲ့ပါတယ်။

အဲဒီလို ​ဝင်စီးမှုအတွင်း ​ရော့ကက်လောင်ချာတွေ၊ ​ပိုက်ဆံတွေနဲ့ ​တခြား ​လက်နက်တွေလည်း ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံသားတွေကလည်း ​အကြမ်းဖက်မှုမှာ ​ပါဝင်ခဲ့တာကြောင့် ​ဘယ်လ်ဂျီယံနိုင်ငံမှာလည်း ​ဖမ်းဆီးမှုတွေ ​လုပ်နေပါတယ်။

ဒါပေမဲ့ ​အကြမ်းဖက်မှုမှာ ​ပါဝင်တဲ့ ​၈ ​ယောက်မြောက် ​လူကို ​ဖမ်းဆီးနိုင်ခြင်း ​မရှိသလို ​အဓိက ​ကြိုးကိုင်လှုပ်ရှားသူကိုလည်း ​ဖမ်းဆီးနိုင်ခြင်း ​မရှိသေးပါဘူး။

ပြင်သစ်သမ္မတကတော့ ​IS ​အပေါ် ​လက်တုန့်ပြန်သွားမယ်လို့ ​ကြေညာလိုက်ပြီ ​ဖြစ်သလို ​အမေရိကန်နဲ့ ​ရုရှားကိုလည်း ​ပူးပေါင်းမှုလုပ်ဖို့ ​တိုက်တွန်းလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List