Friday, November 20, 2015

အကူးအပြောင်းကာလတွင် နိုင်ငံတကာပါဝင်ကူညီရန် သံအမတ် ၅၀ ကျော်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသံအမတ်၊ သံအရာရှိ ၅၀ ကျော်နှင့် တွေ့ဆုံဆွေး နွေးပွဲတွင် ရွေးကောက်ပွဲအလွန် ကူးပြောင်းရေးကာလ၌ နိုင်ငံတကာမှ ပူးပေါင်းပါဝင်ကူညီပေး ရန် ပြောကြားကြောင်း ဆွေးနွေးပွဲ တက်ခဲ့သည့် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော် မတီအဖွဲ့ဝင် ဦးစိုင်းဘိုးအောင်က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်က တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ရုံးခန်း တွင် ညနေ ၃ နာရီခွဲခန့်မှ စတင်ကာ နိုင်ငံခြားသံရုံး ၄၁ ရုံးနှင့် အဖွဲ့အစည်းတစ်ခုမှ သံအမတ်များနှင့် သံရုံးအရာရှိ စုစုပေါင်း ၅၅ ဦးတို့သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ငါးဦးတို့နှင့် နှစ်နာရီခန့် ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲသို့ အမေ ရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ မြောက်ကိုရီးယား၊ တရုတ်၊ ဂျပန်၊အိန္ဒိယစသည့် နိုင်ငံတို့မှ သံအ မတ်များနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး သံအမတ်များ တင်ပြမေးမြန်းမှုကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။ ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၁၈ ရက်တွင် တရုတ်သံအမတ်နှင့် တွေ့ဆုံပြီး နောက်တစ်နေ့တွင် နိုင်ငံတကာမှ သံအမတ်များ၊ အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ် သည်။

အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတကာမှ ကူညီဆောင် ရွက်ပေးရန် ဒေါ်အောင်ဆန်းစု ကြည်က ဖိတ်ခေါ်တောင်းဆိုရန် ရှိပါသလားဟု သတင်းသမားတစ် ဦးက မေးမြန်းရာ ‘‘အားလုံးပူး ပေါင်းပါဝင်ကူညီပေးဖို့ အဲဒါ တော့ ပြောပါတယ်’’ဟု ဦးစိုင်း ဘိုးအောင်က ပြောသည်။

‘‘ရွေးကောက်ပွဲမတိုင်ခင် ကာလ၊ ရွေးကောက်ပွဲအခြေအ နေ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်ပေါ်လာမယ့် ကိစ္စလေးတွေ ကို ဆွေးနွေးတင်ပြမေးမြန်းတာ အဓိကဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာမှ သံအမတ်များ တွေ့ဆုံမှုကို တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအနေဖြင့် သီးခြား သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေ။

7Day News Journal

No comments:

Post a Comment

My Blog List