Wednesday, November 18, 2015

တပ်မတော်ထိုးစစ် ပြင်းထန်လာသည့်အတွက် ကေအိုင်အေ စခန်းတစ်ခု ဆုတ်ခွာပေးခဲ့ရဟု ဆို


ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အနီး တပ်မတော်နှင့် ကချင်လက်နက်ကိုင် အဖွဲ့ကေအိုင်အေတိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေပြီး တပ်မတော်ထိုးစစ်ပြင်းထန်လာမှုကြောင့် ကေအိုင်အေအဖွဲ့၏ ကာကင်း စခန်း တစ်ခု ထပ်မံ ဆုတ်ခွာပေးခဲ့ရကြောင်း ကေအိုင်အေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"မနေ့ည က တိုက်ပွဲ ဆက်ဖြစ်တယ် အချိန်အတော်ကြာတယ်။ ဒီမနက်လည်း ဖြစ်တယ်။ ကျွန်တော်တို့ ကာကင်းတစ်ခု ဆုတ်ခွာပေးလိုက်ရတယ်။ တပ်မဟာ ၈ ရဲ့ ဌာနချုပ်အနီးထိရောက်လာတဲ့အတွက် ဌာနချုပ်အတွက် စိုးရိမ်စရာရှိပါတယ်။ တပ်မဟာ ၈ နေရာတောင် ရွှေ့ပြောင်း ဖို့ အခြေအနေထိ ရှိနေတယ်" ဟု ကေအိုင်အေ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တပ်မတော်ဘက်မှ လေကြောင်းပစ်ကူများ မြေပြင်ထိုးစစ်များဆက်တိုက်ပြုလုပ်လာခြင်းကြောင့် တပ်မဟာ ၈ ဌာနချုပ်အနီး မီတာ ၃၀၀ ဝန်းကျင်သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပြည်နယ်အဆင့် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ရှိသော်လည်း ပြဿနာရပ်တိုင်းကိုဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် တရားဝင်မတွေ့ဆုံဖြစ်တော့ကြောင်း ကေအိုင်အေမှ ယင်းတာဝန်ရှိသူကပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းရာတွင် " အခြေအနေက မထူးပါဘူး။ စောင့်ကြည့်နေတဲ့အနေအထားပါ။ လေကြောင်းပစ်ကူလည်း ရပ်လိုက်ပါပြီ" ဟု တပ်မတော် အရာရှိတစ်ဦးကပြောသည်။

မိုးညှင်းမြို့ အရှေ့တောင်ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အနီးရှိ ဒေသခံကျေးရွာများမှ လူ ၄၀၀ ကျော်သည် မိုးညှင်းမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာမှုများရှိကြောင်း၊ ယင်းဒေသတွင် ရှမ်းနီလူမျိုးများ အများစုနေထိုင်ပြီး ကချင်လူမျိုးများလည်း နေထိုင်ကြောင်း ဒေသခံများထံမှသိရသည်။

မိုးညှင်းမြို့နယ်အနီးတွင် တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာတိုက်ပွဲများဖြစ်ပွားခဲ့သည်။

(ဓာတ်ပုံ - ကက (ပြည်) )
The Voice Weekly

No comments:

Post a Comment

My Blog List