Thursday, November 19, 2015

တရုတ်ဒုက္ခသည် ၂ ဦး ဌာနပြန်ပို့မှု ထိုင်းဝေဖန်ခံရ


ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ ၂ ဦးကို တရုတ် နိုင်ငံထံ ဗုဒ္ဓဟူးနေ့က လွှဲပြောင်း ပေးလိုက်တာပတ်သက်ပြီး ကုလသမဂ္ဂ အေဂျင်စီ တခုက ကန့်ကွက်လိုက်ပါတယ်။ သူတို့အတွက် အသက်အန္တရယ် ရှိနေတဲ့ တိုင်းပြည်ကို လွှဲပြောင်း မပေးသင့်ကြောင်း ပြောဆိုလိုက်ပါတယ်။
သူတို့ နှစ်ဦးစလုံးဟာ ကုလသမဂ္ဂရဲ့ အကာကွယ်ပေးရေး စာရွက်စာတမ်း တွေ ကိုင်ဆောင်ထားကြသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုပါတယ်။

ထိုင်းအစိုးရက သူတို့ကို ဖမ်းဆီးချိန်မှာ သူတို့ကို ကနေဒါနိုင်ငံက လက်ခံဖို့ သဘောတူထားပြီးဖြစ်ပြီး ကနေဒါနိုင်ငံကို သွားရောက်ဖို့အတွက် စောင့်ဆိုင်း နေချိန်ဖြစ်ပါတယ်။

ဒီလူတွေဟာ ဒုက္ခသည်အဖြစ် အသိမှတ်ပြုထားပြီးသူများဖြစ်သလို၊ သူတို့ကို တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ထားပြီး သူတို့ ဟာ နှိပ်စက်ညှဉ်းပမ်းခံ ရကြောင်း ပြောကြားမှုတွေဟာ သဘာဝကျ မှန်ကန်ကြောင်း တွေ့ရှိထားပြီး ဖြစ်တယ်လို့ UNHCR ဒေသရုံး ပြောခွင့်ရ အမျိုးသမီး Vivian Tan က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း နိုင်ငံတကာနဲ့အတူ ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်အပေါ် ဝေဖန် ပြစ်တင်လိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ချက်အပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ အလွန်စိတ်ပျက်မိတဲ့အကြောင်း ဆိုးဆိုးရွားရွား စိတ်ပျက်မိတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ John Kirby က ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ က Uighur မူဆလင် တရာခန့်ကို ဇူလိုင်လအတွင်း တရုတ်နိုင်ငံ ကို ပြန်ပို့ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေ အဖွဲ့အစည်းတွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေကတော့ အခု ပြန်ပို့လိုက်သူ ၂ ယောက်ဟာ Uighur တွေ မဟုတ်ကြဘူးလို့ပြောကြောင်း Reuters သတင်းမှာ ရေးသားထားပါတယ်။

VOA

No comments:

Post a Comment

My Blog List