Thursday, November 19, 2015

မိုးကုတ်ရေပူဆရာတော်ကိုသစ်တောပုဒ်မဖြင့်စွဲဆိုထားမှု စွဲချက်တင်မတင် အမိန့်ချမည်


မန္တလေးအိုးဘိုထောင်တွင် ပုဒ်မသုံးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းတိုက်ဆရာတော်ကို သစ်တောပုဒ်မဖြင့် တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့် မတင်သင့် ဒီဇင်ဘာလ ၂ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်တရားရုံးထံမှ သိရှိရသည်။
“သစ်တောပုဒ်မနဲ့ စစ်ဆေးနေတာက သက်သေကုန်သွားတဲ့အတွက် နောက်ရုံးချိန်းမှာ လျှောက်လဲချက်ပေးမှာပါ။သာသနာညှိုးနွမ်းမှုနဲ့ စစ်နေတာက တရားလို သက်သေတစ်ယောက်ပဲ စစ်ဖို့ကျန်တော့ပါတယ်”ဟု မိုးကုတ်ရေပူဆရာတော်၏ ဥပဒေအကျိုးဆောင်တရားလွှတ်တော်ရှေ့နေ ဒေါ်မြတ်နီလာစိုးက ဆိုသည်။

မိုးကုတ်ရေပူဆရာတော်ကို နိုဝင်ဘာလ ၁၈ရက်နေ့က ကျောက်မျက်ဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုထားမှုကို ပြင်ဦးလွင်ခရိုင်တရားရုံး၌ စစ်ဆေးခဲ့ပြီး သစ်တောပုဒ်မနှင့် သာသနာညှိုးနွမ်းမှုပုဒ်မဖြင့်တရားစွဲဆိုထားမှုကို ပြင်ဦးလွင်မြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ကြောင်း၊ ယင်းတရားရုံးနှစ်ခု၌
ဒီဇင်ဘာလ ၂ရက်နေ့တွင် ထပ်မံရုံးချိန်းမည်ဖြစ်ကြောင်း အဆိုပါတရား ရုံးများထံမှ သိရှိရသည်။

ရေပူကျောင်းတိုက်ဆရာတော်သည် ကျောင်းဝင်းအတွင်း ကျောင်းဆောက် လုပ်ရန်နှင့် ဓါတ်ပေါင်းဆုစေတီတည်ရန် မြို့နယ်သံဃာ့နာယက အဖွဲ့ ဆရာတော်များ၏ ခွင့်ပြုချက်ဖြင့် စေတီဟောင်းမြေနေရာကို မြေကော် စက်ဖြင့် ရှင်းလင်းမှုများ ပြုလုပ်ခြင်းနှင့် ကျောင်းဆောက်လုပ်ရန်အတွက် သစ်မာ ၁၄တန်ကျော် စုဆောင်ခြင်းစသည်တို့ပြုလုပ်မှုဖြင့် သာသနာညှိုး နွမ်းမှုပုဒ်မ ၂၉၅(က)၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းဥပဒေ ၄၁(က)(ခ)၊သစ်တောဥပဒေပုဒ်မ ၄၂(ခ)တို့ဖြင့် အမှုဖွင့်ခံထားရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List