Wednesday, November 18, 2015

အပစ်ရပ်စောင့်ကြည့်ရေးကော်မတီနှင့် နိုင်ငံရေးဆွေးနွေးပွဲ ညှိနှိုင်းရေးကော်မတီတို့ သီးခြားတွေ့ဆုံဆွေးနွေးမည်


နေပြည်တော်တွင် ကျင်းပလျက်ရှိသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အကောင်အ ထည်ဖော်ရေး ဆိုင်ရာညှိနှိုင်းအ စည်းအဝေး(JICM) ပြီးပါက အ ပစ်အခတ်ရပ်စဲရေး စောင့်ကြည့် ရေးကော်မတီနှင့် နိုင်ငံရေးဆွေး နွေးပွဲညှိနှိုင်းအစည်းအဝေး ကော် မတီတို့ သီးခြားတွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
JICM ညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်နေပြီး အဆိုပါအစည်းအ ဝေးများ ပြီးဆုံးပါက သီးခြား ဆက်လက်ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။

‘‘ဒီနေ့ နေ့ လယ်ပိုင်းမှာ JMC(အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးကော်မတီ)နဲ့ UPDJC(နိုင်ငံရေးဆွေးနွေးပွဲညှိနှိုင်း အစည်း အဝေးကော်မတီ)နှစ်ခုကို သီးသန့်စီလုပ်ပါတယ်။ လုပ်တာတွေအားလုံးကို မနက်ဖြန်မှာ အတည်ပြုဖို့ရှိပါတယ်’’ဟု မြန်မာ့ ငြိမ်းချမ်းရေးပြန်လည်ထူထောင် ရေးဗဟိုဌာန အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မီဒီယာများနှင့်နိုဝင်ဘာ ၁၇ ရက်တွင် တွေ့ဆုံ စဉ်ပြောကြားခဲ့သည်။

NCA အနေဖြင့် ပထမဆုံး အကောင်အထည်ဖော်ရမည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အတွက် JICM ကို နိုင်ငံတော် သမ္မတက ဖွင့်လှစ်ပေးခဲ့ပြီး ‘‘ကျွန်တော်တို့ အစိုးရအနေနဲ့ ယခုကျန် ရှိနေတဲ့ သက်တမ်းကာမှာ NCA ရဲ့ သဘောတူညီချက်တွေအတိုင်း အပြည့်အ၀အကောင်အထည် ဖော်သွားနိုင်အောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ UPJC အ တွက်ကတော့ နိုင်ငံရေးပါတီ များ ပါဝင်ရေးကိစ္စ၊ NCA ကို အခြေခံပြီး ဆောင်ရွက်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲကိစ္စရပ်များနဲ့ နိုင်ငံ ရေးဆွေးနွေးပွဲ မူဘောင်အချိန်မီ ပေါ်ပေါက်လာရေးကိစ္စရပ်တို့ကို ဆွေးနွေးမှာ ဖြစ်ပါတယ်’’ဟု ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

UPDJC ဖွဲ့စည်းမှုကို အစိုး ရကိုယ်စားလှယ်များ၊ လက်နက် ကိုင်တိုင်းရင်းသားကိုယ်စားလှယ် များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အချိုးတူ ၁၆ ဦးစီ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြ သည်။

ယခုအခါအစိုးရနှင့် လက် နက်ကိုင်အဖွဲ့များမှ ၁၆ ဦး ဖွဲ့ စည်းနိုင်ခဲ့ပြီး နိုင်ငံရေးပါတီများမှ ၁၆ ဦးရရှိရန် နိုဝင်ဘာ ၁၂ ရက် တွင် နိုင်ငံရေးပါတီများနှင့် အ လွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးပြုလုပ်နေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment

My Blog List