Monday, November 16, 2015

နက္ခတ်သိပ္ပံပညာရှင် ဆရာဇေယျာကိုနှင့် တွေ့ဆုံခြင်း



ဦးဇေယျာကိုသည် မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအသင်းကို တည်ထောင်သူလည်းဖြစ် အသင်း၏ အမှုဆောင်အရာရှိချုပ်တစ်ဦးလည်းဖြစ်ပါသည်။ အလားတူ စစ်တက္ကသိုလ်မှြ.ှခ(ီ.ှ.ဗ)ဘွဲ့ရရှိထားသူတစ်ဦးလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နက္ခတ်ဗေဒဆိုင်ရာ ဟောပြောခြင်း၊ ဟောပြောချက်စာအုပ်များ ထုတ်ဝေရောင်းချမှုများနှင့်အတူ လူသိများသူတစ်ဦး လည်းဖြစ်သည်။
မကြာသေးခင်က ¤င်း၏ဟောပြောချက်များထဲတွင် မြန်မာနိုင်ငံ၏ အစိုးရသစ်ကိုဦးဆောင်မည့်သမ္မတသည် ကြာသပတေးသို့မဟုတ် စနေနံနှင့်စတင်သည့် အမည်မှည့် ထားသူသာ ဖြစ်နိုင်ကြောင်း ခန့်မှန်ထားပါသည်။ ဖလားဝါးနယူးစ်ဂျာနယ်မှ ဦးဇေယျာကို(နက္ခတ်သိပ္ပံ)အား သွားရောက်တွေ့ဆုံမေးမြန်းထားပါသည်။

ကြာသပတေး(သို့)စနေနံနဲ့ စတင် အမည်မှည့် ခေါ်ထားသူသာသမ္မတဖြစ်ခွင့်ရှိနေတယ်လို့ ဆရာ ဟောကြားထားပါတယ်။ အဲဒီသူတစ်ဦးဦးသမ္မတ ဖြစ်တဲ့အခါမှာရော နိုင်ငံအတွက် ကောင်းသော ဖော်ဆောင်မှုတွင် လုပ်နိုင်မယ်လို့ ဗေဒင်ပညာအရ မြင်မိပါသလား ဆရာ။

မြန်မာပြည်ရဲ့ ၂ဝ၁၆ကံကြမ္မာနဲ့ပတ် သက်ပြီးတော့ ပြောရမယ်ဆိုရင် ကင်းမြီးကောက် ပေါ် အင်္ဂါတက် နဂါးစနေမီးလိုဖျက်ဆိုပြီးတော့ ကျွန်တော် စာချိုးလေးတစ်ခုနဲ့ ဖော်ပြထားတာရှိ တယ်။ ကင်းမြီးကောက်ဆိုတာက ဆယ့်နှစ်ရာသီ ခွင်မှာ ကင်းမြီးကောက်ကြယ်စုစိုးမိုးတဲ့ ဗြိစ္ဆာရာ သီကိုဆိုလိုတာဖြစ်တယ်။ ဗြိစ္ဆာရာသီပေါ်ကို အင်္ဂါ နဲ့ စနေဂြိုဟ်ရောက်ရှိနေမယ့်ကာလ၊ အဲဒီကောင် က ကျွန်တော်တို့ ၂ဝ၁၆ ဖေဖော်ဝါရီကနေစတင် ပြီးတော့ ၂ဝ၁၆စက်တင်ဘာအထိရှိတယ်။ အဲဒီ ထဲမှာမှ ထပ်ပြီးတော့ ဒီဂြိုဟ်နှစ်လုံးရဲ့ မကောင်း တာကို ဖန်တီးပေးနိုင်တဲ့ ကာလအပိုင်းအခြား လေး ထပ်ပြီးခွဲထုတ်ရင် ၂ဝ၁၆ ဧပြီ ၁၈ ကနေ ဇွန် ၂၉ အထိရှိတယ်။ ဒီကာလမှာ အင်္ဂါနဲ့ စနေ ဂြိုဟ်ဆိုးနှစ်လုံး ဗြိစ္ဆာရာသီမှာဖောက်ပြန်ပြီးတော့ တည်ရှိနေမယ်။ အဲဒီတော့ ဒီဖြစ်စဉ်ဟာ နက္ခတ် ပိုင်းဆိုင်ရာအရ အရမ်းကိုထူးခြားတဲ့ ဖြစ်စဉ်ဖြစ် နေတယ်။ ဒီဖြစ်စဉ်ကို နက္ခတ်ဗေဒနားလည်တဲ့ ဘယ်ပညာရှင်မဆို ကောင်းတဲ့ဘက်ကနေဟောဖို့ တစ်ခုမှ မရှိနိုင်ဘူး၊ အဆိုးဟောတဲ့နေရာမှာ၊ နည်း နည်းနဲ့များများဟောတာပဲကွာခြားနိုင်တယ်။ အင်္ဂါ၊ စနေရဲ့ သဘောသဘာဝတွေအရ အဲဒီအရှေ့က ထုတ်ထားတဲ့ (ဏနမငသိ) အချိန်ကာလလေးမှာ သွေး မြေကျမှုဖြစ်စဉ်တွေ အများကြီးဖြစ်လာနိုင်တယ်။

နောက်တစ်ချက်ကတော့ စာချိုးလေး နောက်တစ်ခုဖြစ်တဲ့ ခြင်္သေ့ပျော်ရာ သိဟ်ပုံနန်း ထက် ရာဟုနိမ့်စက် ကြာသပတေးအပျက် ဆိုပြီး တော့ပေါ့။ လူတွေဆိုရင် ကိုယ်ကျင့်တရားပျက်ပြား တာပေါ့။ အထူးသဖြင့်ကတော့ ဗြိစ္ဆာလက်နဲ့လွတ် လပ်ရေးယူတဲ့ မြန်မာပြည်အတွက် နိုင်ငံရေး၊ အုပ် ချုပ်ရေး၊ အစိုးရအဖွဲ့အစည်းပိုင်းဆိုင်ရာ မိုးကောင်း ကင်မှာ ကြာသပတေးနဲ့ရာဟု ပူးနေတဲ့အရာဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့အစည်းပိုင်း မှာ အကျင့်သီလသိက္ခာ ပျက်ပြားနိုင်တဲ့ဖြစ်စဉ်မျိုး တွေ ဖြစ်ကောင်းဖြစ်ပေါ်လာနိုင်တယ်။ နောက် တစ်ခုက နေကြတ်လကြတ်အမှောင်ရိပ်ဖုံးချိန် နိုင်ငံ ရေးနဲ့ယှဉ်တဲ့ဟောချက်ဆိုရင် မတ် ၉ရက်မြန်မာ နိုင်ငံကနေ မြင်ရမယ့်ဖြစ်စဉ်တစ်ခုရှိတယ်။ အဲဒီ ဖြစ်စဉ်ကြောင့် လူမျိုးခြားရေးကိစ္စ၊ ဘာသာရေး ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တိုင်းပြည်မှာအနှောင့် အယှက်ပြဿနာတွေ ဖြစ်လာနိုင်တာကို ကျွန်တော် တို့ဟောထားတယ်။ ရွေးကောက်ပွဲ နိုဝင်ဘာ၈ ရက်ဟာ ရေခံမြေခံလည်း အားနည်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ဘယ်အစိုးရပဲတက်တက်၊ဘယ်ပါတီအဖွဲ့အစည်းကအနိုင်ရပြီပဲတွက်တွက်အစိုးရသက်တမ်းပြည့်တာဝန်ထမ်းဆောင်ဖို့ အခွင့်အလမ်းမရှိနိုင်ဘူးလို့ ကျွန် တော်တို့သုံးသပ်တယ်။

ရွေးကောက်ပွဲနေ့၈ရက်ဖြစ်တဲ့အတွက် ကြောင့် ရှစ်ဂဏန်းနဲ့ပတ်သက်တဲ့ တားရော့ကတ်မှာ လူတွေတော်တော်များများ ပြောနေတဲ့ခြင်္သေ့ကို ပါးစပ်ပိတ်တဲ့ လုံမငယ်ပေါ့။ အဲဒီပုံစံလေး မြင်ရ မယ်။ ခြင်္သေ့ကို လုံမပျိုက ပါးစပ်ပိတ်တာပဲမြင်ရတယ်။ ရှစ်ဂဏန်းကြီးတစ်ခုလုံးက လုံမငယ်ရဲ့ ဦးခေါင်း ထိပ်မှာ ရောက်နေတယ်။ ရှစ်ဂဏန်းက မကောင်း တဲ့ဂဏန်း၊ မကောင်းတဲ့ဂဏန်းက လုံမငယ်ရဲ့ ဦး ခေါင်းထိပ်မှာ ရောက်နေတာကြောင့် လုံမငယ် အပေါ်မှာ ရှစ်ဂဏန်းရဲ့ မကောင်းကျိုးတွေ အများ ကြီး သက်ရောက်မှုရှိမယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတာခွင်အနေအထား အရ ဒီကနေ့မှာ တိုင်းပြည်ကိုခေါင်းဆောင်ပြီး တာ ဝန်ယူမှုမှာ အဆင်ပြေချော့မွေ့မှု(သို့မဟုတ်)အခက် အခဲ ဘာတွေဖြစ်လာနိုင်လဲဆရာ။

အင်္ဂါရော၊ သောကြာရော နိုင်ငံတော် သမ္မတ ဖြစ်လာနိုင်မှာမဟုတ်ဘူး၊ NLD အနိုင်ရ ရှိခဲ့ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စန်းအရမ်း ထနေတဲ့ အခြေအနေတွေလဲ အများကြီးပါဝင်နေတယ်။ အဲဒီမှာ ၂ဝ၁၇နောက်ပိုင်းကနေစပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကျ ဘက်ကိုရောက်သွားပါပြီ။ အကျဘက် ကိုရောက်သွားပြီဆိုတော့ ဒီအစိုးရဖြစ်ခဲ့မယ်ဆိုရင်တောင်မှ သူဖြတ်သန်းမယ့် ၂ဝ၁၆ တစ်နှစ်အတွင်းမှာ သူရင်ဆိုင်ဖြေရှင်းရမယ့်ပြဿနာတွေအများကြီးပဲ။နောက်တစ်ခုက တိုင်းပြည်မှာ မငြိမ်မသက်မှုတွေဖြစ်ပေါ်လာနိုင်ပြီး အစိုးရသစ်မပေါ်ခင်မှာပဲ စစ် အုပ်ချုပ်ရေးအခြေအနေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆရာ့ရဲ့ဗေဒင်ပညာအရ ပြောထားတာရှိပါတယ်။

မနေ့တစ်နေ့ကတင် တပ်ချုပ်ကြီးကလည်း ပြည်သူ က တင်မြှောက်ရွေးချယ်တဲ့အစိုးရကို လက်ကမ်းကြို ဆိုမယ်လို့ပြောထားပါတယ်။ အတိုက်အခံခေါင်း ဆောင်ကလည်း လက်ရှိသမ္မတနဲ့ရော၊ တပ်ချုပ် နဲ့ပါ ဒီကြားထဲမှာ တွေ့ဆုံဖို့အတွက်ကို တောင်း ဆိုထားတာရှိပါတယ်။ ဆိုတော့ နိုင်ငံရေးထိပ် သီးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းရေးက အဆင် ပြေမှု ရှိနိုင်လိမ့်မယ်လို့ ဆရာ တွက်ဆထားပါ သလား။

ကျွန်တော်တို့ရဲ့သုံးသပ်ချက်ဆိုတာက ပုထုဇဉ်လူသားတွေပဲ။ ပညာကို သိပ္ပံနည်း ကျချဉ်း ကပ်ပြီး သုံးသပ်ခဲ့တာပါ။ မှန်ခဲ့တာတွေလည်းရှိသလို တစ်ခါတစ်ရံ လွဲချော်သွားတာတွေလည်း ရှိပါ တယ်။ အဲဒီလိုသုံးသပ်တဲ့နေရာမှာ ကျွန်တော့်ရဲ့ သုံးသပ်ချက် ၁ဝဝ ရာခိုင်နှုန်းမှန်တယ်လို့ ဘောင် ခတ်မထားပါဘူး။

အတိုက်အခံရော၊ လက်ရှိအာဏာရရော ညီညီညွတ်ညွတ်သွားရင်တော့ ဖြစ်ပေါ်ဖို့အခြေ အနေတော့ မှေးမှိန်သွားနိုင်ပါတယ်။ အားလုံး ရဲ့ ရင်ထဲမှာတော့ ၁၉၉ဝ လို မဖြစ်အောင်တော့ ကြိုးစားနေကြတယ်။

ဒါပေမဲ့ ဘယ်လိုမုန်တိုင်း၊ ကံကြမ္မာ ဆိုးတွေကတော့ ဒီလိုကြိုးစားနေတဲ့ကြားထဲရောက် လာမလဲဆိုတာ မသိနိုင်ဘူး။ ဒီဘက်က အာဏာလွှဲပေးတဲ့ အစိုးရက သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ်နဲ့ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးခဲ့တယ်ဆိုရင်တောင်မှ ၂ဝ၁၆ခုနှစ် မြန်မာနိုင်ငံရဲ့ အနာဂတ် ကံကြမ္မာမကောင်းဘူး။ နိုင်ငံရေးကို သူတို့ပုံဖော်တဲ့နေရာမှာ အမှားအယွင်း တွေ အများကြီးဖြစ်လာလိမ့်မယ်။ အတိုက်အခံ ဖြစ်လာတဲ့ အခြေအနေတွေ ဖြစ်လာလိမ့်မယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည် ဆောက်ရတာက အချိန်အကြာကြီး ယူရတယ်။ အဲဒါကို ပါးနပ်လိမ္မာစွာ တန်ဖိုးရှိရှိ အသုံးချနိုင် ရင် ပြည်သူမျှော်မှန်းတဲ့တိုင်းပြည် ဖြစ်လာမယ်။

ကျေးဇူးတင်ပါတယ်ဆရာ။

Yangon Media Group

No comments:

Post a Comment

My Blog List